တရုတ်ဂက်စ်ပိုက်လိုင်းတလျှောက်စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဂက်စ်ပိုက်လိုင်းပေါက်ကွဲမည်ကိုပြည်သူစိုးရိမ်
ခမ်းသားငေါဝ်း ဒီဇင်ဘာလ ၂၂ ၊၂၀၂၃ မြှုပ်နှံထားသည့်ပိုက်လိုင်းတည်ရှိရာနေရာများကိုစစ်ကောင်စီကလေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်မည်ကိုပြည်သူများစိုးရိမ်နေရကြောင်း ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ပြောဆိုထားသည်။ ရှမ်းမြောက်တိုက်ပွဲအတွင်း ပြည်သူလူထုများလူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့်ပတ်သက်ပြီး ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီဇင်ဘာ ၂၁ ရက်တွင် အစီရင်ခံစာထုတ်ပြန်ထားကြောင်းသိရသည်။ “စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲပစ်ခတ်ပြီးစစ်ရာဇဝတ်မှုကျူးလွန်တာရှိတယ်၊ စစ်ရှောင်စခန်းတွေမှာ လက်နက်ကြီး…