Category: သတင်း

ကျေးသီးမြို့နယ်တွင် မူးယစ်ဆေး သုံးစွဲသူများကို SSPP/SSA ဖမ်းဆီး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၈၊ ၂၀၂၄ ကျေးသီးမြို့နယ်ရှိ ကျေးရွာများတွင် မူးယစ်ဆေးသုံးစွဲနေသော လူငယ်များကို SSPP/SSA တပ်ဖွဲ့က ဖမ်းဆီးမှု ရှိနေကြောင်း နိုဝင်ဘာ(၁၈)ရက်နေ့တွင် စုံစမ်းသိရသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်း ကျေးသီးမြို့နယ်ရှိ ကျေးရွာများတွင် ညဘက် မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးမှု လုပ်နေပြီး ည ၉ နာရီကျော်တွင် လမ်းမထက် သွားလာတာမျိုး မလုပ်ဖို့ SSPP/SSA က ပြောထားကြောင်း…

မိုင်းငေါ့မြို့တွင် စစ်ကောင်စီ ဂျက်ဖိုက်တာနှင့်ဗုံး လာရောက်ကြဲချသဖြင့် ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၇၊ ၂၀၂၄ မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းငေါ့တွင် ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် (၁၁း၃၅)အချိန်၌ တစ်ကြိမ်၊ (၁၁း၃၈)အချိန်တွင် တစ်ကြိမ်…

ဆီဆိုင်နယ်တခွင်လုံးဆီဆိုင်နယ်တခွင်လုံး PNLA” ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမည် ဟု Hsihseng page မှသတင်းမှားဖြန့်ဝေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၆၊ ၂၀၂၄ ဆီဆိုင်နယ်တခွင်လုံး PNLA” ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမည်ဟု နိုဝင်ဘာ ၁၆ ရက်နေ့ ရက်စွဲဖြင့် Hsi-Hseng channel page မှသတင်းမှားဖြန့်ဝေနေကြောင်းသိရသည်။ ရှမ်းတောင်၊ဆီဆိုင်မြို့နယ် တခွင်လုံး (PNLA) စစ်ရေးလှုပ်ရှားသွားလာခွင့်မရှိ ဟန့်တားပြောဆိုသောဘယ်အဖွဲ့အစည်းကိုမဆို အပြတ်ရှင်းခံရလိမ့်မည်ဟု PNLA”ပြောရေးဆိုခွင့် ရှိသူ ခွန်ရိန်းယံထံမှ သိရသည် ဆိုပြီး သတင်းမှား ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ “အဲ…

တောင်ကြီးတန်ဆောင်တိုင်ပွဲမှပြန်လာသည့်ကား ယာဥ်မတော်တဆ ဖြစ်ပြီး ၃ ဦး သေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၆၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ အောင်သ ပြေတွင် ရပ်ထားသော တွဲကားကို တန်ဆောင် တိုင် ပွဲမျပြန်လာသည့် ကဲန်တာ ကားဝင်တိုက်မိသဖြင့် ၃ ဦး သေဆုံးခဲ့ကြောင်း လူမှု ကူညီရေး အသင်းများ ထံမှ သိရသည်။ ဖြစ်စဉ်မှာ အောင်သပြေ ၂၂၂ တပ် အပေါ်ဘက် အလယ်ဂိတ်…

ညောင်ရွေမြို့ရှိ Inle Princess Resort ဟိုတယ် မီးလောင်ပျက်စီး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၆၊ ၂၀၂၄ ညောင်ရွေမြို့နယ်၊ အင်းလေးဒေသရှိ Inle Princess Resort ဟိုတယ်ကို နိုဝင်ဘာ ၁၅ ရက်တန်ဆောင် မုန်းလပြည့် ညက မီးလောင်ပျက်စီးသွားကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွေမြို့နယ်၊ အင်းလေးဒေသ၊ မန်ကျီးစင်ကျေးရွာရှိ Inle Princess Resort ဟိုတယ်သည် နိုင်ဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီအချိန်တွင်မီးလောင်ပျက်စီးသွားသည်။…

ရွာငံစစ်ဆေးရေးဂိတ် အလစ်ငိုက်တိုက်ခိုက်ခံရပြီး ရဲ ၅ ဦးသေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၆၊ ၂၀၂၄ ရွာငံမြို့အထွက်ရှိ စစ်ဆေးရေးဂိတ်ကို တော်လှန် ရေးတပ်ဖွဲ့များ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲ ၅ ဦးသေဆုံးခဲ့ကြောင်းဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့ အထွက်ရှိ စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေခင်းအချိန်က တော်လှန်ရေးတပ်ဖွဲ့များ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ” ရွာငံမှာလည်း တန်ဆောင်တိုင်ရှိတယ်၊ တချို့ကလည်း တောင်ကြီးတန်ဆောင်တိုင်ပွဲကိုလာတာပေါ့၊ သွားသွားလာလာနဲ့ အရမ်းရှုပ်နေတုန်း…

ဖယ်ခုံ-ပင်လောင်းလမ်းကို စစ်ကောင်စီပိတ်လိုက်​ခြင်းကြောင့် တောင်သူများ ပြောင်းရောင်းရန်အခက်တွေ့

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၅၊၂၀၂၄ ဖယ်ခုံ-ပင်လောင်းလမ်းကို စစ်ကောင်စီက ပိတ်ထားလိုက်ခြင်းကြောင့် ဖယ်ခုံခြမ်းဖက်ရှိတောင်သူများ ပြောင်းရောင်းရန်အခက်အခက်ဖြစ်နေကြောင်း ပြောင်းစိုက်ပျိုးသူ ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံ နယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဖယ်ခုံ- ပင်လောင်းလမ်းပိုင်းကို ထိန်းချုပ်ပိတ်ဆို့ထားသောကြောင့် ဖယ်ခုံဖက်မှ ပြောင်းစိုက်တောင်သူများ ပြောင်းရောင်းရန်အခက်အခဲဖြစ်နေသည်။ ” အရင်တုန်းက ပြောင်းကို ပင်လောင်းဖက်က လာဝယ်ကြတာပေါ့လေ၊ အခုကပြောင်းရောင်းဝယ်ကာလပဲလေ၊…

စစ်ကောင်စီတပ်က လေကြောင်းဖြင့် နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်၍ အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၅၊၂၀၂၄ စစ်ကောင်စီတပ်က နောင်ချိုမြို့ကို လေကြောင်းဖြင့် ပေါင် (၃၀၀) ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရကြောင်း နိုဝင်ဘာ (၁၄)ရက်က (TNLA) ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ (၁၃) ရက်နေ့ ည‌နေ (၆)နာရီကျော် အချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် တရားရုံးနှင့် ရဲစခန်းအနောက်တွင် ပေါင်(၃၀၀)ဗုံး (၂)လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။…

မိုးဗြဲမြို့တွင် စစ်ကောင်စီက လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်သဖြင့် စပါးရိတ်ရန်ကျန်နေသောပြည်သူများအခက်တွေ့

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၅၊၂၀၂၄ မိုးဗြဲမြို့တွင် စစ်ကောင်စီက လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေသောကြောင့် စပါးရိတ်ရန်ကျန်ရှိနေသောပြည်သူများအခက်အခဲ ဖြစ်နေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ ကို စစ်ကောင်စီကလက်နက်ကြီးဖြင့်အဆက်မပြတ်ပစ်ခတ်နေပြီး ဝါရီဆူးပလိုင် နှင့် ဝါရီကောခူကျေးရွာများအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲနေသောကြောင့် စပါးရိတ်ရန်ကျန်ရှိနေသည့်ပြည်သူများ အခက်အခဲ ဖြစ်နေသည်။ ” လက်နက်ကြီးဆက်တိုက်ပစ်နေတာသုံးလေးရက်ရှိပြီ၊ ဒီမနက်လည်း လက်နက်ကြီးသံနဲ့ ဒရုန်းဗုံးကြဲတဲ့ အသံတွေကြားနေတုန်းပဲ၊ ဒီလိုဆို လယ်ထဲဘယ်လိုဆင်းရဲမလဲ၊ စပါးကရိတ်ရတော့မယ်လေ”…

စစ်ကောင်စီ ဂိတ်ပိတ်လိုက်ခြင်းကြောင့် မိုင်းရယ်မြို့တွင် ဓာတ်ဆီပြတ်လပ်၍ ဝယ်မရဖြစ်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၅၊ ၂၀၂၄ ရှမ်းမြောက်သွားသည့်ဂိတ်များ ပိတ်ထားပြီးနောက် မိုင်းရယ်မြို့တွင်း ဓာတ်ဆီများ ဝယ်မရဖြစ်နေကြောင်း ‌နိုဝင်ဘာ(၁၅)ရက် ယနေ့တွင် စုံစမ်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းသွားသည့် ရပ်စောက် ဗထူးဂိတ်နှင့် မိုင်းရယ် ဟိုယ၊မန်ပုံရှိ စစ်တပ်ဂိတ်များ ပိတ်ထားသောကြောင့် ရှမ်းမြောက် မိုင်းရယ်မြို့တွင် နိုဝင်ဘာ(၁၃)ရက်ကစပြီး ဓာတ်ဆီ ဝယ်မရတော့ကြောင်း ဒေသခံထံမှ သိရသည်။ ” ဓာတ်ဆီက တကယ်ပြတ်သွားတာလား ဒါမှမဟုတ်…