Category: သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ယနေ့မနက်ပိုင်း ရေကြီးရေလျှံမှုနှင့်ပတ်သက်သည့် သတင်းအတိုအထွာများကို စုစည်းတင်ပြခြင်း

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၁ ၊၂၀၂၄ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ရွှေသူဌေးကုန်း နယ်မြေ(၈) ဗုဒ္ဓဂါယာလမ်းထဲတွင် မိုးကြီးရေလျှံမှု ကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ မြေပြိုမှုကြောင့် လူ၊တိရိစ္ဆာန် ထိခိုက်မှုရှိမရှိကို စုံစမ်းဆဲဖြစ် ပြီးအသေးစိတ်သိရှိရပါက ပြန်လည်တင်ပြပါမည်။ တောင်ကြီးတက္ကသိုလ်နှင့် ဧရာဝတီကဖေးကြားက ရေကန်အကွေ့လမ်းမပေါ်တွင် ရေတက်နေပြီး သွားလာရာ ခက်ခဲနေကြောင်းသိရသည်။ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် မိုးကုတ်ဂျင်အနီးတွင် ရေကြီးရေလျှံ ဖြစ်ပြီး ဆိုင်ကယ်နှစ်စီး…

ရေတာရှည် မြို့တွင်စစ်ကောင်စီက ဒရုန်းဗုံးကြောင့် အရပ်သားပြည်သူ (၃)ဦးသေဆုံးပြီး၊(၁၂) ဦးထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၀၊ ၂၀၂၄ ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ စာသင်ကျောင်းနှင့် ရှားတောကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်၍အရပ်သားပြည်သူ (၃)ဦးသေဆုံးပြီး၊(၁၂) ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ ကသတင်းထုတ်ပြန်လာသည်။ စစ်ကောင်စီက အရပ်သားပြည်သူလူထုအားပစ်မှတ်ထား၍ စက်တင်ဘာလ (၈) ရက်၊ နေ့လည်ပိုင်းအချိန်တွင် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။ အာဏာသိမ်းစစ်ကောင်စီသည် တော်လှန်ရေးပူးပေါင်းအဖွဲ့များကို အဘက်ဘက်ကရှုံးနိမ့်လာပြီးနောက် တောင်ပိုင်းစစ်ဒေသနယ်မြေအပါအဝင်…

ကလောမြို့ ရှိတောင်ပေါ် ရပ်ကွက်တစ်ချိို့တွင် ရေကြီးရေလျှံမှုဖြစ်ပြီး နေအိမ်များရေ နှစ်မြှုပ်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၀၊ ၂၀၂၄ ကလောမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်တစ်ချို့တွင်‌ ‌ရေကြီးရေလျှံမှုဖြစ်ပွားပြီးနေအိမ်တချို့နှစ်မြှုပ်သွားကြောင်းစက်တင်ဘာလ(၁၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ကလောမြို့တွင်မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့်မြေနိမ့်ပိုင်းရှိရပ်ကွက်၂၊ ၃၊ ၄ တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်းသိရသည်။ “တောင်ပေါ်မြို့တွေမှာ ရေကြီးတာကြာကြာမှတစ်ခါကြားဖူးတယ်၊ မြေနိမ့်ပိုင်းမှာရှိတဲ့အိမ်တွေတော်တော်မြုပ်တယ်၊ ပိတ်မိနေတဲ့သူတွေလဲရှိတယ်၊ရုတ်တရက်ကြီးဆိုတော့လေ၊ တစ်ချိူ့ဖုန်းလိုင်းတွေလဲမရဘူးဒီမနက်”ဟုဒေသခံတစ်ဦးကပြောသည်။ အောင်ပန်းမြို့အဝင် သာမိုင်းခမ်းဆည်တံတားသည်လည်း ရေကျော်နေသည့်အတွက် သွားလာ၍မရသေးကြောင်းသိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နောင်တရား၊တီကျစ်သွားလမ်းမပေါ်တွင်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။ စက်တင်ဘာလဒုတိယပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်…

အဲက်တမ်နှင့် အော်ရီဒူးဆင်းကဒ်များလိုင်းပြတ်တောက်နေပြီး သုံးစွဲသူများအခက်အခဲဖြစ်နေသည်ဟုဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၀၊ ၂၀၂၄ မြန်မာနိုင်ငံတွင် Atom ဆင်းကဒ်နှင့် Ooredooဆင်းကဒ်များ ယခုရက်ပိုင်းတွင်လိုင်းများပြတ်တောက်နေပြီး သုံးစွဲသူများအတွက် အခက်အခဲဖြစ်နေရသည်ဟု စက်တင်ဘာလ(၁၀)ရက်နေ့တွင် ၎င်းတို့ဆင်းကဒ်သုံးဆွဲသူထံမှ သိရသည်။ Atom ၊Ooredooဆင်းကဒ်များသည် ဖုန်းလိုင်းအင်တာနက်လိုင်းများပြတ်တောက်မှုဖြစ်ပွားနေပြီး အွန်လိုင်းဖြင့်အလုပ်လုပ်ကိုင်နေသူများအတွက်သာမက ဖုန်းနှင့်အဆက်အသွယ်လုပ်ရန်အတွက်လည်း အခက်အခဲများဖြစ်နေရသည်။ “ခုရက်ပိုင်းမှဖြစ်တာ လိုင်းပျက်တာက အောရီဒူးကဒ်ဆို အ‌ရေးပေါ်ခေါ်ဆိုမှုတစ်ခုပဲရတော့တယ်၊ အဲက်တမ်ကဒ်ကတော့လိုင်းက ရတစ်ချက်မရတချက်ပဲ အင်တာနက်ကတော့သုံးလို့မရဘူး မိုးအရမ်းရွာလို့သူတို့ တာဝါတိုင်တွေပျက်သွားတာလားမသိ၊ ဒီမှာက…

ကုန်းတွင်းမုန်တိုင်းငယ် ဆက်လက်အားကောင်းလာနိုင်သောကြောင့် မုတ်သုံမိုးသည်းထန်ရွာ ရွာသွန်းနိုင်ကြောင်း NUG ထုတ်ပြန်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၀၊ ၂၀၂၄ ဘင်္ဂလားပင်လယ်အော် အနောက်ပိုင်းမှ အစပျိုးသော လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် အိန္ဒိယ နိုင်ငံ အလယ်ပိုင်းတွင် ကုန်းတွင်း မုန်တိုင်းငယ်အဆင့်ဖြင့် ရက် ၃၀ ခန့်ဆက်လက်အားကောင်းလာနိုင်သောကြောင့် မြန်မာနိုင်ငံဒေသတစ်ချို့တွင် မုတ်သုံမိုးများ နေရာကွက် ၍ သည်းထန်စွာရွာသွန်းနိုင်ခြေရှိကြောင်း NUG က စက်တင်ဘာလ 9 ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ယခုရက်ရက်သတ္တပတ် အတွင်းအဆိုပါ အားကောင်းလာသော ကုန်းတွင်း…

စစ်ဝတ်စုံအတွက်ဟုဆိုကာ PNO ပြည်သူ့စစ်ကတစ်အိမ်ငါးသောင်း ငွေကောက်ခံ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၀၊ ၂၀၂၄ သပြေကုန်းရွာအုပ်စု (အွိုင်ႏတဖြေကွုံꩻ)အတွင်းစစ်ဝတ်စုံအတွက်ဟုဆိုကာ PNO ပြည်သူ့စစ်က ဒေသခံများထံ တစ်အိမ်ငါးသောင်းကောက်ခံနေသဖြင့် ဒေသခံများအတွက် အခက်အခဲဖြစ်နေရသည်ဟု စက်တင်ဘာလ(၁၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ သပြေကုန်းရွာအုပ်စု (အွိုင်ႏတဖြေကွုံꩻ)အတွင်း၌ အသက်(၁၈)နှစ်အထက် (၄၀)အောက်အမျိုးသားများအားလုံး အခြေခံစစ်သင်တန်း မဖြစ်မနေတက်ရောက်ရမည်ဖြစ်ပြီး ယခုအခါတွင် သင်တန်းသားများဝတ်ဆင်ရန် စစ်ဝတ်စုံအတွက်ဆိုကာ တစ်အိမ်ငါးသောင်းကောက်ခံနေသည်။ “ပိုက်ဆံကတော့လာကောက်ပြီ တစ်အိမ်(၅)သောင်းတဲ့ စက်တင်ဘာလ(၁၁)နေ့နောက်ဆုံးထားပြီး ထည့်ရမယ်ပြောတယ်၊…

မိုင်းပေါက်မြို့တွင် နေအိမ်၊ လမ်း၊ အဆောက်အအုံများ ရေနှစ်မြှုပ်သည်ထိ ရေကြီးမှုဖြစ်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၀၊ ၂၀၂၄ “ဝ”ပြည်၊ မိုင်းပေါက်မြို့တွင် စတင်ဘာလ (၉)ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးကာ နေအိမ်၊ အဆောက်အအုံများ နေနှစ်မြှုပ်ကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း “ဝ”ပြည်နယ်တွင် စက်တင်ဘာလ (၉)ရက်နေ့ မနက်ပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်၊အဆောက်အအုံနှင့် လမ်းများ တစ်ဝက်ခန့် ရေနှစ်မြှုပ်နေသည်၊၊ “ငါတို့ ဆိုင်ခန်းဌားထားတာတောင် ရေမြှုပ်ပြီး ပစ္စည်းတချို့လည်း…

စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသည့်နေရာကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၀၊ ၂၀၂၄ ပေါက်တောမြို့နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများဆေးကုသပေးနေသည့်နေရာအားစစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သုံ့ပန်းနှင့်စစ်ကောင်စီအရာရှိအချို့အပါအဝင် ၁၇ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရကြောင်း အာရက္ခတပ်တော်(AA)က စက်တင်ဘာလ(၉)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသည့် နေရာကို စက်တင်ဘာ ၈…

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာချီလိတ်တွင် မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေထက်ထပ်ကျော်လာ

ခမ်းသားငေါဝ်း စက်တင်ဘာ ၉၊ ၂၀၂၄ မြန်မာထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေသည် ယနေ့ စက်တင်ဘာ(၉)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်တွင် စိုးရိမ်ရေမှတ်အထက်သို့ (၃)လက်မ ကျော်သွားပြီး နောက်တစ်ရက်အတွင်း တစ်ပေခွဲအထိ မြင့်တက်နိုင်သည်ဟု သိရသည်။ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့၊ လွယ်တော်ခမ်း ကျေးရွာအုပ်စုတွင် ယနေ့ နံနက် (၈)နာရီခွဲအချိန်တွင် စိုးရိမ်ရေမှတ်အောက် (၂)ပေခန့် ရှိနေခဲ့ပြီး နေ့လည်(၁၂)နာရီအချိန်တွင် စိုးရိမ်ရေမှတ်အထက်…

ခိုလမ်မြို့ အခြေစိုက်တပ်ရင်းမှ တပ်ကြပ်ကြီး (၁)ဦးကို အရှင်ဖမ်းမိ

ခမ်းသားငေါဝ်း စက်တင်ဘာ ၉၊၂၀၂၄ ခိုလန်မြို့ အခြေစိုက် တပ်ရင်းမှ တာဝန်ကျသည့်စစ်ကောင်စီတပ် တပ်ကြပ်ကြီး(၁) ဦးကို စက်တင်ဘာလ (၇) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိကြောင်း Royal Defence Force က သတင်းတွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်တောင်ပိုင်း၊နမ့်စန်မြို့နယ်၊ခိုလန်မြို့ အခြေစိုက် တပ်ရင်းမှ တာဝန်ကျသည့်စစ်ကောင်စီတပ်မှ ခိုလမ်မြို့ပခုက္ကူမြို့နယ်၊အင်ပင်ကျေးရွာသို့ မိသားစုကို ပြန်လည်ခေါ်ဆောင်ရန်သွားချိန် Royal Defence…