ညောင်ရွှေမြို့လဝကရုံးတွင် မှတ်ပုံတင်လာလုပ်သည့် ပြည်သူများကို ငွေကြေးအများအပြားတောင်းခံမှုရှိနေ ဟုဆို
ခမ်းသားငေါဝ်း အောက်တိုဘာ ၁၇၊၂၀၂၃ ညောင်ရွှေမြို့ လဝကရုံးတွင် မှတ်ပုံတင်လာလုပ်သည့် ပြည်သူများကို ငွေကြေးအများအပြားတောင်းခံမှုရှိနေသည်ဟု မှတ်ပုံတင်လုပ်သူအမျိုးသားတစ်ဦး ပြောဆိုချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ရှိ ညောင်ရွှေမြို့ လဝကရုံးတွင် စက်တင်ဘာလအတွင်းနှင့်ယခုအောက်တိုဘာလအတွင်း မှတ်ပုံတင်သွားရောက်ပြုလုပ်သည့် ဒေသခံပြည်သူများကို လဝကရုံးတာဝန်ရှိသူများက ငွေကြေးအများအပြားတောင်းခံခဲ့ကြောင်း…