Category: သတင်း

နောင်ချိုမြို့တွင် စစ်ကောင်စီ စစ်အင်အားဖြည့်တင်းလာခြင်းကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွား

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊ ၂၀၂၄ နောင်ချိုမြို့တွင် စစ်ကောင်စီ စစ်အင်အားဖြည့်တင်းလာသည့်အတွက်ကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း PSLF/TNlAက သြဂုတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ သရက်ချို၊ တောင်ခမ်းနှင့် ကမ္ဘောဇဘုန်းတော်ကြီးကျောင်း စသည့်နေရာများတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ယမန်နေ့မနက် ၉ နာရီ ၁၃ မိနစ် အချိန်တွင်…

အင်အားတစ်သောင်းဖြင့် PNO/PNA ပြည်သူ့စစ် စစ်သင်တန်းဆင်းပွဲပြုလုပ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၁၊ ၂၀၂၄ အင်အားတစ်သောင်းဖြင့်PNO /PNA ပြည်သူ့စစ် စစ်သင်တန်း ဆင်းပွဲကို သြဂုတ်လ၂၁ ရက်နေ့တွင် ပင်လောင်းမြို့နောင်တရားဒေသ၌ ပြုလုပ်‌ခဲ့ကြောင်း ဒေသခံထံက သိရသည်၊၊ ရှမ်း ပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်တရားမြို့ဒေသခံပြည်သူများက မိမိတို့ဒေသကာကွယ်ရေးနှင့် လုံ ခြုံရေးရေးကိစ္စဆောင်ရွက်နိုင်ရန်အမှတ်စဥ်(၁) စစ်အင်အားတစ်သောင်းဖြင့် PNO/PNA ပြည်သူ့စစ် စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့သည်၊၊ “ငါးရက်လောက် အတင်းအဓမ္မ တစ်အိမ်တစ်ယောက်မတက်မနေရဆိုပြီး…

တောင်ကြီးမြို့တွင် စက်သုံးဆီမှောင်ခိုရောင်းချနေသူများကို စစ်ကောင်စီက အသွင်ယူဖမ်းဆီးမှုပြုနေ

ခမ်းသားငေါဝ်း ဩဂုတ် ၂၁၊ ၂၀၂၄ တောင်ကြီးမြို့တွင် စက်သုံးဆီမှောင်ခိုရောင်းချနေသူများကို စစ်ကောင်စီအသွင်ယူဖမ်းဆီးမှု ပြုလုပ်နေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်တောင်ပိုင်း ရှိတောင်ကြီး-အေးသာယာ-ညောင်ရွှေ လမ်းမကြီးတစ်လျှောက်တွင်ရှိသည့် လမ်းဘေးတွင် ခုံချပြီးပုလင်းများဖြင့်ဆီမှောင်ခိုရောင်းချနေသူများအား စစ်ကောင်စီလက်အောက်ခံများက ဖမ်းဆီးမှုပြုလုပ်နေသည်။ “တစ်ချိူ့ကတော့ဆီပန့်တွေမှာ တန်းစီတိုးပြီးရလာသလောက်ကို အပြင်မှာဈေးတင်ပြီးပြန်ရောင်းကြတယ်လေ၊ အဲတော့ဆီပန့်မှာတန်းမစီချင်တဲ့သူတွေအချိန်သိပ်မရတဲ့သူတွေကတော့ ဈေးများမှန်းသိလည်း ဝယ်ကြတာပဲ၊အဓိကဆီရဖို့တွက်ပဲလေ ၊ဆီဆိုင်တွေမှာ တစ်ရက်တစ်ရက်လူတွေကနည်းတာမှမဟုတ်တာ” ဟုဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီလက်အောက်ခံများ လိုက်လံဖမ်းဆီးမှုရှိနေခြင်းကြောင့် တစ်ချိူ့မှောင်ခိုသမားများက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်…

တောင်ကြီးမြို့ပေါ်တွင် ဆိုင်ကယ်ဦးထုတ်မဆောင်းသူများနှင့် တစ်လမ်းသွားလမ်းမောင်းသည့်သူများကို မော်တော်ပီကယ် ဖမ်းနေ

ခမ်းသားငေါဝ်း ဩဂုတ် ၂၁၊ ၂၀၂၄ တောင်ကြီးမြို့ပေါ် တွင် ဆိုင်ကယ်ဦးထုတ် မဆောင်းသူများနှင့် တစ်လမ်းသွားလမ်းကို ပြောင်းပြန်မောင်းသည့် သူများအား မော်တော်ပီကယ်က ဖမ်းနေကြောင်း ဩဂုတ်လ ၂၁ ရက်တွင်ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ မြတ်တော်ဝင်ဆေးရုံရှိ မိန်းလမ်းမကြီးပေါ်တွင် မော်တော်ပီကယ်များက ဦးထုတ်မဆောင်းသူများနှင့် တစ်လမ်းသွားလမ်းကို ပြောင်းပြန် မောင်းလာသောသူများကို ဖမ်းနေကြောင်းသိရသည်။ “…

ဒီမောဆိုဘက်ခြမ်းတွင် စိုက်ပျိုးရေးကို အနည်းငယ်သာလုပ်ကိုင်နေရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၁၊ ၂၀၂၄ မတည်ငြိမ်သောအခြေအနေများကြောင့် ဒီမောဆိုဘက်ခြမ်းတွင် စိုက်ပျိုးရေးကိုအနည်းငယ်သာလုပ်ကိုင်နေရကြောင်း ဒေသံခံတောင်သူတစ်ဦးထံမှသိရသည်။ ကရင်နီ(ကယား) ပြည်နယ်၊ ဒီမောဆိုဘက်ခြမ်းတွင် အချိန်မရွေးတိုက်ပွဲများပြန်လည်ဖြစ်ပွားနိုင်ခြင်း နှင့် လေကြောင်းရန်များကြောင့် တောင်သူများ စိုက်ပျိုးရေးကို အနည်းငယ်သာ လုပ်ကိုင်နေရသည်။ ”အခြေအနေက ခန့်မှန်းလို့မရဘူးလေ၊ တိုက်ပွဲအချိန်မရွေးပြန်ဖြစ်နိုင်တယ်၊ ပြီးတော့လေယာဥ်တွေပေါ့၊ မကြာခဏ ဝဲ နေတော့ကြောက်နေရတယ်လေ၊ ဦးလေးတို့တော့ အများကြီးမစိုက်ရဲကြသေးဘူး ၊တိုက်ပွဲ ဖြစ်ရင်အကုန်ထားခဲ့ပြီး ပြန်ပြေးရမှာလေ”…

တိုက်ပွဲဝင်လိုသည့် လူငယ်အမျိုးသား/အမျိုးသမီးတွေကို ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုနေကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၁၊ ၂၀၂၄ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF သည် တိုက်ပွဲဝင်လိုသည့် လူငယ် အမျိုးသား/အမျိုးသမီးတွေကို ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုနေကြောင်း ဩဂုတ်လ(၂၀)ရက်တွင် ထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တောင်ပိုင်းစစ်ဒေသ၏ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (P29999/ အထူးတပ်ဖွဲ့) မှအဆုံးသတ်တိုက်ပွဲဆင်နွှဲရန် အတူတကွလက်တွဲ တိုက်ပွဲဝင်လိုသည့် လူငယ်…

ထော်လာဂျီနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ််စီးနှင်းလာသူ လင်မယားဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၀၊ ၂၀၂၄ အောင်ပန်းတွင် ထော်လာဂျီနှင့်ဆိုင်ကယ် မတော်တဆ တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်စီးနှင်းလာသူ လင်မယား ဒဏ်ရာရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်းအောင်းပန်းထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း -ပင်းတယသွားရာလမ်းရှိ ရွှေဘိုသူ စက်သုံးဆီအရောင်းဆိုင်အကျော်တွင် သြဂုတ်လ ၁၉ ရက်က ထော်လာဂျီနှင့်ဆိုင်ကယ်မတော်တဆယာဥ်တိုက် မှုဖြစ်ပွားခဲ့ရာ အသက်၂၀ အရွယ်ရှိ လင်မယားနှစ်ယောက်နှင့် ထော်လဂျီမောင်းသည့်သူတိုက်မိပြီး ယောကျာ်းဖြစ်သူမှာ ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ “သူ့ယောကျာ်းကညာဘက်လက်…

စစ်ကောင်စီကြောင့် အရပ်သား(၂) ဦးသေဆုံးပြီး စက်သုံးဆီသိုလှောင်ကန်မီးလောင်မှုဖြစ်ပွားဟု TNLA ဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၀၊ ၂၀၂၄ သီပေါမြို့တွင် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား(၂) ဦးသေဆုံးပြီး စက်သုံးဆီသိုလှောင်ကန်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသြဂုတ်လ(၂၀)ရက်တွင် TNLA ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-၂၃ အနီးရှိ နားမုံရပ်ကွက်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသား (၂) ဦးထိမှန်သေဆုံးသွားခဲ့ဟု TNLA က ဆိုထားသည်။ အလားတူ ဩဂုတ်…

ဟိုပုံးမြို့နယ် ဆော့တော့ရွာအရှေ့ဘက်တွင် ဝစစ်သားများလမ်းပိတ်ထားခြင်းကြောင့် ဒေသခံများ သွားလာ‌ရေးအခက်အခဲဖြစ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၀၊ ၂၀၂၄ ဟိုပုံးမြို့နယ် ဆော့တော့ရွာအရှေ့ဘက်တွင် ဝစစ်သားများလမ်းပိတ်ထားခြင်းကြောင့် ဒေသခံများအတွက် သွားလာ‌ရေးအခက်အခဲများဖြစ်နေရသည်ဟု ဩဂုတ်လ(၂၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဥ်းတိုက်နယ်ရှိ ဆော့တော့ရွာအရှေ့ဘက်ခြမ်းတွင် ဩဂုတ်လ(၁၉)ရက်နေ့မှစကာ ဝစစ်သားများကလမ်းပိတ်ထားလိုက်ခြင်းကြောင့် ဒေသခံများက သွားလာရေးအတွက်နှင့် စိုက်ပျိုးရေးအတွက်အခက်အခဲဖြစ်နေရသည်။ “အခုဝစစ်သားတွေက လမ်းပိတ်လိုက်ပြီ လုံးဝဖြတ်သွားလို့မရတော့ဘူး၊ (၃)ရက်ယာယီပိတ်မယ်တော့ပြောတာပဲ ဘာကြောင့်လမ်းပိတ်လိုက်တာလည်းဆိုတာတော့ မသိရဘူး၊ ဆော့တော့ရွာအရှေ့ဘက်မှာ (၃)နေရာတောင်သူတို့နေရာယူပြီးပိတ်ထားတာ” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။…

လူငယ်များကို စစ်သားစုဆောင်းခြင်း၊ စစ်မှုမထမ်းမနေရသတ်မှတ်ခြင်း လုံး၀မပြုလုပ်ကြောင်း MNDAA မှပြည်သူများကို တွေ့ဆုံရှင်းလင်း

ခမ်းသားငေါဝ်း ဩဂုတ် ၂၀၊ ၂၀၂၄ လားရှိုးမြို့တွင် လူငယ်များကို စစ်သားစုဆောင်းခြင်း၊ စစ်မှုမထမ်းမနေရ သတ်မှတ်ခြင်း လုံး၀မပြုလုပ်ကြောင်း MNDAA မှ တာဝန်ရှိသူများက မြို့ခံပြည်သူများကို တွေ့ဆုံ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်ဩဂုတ်လ ၁၈ ရက်နေ့ ၌ရပ်ကွက် ၃ နှင့် ရပ်ကွက် ၄ တို့တွင် လားရှိးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီအဖွဲ့က လူထု တွေ့ဆုံပွဲများပြုလုပ်ပြီး ပြည်သူတို့၏ပြဿနာများကို…