ဆရာဒကာဖြစ်သည့်အတွက်အေးအတူ ပူအမျှရှိနေမည်ဖြစ်ပြီး လက်ရှိဆီဆိုင်ဆရာတော်လုံခြုံနေကြောင်းသိရ
ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊၂၀၂၄ ဆီဆိုင်မြို့အတွင်းတိုက်ပွဲဖြစ်ပွားနေသော်လည်း ဆီဆိုင်ဆရာတော်အနေဖြင့် ဒကာများကိုထားခဲ့ပြီးအဝေးမထွက်သွားကြောင်း၊ ဆရာဒကာများဖြစ်ကြသည့်အတွက် အေးအတူ ပူအမျှရှိနေမည်ဖြစ်ကြောင်းနှင့် လက်ရှိသည်ဆရာတော်လုံခြုံသောနေရာ၌ သီတင်းသုံးနေပါကြောင်း ဆီဆိုင်ကျောင်းတိုက် ဥုးဇင်း ဥုးသုဝဏ္ဏထံမှသိရသည်။ ဆီဆိုင်မြို့သည် လက်ရှိမှာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ခြေရှိသည့်အတွက် ယနေ့နံနက်တွင် ဆီဆိုင်ဆရာတော်သည် လုံခြုံသောအနီးနားတစ်နေရာသို့သီတင်းသုံးနေပြီဖြစ်ပြီး…