Category: သတင်း

အညွှန်းအမှတ်အသားမပါသည့်ဘေးအန္တရာယ်ရှိ ကုန်ပစ္စည်းများ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီမှ သတိပေးသိမ်းဆည်း

ခမ်းသားငေါဝ်း ဇူလိုင်လ ၆၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဘေးအန္တရာယ်ရှိသည့်ကုန်ပစ္စည်းများနှင့်သတ်မှတ်ချက် မကိုက်ညီသောကုန်ပစ္စည်းများကို ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့မှ ယနေ့ဇူလိုင် ၆ ရက်တွင် သတိပေးသိမ်းဆည်းခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လမှ ယခုလ ၆ ရက်နေ့အထိ တောင်ကြီးမြို့ပေါ်ရှိ ကုန်စုံဆိုင်နှင့် Market များ စုပေါင်း ၅ ဆိုင်ထံ အကြောင်းကြားစာကြိုတင်ပေးပို့ခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်ပစ္စည်းများ၊ အမျိုးအစားလိုက်သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသည့်…

နမ့်ခမ်းမြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်သူ (၈၀)ဦးကို PSLF/TNLA ဖမ်းဆီး

ခမ်းသားငေါဝ်း ဇူလိုင်လ ၆၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ မူးယစ်‌ဆေးဝါး သုံးစွဲရောင်းဝယ်သူ (၈၀)ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု PSLF/TNLAက ယမန် နေ့ ဇူလိုင် ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်၊၊ မူးယစ်ဆေး သုံးစွဲရောင်းဝယ်သူများကို ဇွန်လ (၁၆)ရက်နေ့မှ (၃၀)ရက်နေ့ထိ ၁၅ ရက်အတွင်း PSLF/TNLA ဗဟိုအုပ်ချုပ်ရေးဌာန အထူးတပ်ဖွဲ့မှ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည် ဟုဖော်ပြထားသည်၊၊ ဖမ်းဆီးရမိသူများသည် မူးယစ်ဆေးရောင်းဝယ်သူ(၇)ဦးနှင့်…

အာဏာသိမ်းပြီးနောက် ဇွန်လအတွင်းနေအိမ် (၂၆၆၂)လုံး မီးရှို့ခံရပြီး အရပ်သားပြည်သူ (၁၅)ဦး မီးရှို့သတ်ဖြတ်ခံရ

ခမ်းသားငေါဝ်း ဇူလိုင်လ ၅၊၂၀၂၃ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းတွင် ယခု ၂၀၂၃ ခုနှစ် ဇွန်လအတွင်း နေအိမ် (၂၆၆၂)လုံး မီးရှို့ခံရပြီး အရပ်သားပြည်သူ (၁၅)ဦးမီးရှို့သတ်ဖြတ်ခံရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ စစ်ကိုင်းတိုင်းမှ (၂၅၁၁) လုံး၊ မန္တလေးတိုင်းမှ (၁၀)လုံး၊ တနင်္သာရီတိုင်းမှ (၁၄)လုံး၊ ကချင်ပြည်နယ်မှ (၁၀)လုံး၊ ရှမ်းပြည်နယ်မှ (၄၀)လုံးနှင့် မကွေးတိုင်းမှ(၇၇)လုံး…

တောင်ကြီး​မြို့တွင် ရာခိုင်နှုန်းဖြင့်ငွေတိုးပေး ကုမ္ပဏီတစ်ခု ငွေကျပ်သိန်းပေါင်း ၂၀ ဘီလီယံကျော်လိမ်လည်ထွက်ပြေး

ခမ်းသားငေါဝ်း ဇူလိုင်လ ၅၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ဘုရားဖြူရပ်ကွက် ရေထွက်ဦးလမ်းပေါ်တွင် ရုံးဖွင့်ထားသည့် ရာခိုင်နှုန်းဖြင့်ငွေတိုးပေး Invescog Management ကုမ္ပဏီက ငွေကျပ်သိန်းပေါင်း၂၀ ဘီလီယံကျော် လိမ်လည်ထွက်ပြေးသွားကြောင်း သိရသည်။ ” မနေ့မနက် ၁၀ နာရီအထိ ဆက်သွယ်လို့ရတယ်၊ အဲနောက်ပိုင်း မရတော့ဘူး၊ CEOနဲ့ ရုံးဝန်ထမ်းတွေက ည ၁၁ နာရီအချိန်ထိ အစည်းအဝေးလုပ်ခဲ့ကြတယ် ပြောတယ်၊…

မူးယစ်ဆေးကို ထမင်းလို မှီဝဲသည့် ကိုကျော်

…………………………… ခမ်းသားငေါဝ်း ဇူလိုင်လ ၄၊ ၂၀၂၃ “ကိုယ်ရှူဖို့အတွက်တောင် မနဲးရုန်းကန်ရှာဖွေရတာ မိသားစုအတွက်တော့ ဘယ်လိုမှ လည်ပတ်လို့ မရတော့ဘူး၊ ပြောရရင် လူ့ဘဝရလာတာဟာ တန်ဖိုးကိုမရှိတော့တာ နေမထူး သေမထူး လူဖြစ်ရှုံးလိုက် တာလို့ ကျွန်တော့်ရင်ထဲ ခံစားရတယ်ဗျာ”ဟုနောင်တရသည့်လေသံဖြင့် မူးယစ်ဆေးဝါးကို ထမင်းစားသလို မှီဝဲသည့် အသက်(၄၀)ကျော်အရွယ် ခပ်ပိန်ပိန်ခန္ဓာကိုယ်ပိုင်ဆိုင်ထားသော ကိုကျော်(နာမည်လွဲ) ကိုယ်တိုင်မှ ရင်ဖွင့်ပြောဆိုသည်။ လူတွေအသက်ရှင်နိုင်ဖို့ တစ်ရက်လျှင်…

ပင်လောင်းဒေသစိုက်ပျိုးတောင်သူများ မြေဩဇာအတု ဝယ်ယူအသုံးပြုမိ၍ အခက်အခဲကြုံတွေ့ရ

ခမ်းသားငေါဝ်း ဇူလိုင်လ ၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်မြို့နယ်တွင် စိုက်ပျိုးရေးလုပ် ဒေသခံတောင်သူများ မြေသြဇာအတုများဝယ်သုံးမိ၍ စိုက်ပျိုးပင်များ ပျက်စီးပြီးအခက်အခဲကြုံ‌ တွေ့နေကြရကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် ပင်လောင်းဒေသရှိ စိုက်ပျိုးတောင်သူများသည် မြေသြဇာအတု‌‌ ရောင်းချမှုများကို ဝယ်ယူအသုံးပြုမိ၍ စိုက်ပျိုးသီးနှံများ အထွက်နှုန်းနည်းခဲရပြီး စိုက်ခင်း စိုက်ပျိုးပင်များ အတော်များများ ပျက်စီးကုန်သည်အထိ ဆုံးရှူံးခဲ့ရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ “အရင်က…

စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်ပြီးတော်လှန်ရေးသမိုင်းစာမျက်နှာအသစ်ကို ရေးထိုးသည့် ကလလတကို KNDF မှကြိုဆို

ခမ်းသားငေါဝ်း ဇူလိူင် ၂၊ ၂၀၂၃ ကရင်နီလူမျိုးပေါင်းစုံံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ/KNPLF)မှ ပြည်သူအားမတရားဖိနှိပ်သည့် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပြီဟု တရားဝင်ထုတ်ပြန်ကြေညာသည်ကို KNDFမှ ဝမ်းမြောက်ကြိုဆိုဂုဏ်ပြုကြောင်းသိရသည်။ ဇွန်လိုင်လ ၁၃ ရက်နေ့မှစပြီး KNPLF(ကလလတ)မှ ပါဝင်ဆင်နွဲသော မယ်စဲ့မြို့နယ်တိုက်ပွဲများသည် နွေဦးတော်လှန်ရေးနှင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၏နိုင်ငံရေးဖြစ်စဥ်အား အချိုးကွေ့တစ်ခု ခွန်အား ဖြစ်စေခဲ့ကြောင်းKNDF ထုတ်ပြန်ထား သည်။ ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သော BP-13တပ်စခန်း၊BP-14တပ်စခန်း၊BP-15တပ်စခန်း မယ်တနွယ်တပ်စခန်း၊BP-16…

ကရင်နီ (ကယား)ပြည်တွင် တိုက်ပွဲပြင်းထန်မှုကြောင့် လွိုင်ကော်မြို့ပေါ်သို့ စစ်ရှောင် အများအပြားရောက်လာ

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၊၂၀၂၃ ကယား (ကရင်နီ)ပြည်အနှံတွင် တိုက်ပွဲများပြင်းထန်လာမှုကြောင့် ဒေါတမကြီးမြို့နယ်၊ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်မှ ဒေသပြည်သူများသည် လွိုင်ကော်မြို့ပေါ်သို့ အများအပြားစစ်‌ ရှောင်လာကြသည်ဟု သိရှိရသည်။ ယခု လွိုင်ကော်မြို့ပေါ် စစ်ရှောင်စခန်းတွင် စစ်ရှောင်ဦးရေ တစ်သောင်းလေးထောင် ကျော်ရှိပြီး စစ်ရှောင်စာရင်းများ ဆက်လက်ကောက်ယူနေဆဲဖြစ်သည်ဟု သိရှိရသည်။ စစ်ရှောင်များသည် ရုတ်တရက် စစ်ရှောင်လာရခြင်းကြောင့် ကိုယ်တစ်ခု အဝတ်တစ်ထည်သာ ပါရှိပြီး…

ဆိုက်ခေါင်စံပြကျေးရွာတွင် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မုဒိန်းကျင့်ခံရ

ခမ်းသားငေါဝ်း ဇွန်လ ၃၀၊ ၂၀၂၃ ရှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြ ကျေးရွာ ရပ်ကွက်တစ်ခုတွင် အသက် ၁၁ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး မုဒိန်းကျင့်ခံရ ကြောင်း ဇွန်လ ၃၀ ရက်နေ့က သိရသည်။ ယင်းကလေးငယ်သည် အသက် ၁၁ နှစ်အရွယ် ၄ တန်းကျောင်းသူဖြစ်ပြီး ဇွန်လ၂၉ ရက် (အစ်နေ့) ကျောင်းပိတ်ရက်တွင် ဖြစ်ပွားခဲ့…

ဘေးအန္တရာယ်ရှိနိုင်သည့် ကုန်ပစ္စည်းများ၊ ကလေးမုန့်များကို ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ ဝင်ရောက်စစ်ဆေးမှု လုပ်ဆောင်

ခမ်းသားငေါဝ်း၊ ဇွန်လ ၂၂၊၂၀၂၃ တောင်ကြီးမြို့တွင် ကုန်စည်အမျိူးအစားအလိုက် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများ နှင့် ဘေးအန္တရာယ်ရှိနိုင်သော ကုန်ပစ္စည်းများ ကို ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့က ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဇွန်လ ၂၂ ရက်နေ့က သိရသည်။ ယခုကဲ့သို ကျောင်းဖွင့်ရာသီတွင် ကလေးများအတွက် မုန့်ရောင်းအား အကောင်းဆုံးဖြစ်ကြောင်း၊ အချို့မုန်ဆိုင် နှင့် ကျောင်းမုန့်စျေးတန်းအချို့တွင် က‌လေးအကြိုက် တရုတ်မုန့်အများအပြားရောင်းချနေခြင်းတွေ့ရကြောင်း၊ အချို့မုန့်များတွင်…