ပင်လောင်းတွင် မိုးအဆက်မပြတ်ရွာသဖြင့် စစ်ဘေးရှောင်စခန်းရှိတဲအချို့ ရေနှစ်မြှုပ်
ခမ်းသားငေါဝ်း ဩဂုတ် ၂၇၊ ၂၀၂၄ ပင်လောင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသဖြင့် စစ်ဘေးရှောင်စခန်းရှိ တဲအချို့ ရေနှစ်မြှုပ်ပြီး စစ်ဘေးရှောင်များ ထပ်မံတိမ်းရှောင်နေရသောကြောင့် အခက်အခဲများကြုံတွေ့နေရသည်ဟု ဩဂုတ်လ(၂၇)ရက်နေ့တွင် စစ်ဘေးရှောင်ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက် ဆောင်းခါး-နန်းထာရွာမြေနိမ့်ပိုင်းရှိ စစ်ရှောင်စခန်းမှ တဲအချို့တွင် ယခုတပတ်အတွင်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရေနှစ်မြှုပ်သွားပြီး စစ်ရှောင်များအခက်အခဲကြုံတွေ့နေရသည်။ “အခုတလောမိုးရွာတာအရမ်းများတယ်၊ စစ်ရှောင်စခန်းမှာ တဲအချို့ရေနှစ်မြှုပ်တာတွေရှိတယ် သူတို့ကထပ်မံပြီးရှောင်နေရတယ်၊ အခက်အခဲဖြစ်နေကြတော့ အကူအညီလည်းလိုအပ်တာပေါ့”…