Category: သတင်း

စစ်တပ်သိမ်းမြေယာထဲရှိ လက်ဖက်ပင်များ တစ်ပင်ကို၂၀၀ ကျပ် အခွန်ပေးဆောင်ရ

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၅၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ရင်းမှီးကျေးရွာ အနောက်ဖက် နှင့် အရှေ့ဖက်ရှိ စစ်တပ်သိမ်းဆည်းမြေယာများအတွင်း ရှိနေသည့်လက်ဖက်ပင်များကို တစ်ပင်လျှင်ငွေ ၂၀၀ ကျပ် အခွန်ပေးဆောင်မှသာ လက်ဖက်ညွှန့်များခူးယူခွင့်ရှိမည်ဖြစ်ကြောင်း ဇူလိူင်လ၂၅ရက်‌‌နေ့က သိရသည်။ “လက်ဖက်တွေကတော့ အရင်ဘိုးဘွားလက်ထက်ကတည်းကစိုက်ထားတာ နှစ်ရှည်ပင်ဆိုတော့လေ သူတို့က နောက်မ မြေလာသိမ်းတာ ဖျက်လိုက်ရင်လည်း နှမြောတယ်လေ။ အဲတာတွေကြောင့် အခွန်ဆောင်ပြီး နှစ်တိုင်းခူးနေရတာဒီနှစ်လည်း ဈေးသိပ်မရှိပါဘူး…

နှစ်သောင်းတန် ထုတ်မည်ဟုစစ်ကောင်စီကြေငြာပြီးနောက် ကုန်စျေးနှုန်းအဆမတန်မြင့်တက်လာမည်ကို ပြည်သူစိုးရိမ်

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၄၊ ၂၀၂၃ စစ်ကောင်စီ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေကျပ် ၂၀၀၀၀တန်အသစ်ကို ဇူလိုင်လ ၃၁ ရက်တွင်စတင်ထုတ်ဝေမည်ဟု ကြေညာပြီးနောက်ပိုင်း ကုန်စျေးနှုန်းများထပ်မံမြင့်တက်လာမည်ကို ​ပြည်သူ များစိုးရိမ်လျက်ရှိနေပါသည်။ ” အရင်ကဆို မိသားစုအတွက်စျေးရောင်းပြီး ဖူဖူလုံလုံလေးရှာကျွေးနိုင်တယ်၊အခုကုန်စျေးနှုန်းကလည်းတက်၊ ဆန်စျေးဆီစျေးလည်းတက် အရင်က ဒီလောက်ထိကုန်စျေးတက်မယ်လို့ မစဥ်းစားမိဘူး၊ ကိုယ်ကျွမ်းကျင်တဲ့ ကုန်စိမ်းပဲရောင်းတတ်တယ်၊အခြားအလုပ်လည်း မလုပ်တတ်တော့ ခက်ခဲတာပေါ့၊ အခုဆို ၂၀၀၀၀တန်ထွက်လာတော့မယ် ပြောတယ်၊…

အွန်လိုင်းဈေးရောင်းသူများ လုပ်ငန်းလိုင်စင် မလုပ်ဆောင်ပါက အရေးယူမည်

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၂၊၂၀၂၃ စစ်ကောင်စီလက်‌အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက အွန်လိုင်းဖြင့် ဈေးရောင်းဝယ်သူများကို ၆ လအတွင်း လုပ်ငန်းလိုင်စင် လုပ်ဆောင်ရန် ဇူလိုင်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါသည်၊၊ အွန်လိုင်း ဈေးရောင်းသူများအနေဖြင့် လုပ်ငန်းလိုင်စင်ကို စတင်ထုတ်ပြန်သည့်ရက်မှ ၆ လအတွင်း မှတ်ပုံတင်ရမည်ဖြစ်ကြောင်းဆိုထားသည်၊၊ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အွန်လိုင်းအရောင်းအဝယ် ပြုလုပ်ခြင်းဆိုင်ရာ အမိန့်တရပ်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်၊၊…

ပအိုဝ်းကျေးရွာအချို့တွင် ရာသီအလိုက် ပေါက်‌ ရောက်သည့် သဘာဝမြင်းခွာရွက် ဈေးကောင်းရရှိနေ

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၁၊၂၀၂၃ ရှမ်းပြည်နယ်တောင်းပိုင်း တောင်ကြီးမြို့ တောင်ဖက်ရှိ ကျေးရွာအတော်တော်များများတွင် မိုးတွင်းကာလ သဘာဝပေါက်ပင် မြင်းခွာရွက်များ တရုတ်အဝယ်များက ဈေးကောင်းပေးဝယ်နေကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် မြင်းခွာရွက် တစ်ပိဿာကို ၁၄၀၀၀ ကျပ်ရရှိပြီး ယခင်နှစ်များထက် ၃ ဆဈေးကောင်း ရရှိကြောင့် သိရှိရပါသည်။ “အရင်နှစ်ကဆိုရင် တစ်ပိဿာကို – ၄၀၀၀ ကျပ် ဘဲရှိတာ။ ဒီနှစ်ကျတော့…

ဈေးကွက်တွင် နာနတ်သီး ဈေးကောင်း‌သလောက် စိုက်ပျိုးသူထံတွင် ဈေးကောင်းမရ

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၀၊၂၀၂၃ ယခုနှစ်ရာသီထွက် နံနက်သီးများသည် ဈေးကွက် နှင့်စားသုံးသူများထံအ‌ရောက်တွင် ဈေးကောင်းလျက်ရှိပြီး မြေပြင်၌ စိုက်ပျိုးလုပ်ကိုင်‌နေသည့်တောင်သူများထံတွင် ဈေးကောင်းမရ‌နေကြောင့် သိရပါသည်။ ယခုအချိန် တောင်ကြီးမြို့ပေါ် နှင့် ဈေးကွက်များတွင် နာနတ်သီး အကြီးတစ်လုံးကို – ၆၅၀ ကျပ်၊ ၈၀၀ ကျပ်၊ အလတ် – ၄၀၀ ကျပ်၊ စသဖြင့် ဈေးနှုန်းများရှိပေမဲ့ စိုက်ပျိုးတောင်သူများထံတွင်…

စစ်ကောင်စီလက်အောက် ပညာရေးကျောင်းများတွင် ကျောင်းသားကျောင်းသူများ ဖတ်စာအုပ်ပြန်ဝယ်ယူနေရ

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၀၊၂၀၂၃ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက် ပညာရေးကျောင်းများတွင် ကျောင်းဆရာ၊ဆရာမများ နှင့် ပညာရေးဆိုင်ရာ ကျောင်းသုံးစာအုပ်များ အလုံအလောက်ထောက်ပံ့ပေးနိုင်ခြင်းမရှိသဖြင့် သင်ကြားရေးတွင် ထိရောက်မှုမရှိတော့ကြောင်း ပြည်သူလူထုများက ဝေဖန်သုံးသပ်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အ.ထ.က စံကားကျောင်းတွင် ယနေ့အထိ ကျောင်းသား‌ ကျောင်းသူများ ကျောင်းဖတ်စာအုပ်အစုံအလင်မရရှိကြသေးဘဲ ဖတ်စာအုပ်ရရန်ပိုက်ဆံပေးပြီး ပြန်ဝယ်နေရ‌ကြောင်း ယနေ့ဇူလိုင်လ (၂၀) ရက်နေ့တွင် သိရသည်။ ကျောင်းဖွင့်ချိန်…

ဗန်းမောက်ကျေးရွာရောက် စစ်‌ဘေးရှောင်များ စားနပ်ရိက္ခာနှင့် မိုးကာများ အရေးပေါ်လိုအပ်လျက်ရှိ

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ဗန်းမောက်ကျေးရွာ ရောက် စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာနှင့် မိုးကာများ အရေးပေါ်လိုအပ်လျက်ရှိ‌နေကြောင်း ဇူလိူင်လ၂၀ ရက်နေ့တွင် သိရသည်။ ဗန်းမောက်ကျေးရွာရှိ စစ်ရှောင်များသည် သက်ကြီး ရွယ်အိုများ ကလေးငယ်များ ကိုယ်ဝန်ဆောင်က လေးမိခင်များ အများစုပါဝင်ပြီး စားနပ်ရိက္ခာ နှင့်မိုးကာအပြင် ဆေးဝါးများလည်း လိုအပ်လျက်ရှိ ကြောင်းသိရသည်။ “ကျွန်မ ဒီရောက်တာ…

တောင်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေပေါ်တွင် အိမ်ဆောက်လုပ်ခြင်းများနှင့် ပတ်သက်ပြီး သတိပေး

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၉၊၂၀၂၃ တောင်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေများကို မြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အိမ်များဆောက်လုပ်ခြင်းများနှင့် ပတ်သက်၍ ဇူလိုင် ၁၈ရက်နေ့တွင် တောင်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးစာထုတ်ပြန်‌ကြောင်းသိရှိရပါသည်။ ထုတ်ပြန်ချက်တွင် တောင်ကြီးမြို့နယ်အတွင်း အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ လယ်မြေ၊ ယာမြေ၊ မြေလွတ်၊ မြေရိုင်း၊ ကျန်အခြားမြေ၊ သစ်တောမြေများကို ခွင့်ပြုချက်မရှိဘဲ မြေကွက်ဖော်ထုတ်ရောင်းချခြင်း၊ တိုင်စိုက်ထူခြင်း၊ အုတ်တံတိုင်းကာရံခြင်း၊ အဆောက်အဦးဆောက်လုပ်ခြင်းများ ဆောင်ရွက်ထားသည်ကို တွေ့ရှိရကြောင်း ပါရှိပါသည်။…

အင်းလေးဒေသတွင် တစ်လနီးပါးကြာမိုးမရွာသဖြင့် ပြောင်းစိုက်ပျိုးတောင်သူများ အခက်အခဲကြုံတွေ့

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၉၊၂၀၂၃ ညောင်ရွှေမြို့နယ် အင်းလေးဒေသတောင်းပိုင်းတွင် တစ်လနီးပါးကြာ မိုးမရွာသဖြင့် စိုက်ပျိုးထားသည့်ပြောင်းပင်များ ညိုးနွမ်းကုန်ပြီး ပြောင်းစိုက်ပျိုး‌ တောင်သူများ အခက်ခဲကြုံ‌ တွေ့နေရကြောင်း ဇူလိုင်လ ၁၉ ရက်နေ့က စုံစမ်းသိရှိရသည်၊၊ အချိန်တော်ကြာ မိုးမရွာသဖြင့် ပြောင်းစိုက်ပြီး အပင်မပေါက်သည့် ပြောင်းစိုက်ခင်းများလည်းရှိ နေကြောင်း၊ နောက်တစ်ကြိမ် ပြန်လည်စိုက်ပျိုးရမည့်အခြေအနေတွင်ရှိကြောင်း ပြောင်းစိုက်ပျိုးသူတစ်ဦးထံမှ သိရသည်၊၊ “ဒီဘက်ကမိုးမရွာတာ တစ်လလောက်တော့ရှိနေပြီ ပြောင်းပင်တွေလည်း…

ဆန်ပြတ်လတ်သည့် စစ်ရှောင်များအတွက် စစ်ရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ ကူညီထောက်ပံ့

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၈၊၂၀၂၃ ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းနှင့် ရှမ်းတောင်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ဆန်ပြတ်လတ်လျက်ရှိသည့် စစ်ရှောင်များကို စစ်ရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်က သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။ ဒီမော့ဆို နှင့်ဖယ်ခုံ (၂)မြို့နယ်အတွင်း စစ်ရှောင်စခန်း(၄)နေရာအား သွားရောက်ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး စစ်ရှောင်ဦးရေ ၇၀၀ နီးပါးရှိကြောင်း သိရသည်။ ” စစ်ရှောင်စခန်းတိုင်းလိုလိုတော့ လိုအပ်တာပေါ့ နော၊ အဓိကလိုအပ်တာက ဆန်လိုတာ၊ ပြီးတော့မိုးရာသီဆိုတော့ မိုးကာတို့၊ ဖိနပ်တို့၊…