Category: သတင်း

ထိုင်းနယ်စပ်ရောက် စစ်ဘေးရှောင်တစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာများ လိုအပ်

ခမ်းသားငေါဝ်း ဇူလိုင် ၃၀၊ ၂၀၂၃ ထိုင်-ကရင်နီ နယ်စပ်တစ်နေရာတွင် ဖားဆောင်းမြို့နယ်မှ ဒေသခံ စစ်ရှောင် တစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ဇူလိူင်လ ၃၀ ရက်နေ့ကသိရသည်။ ထိုစစ်ရှောင်များသည် ထိုင်နိုင်ငံနှင့် နီးသည့် နယ်စပ်တစ်နေရာတွင် တိမ်းရှောင်နေရပြီး ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခိုလှုံခွင့် မရခြင်းကြောင့် ဒုက္ခရောက်နေကြရသည်ဟု သိရသည်။ “သူတို့ဒီကိုရောက်လာတာ နှစ်ပတ်ကျော်ပြီ သူတို့ပါလာတဲ့ဟာနဲ့ပဲချွေတာပြီး စားကြရတာ လူလည်း…

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) ဖွဲ့စည်းတည်ထောင်ကြောင်း အသိပေး

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၉၊၂၀၂၃ ဓနုလူငယ်များနှင့် ဒေသတွင်းရှိပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ​စုပေါင်း၍ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်ဒေသအခြေစိုက်တစ်နေရာတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)ကို ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ကြောင်း ဇူလိုင်လ၂၉ ရက်နေ့တွင် ထုတ်ပြန်အသိ‌ပေးပါသည်။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးသည် ဘုံရန်သူစစ်ကောင်စီအုပ်စုကို အမြစ်ဖြတ်ချေမှုန်းရန် နှင့် ဘုံရည်မှန်းချက်တူညီသည့် မည်သည့်အဖွဲ့အစည်းမဆိုပူးပေါင်းတော်လှန်သွားမည်​ဖြစ်ကြောင်းဆိုပါသည်။ ” ဓနုဒေသအတွင်းရှိိပြည်သူ့မျက်နှာကိုအဓိကထားပြီး ရှေ့ဆက်လုပ်ငန်းစဥ်များဆောင်ရွက်​မယ် ၊ အာဏာသိမ်းပြီးကတည်းက ဓနုလူမျိုးစုတပ်မတော်မဖြစ်မနေလိုအပ်တာကြောင့် ကျွန်တော်တို့ ဓနုလူငယ်​တွေစုပေါင်းပြီး တည်ထောင်ဖြစ်တယ်”လို့ DPLF တာဝန်ရှိိသူတစ်ဦး​က…

ဆိုက်ခေါင် စံပြကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှု တရားခွင်တွင်စတင်စစ်ဆေး

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၈၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြိုနယ် ဆိုက်ခေါင်စံပြကျေးရွာအတွင်း ပြီးခဲ့သည် ဇွန်လ ၂၉ရက်နေ့တွင် သက်ငယ်မုဒိန်းမှုဖြစ်ပွားခဲ့ပြီး ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ထိုအမူကို ဟိုပုံးခရိုင်တရားရုံးမှ ရုံးချိန်းဆင့်ခေါ်ပြီး အမှုစတင်စစ်ဆေးပြီဖြစ်ကြောင်း သိရသည်။ ဆိုက်ခေါင်စံပြကျေးရွာ အောင်သုခရပ်ကွက်တွင် နေထိုင်သည့် ၁၁ နှစ်အရွယ် အမျိုးသမီးကလေးငယ်အား တစ်ရပ်ကွက်တည်း နေထိုင်သူ ဦးထွန်အောင်က မုဒိန်းပြုကျင့်မှုကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့…

ပင်လောင်းတောင်ပိုင်းတွင် ဒေသခံပြည်သူ့စစ်အဖွဲ့က စစ်သားစုဆောင်းမှုများရှိနေ

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၇၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ပိုင်း‌ဒေသရှိ ကျေးရွာများတွင် ဒေသခံများကို ဒေသခံပြည်သူ့စစ်အဖွဲ့က စစ်သားအတင်းအဓမ္မစုဆောင်းမှုများရှိနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ဒေသခံပြည်သူ့စစ်အဖွဲ့သည် ကျေးရွာတစ်ရွာတွင်လူ ၄ ယောက် ပေးရမည်ဖြစ်ပြီး မပေးသည့်ကျေးရွာများကို ကျေးရွာထဲရှိအိမ်များအား တစ်အိမ်သုံးသောင်းအထက် ကောက်ခံလျက်ရှိကြောင်း သိရသည်။ “PNO ပြည်သူ့စစ်က လတိုင်း လူလာတောင်းတယ် ကျွန် တော်တို့ နန်းတုတ်…

အင်းလေးဒေသတွင် စစ်ဆေးရေးတင်းကြပ်ပြီး အချိန်ကန့်သတ်မှုများကြောင့် စျေးပတ်လိုက်သူများအခက်အခဲဖြစ်

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၇၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ အနောက်ဘက်ကမ်းတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်ပြီး အချိန်ကန့်သတ်ထားသောကြောင့် စျေးပတ်လိုက်သူများအတွက် အခက်အခဲဖြစ်ရကြောင်း စုံစမ်းသိရှိရသည်၊၊ စျေးပတ်လိုက်သူများသည် နံနက်အစောပိုင်းတွင် သွားလာရပြီး ယခုရက်ပိုင်း စစ်ကောင်စီတပ်က နံနက် ၅နာရီကျော်မှသာ သွားလာခွင့်ပြုသဖြင့် ဈေးသည်များ အခက်တွေ့ရကြောင်း သတင်းရရှိပါသည်၊၊ ” ကျွန်တော်တို့က ပုံမှန်စျေးပတ်လိုက်တယ် မနက်ဘက်အစောထသွားတယ်။ အခုသူတို့က…

ခမ်းသားငေါဝ်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းတောင် ရွာငံမြို့နယ်ရှိ နေ့စားအလုပ်လုပ်ကိုင်သူအများစုသည် အလုပ်အကိုင်ရှားပါးလာပြီး တဖက်တွင်လည်း ကုန်စျေးနှုန်းများမြင့်တက်လာမှုကြောင့် စားဝတ်နေရေးခက်ခဲလာကြောင်း သိရသည်။ အာဏာသိမ်းပြီး ၃ နှစ်နီးပါးရှိလာချိန်တွင် ပြည်တွင်းကုန်စျေးနှုန်းမတည်ငြိမ်မှု‌ကြောင့် နေ့စားအလုပ်သမားများသည် လုပ်အားခနှင့် အသုံးစရိတ် ဖူလုံမှုမရှိတော့ဘဲ အခက်အခဲကြုံတွေ့ရကြောင်း ဇူလိုင် ၂၇ ရက်နေ့တွင် သိရသည်။ ” ကျမတို့ရွာက စပါးတွေ လယ်တွေမစိုက်ကြဘူး၊ လက်ဖက် လိမ္မော်အဓိက စိုက်တယ်၊…

စစ်ကောင်စီထုတ်‌မည့် နှစ်သောင်းကျပ်တန်ငွေစက္ကူကို အမျိုးသားညီညွတ်ရေးအစိုးရက တရားမဝင်ငွေစက္ကူများအဖြစ် ထုတ်ပြန်

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၇၊၂၀၂၃ စစ်ကောင်စီထုတ်‌မည့် နှစ်သောင်းကျပ်တန်ငွေစက္ကူကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ဇူလိုင်လ(၂၃)ရက်နေ့တွင် စစ်ကောင်စီက လာမည့်ဇူလိုင်လ(၃၁)ရက်နေ့ကစပြီး နှစ်သောင်းကျပ်တန်ငွေစက္ကူကို ထုတ်ဝေမည် ဟု ကြေညာထားပြီး ထိုငွေနှစ်သောင်းကျပ်တန်ကို အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။ အဆိုပါလုပ်ရပ်သည် တရားမဝင်စစ်ကောင်စီအနေဖြင့် ၎င်းတို့သက်ဆိုးရှည်စေရန်နှင့် ပြည်သူလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ…

ဇွန်လအတွင်း စစ်ကောင်စီတပ်သား ၄၁၇ ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရမိဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ဆို

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၆၊၂၀၂၃ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ(၁)လအတွင်း စစ်ကောင်စီတပ်သား ၄၁၇ဦးသေဆုံးပြီး လက်နက်အများအပြားသိမ်းဆည်းရမိကြောင်း ဇူလိုင် ၂၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။ စစ်ဒေသ(၁)နယ်မြေများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊မန္တလေးတိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် တိုက်ပွဲပေါင်း ၃၇၄ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၅၂၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုထားပါသည်။ ယင်းတိုက်ပွဲပေါင်း ၃၇၄ကြိမ်အနက် တော်လှန် ရေးအင်အားစုနှင့် ထိတွေ့တိုက်ပွဲ ၁၀၃ ကြိမ်၊…

မောက်မယ်တွင် RCSS တပ်ဖွဲ့ ထောင်ထားသည့်မိုင်း နင်းမိပြီး ရွာသားတစ်ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၅၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ နမ့်ပါတဲက်ကျေးရွာ ဒေသခံတစ်ဦးသည် ဇူလိုင်လ ၂၃ ရက်နေ့တွင် RCSS တပ်ဖွဲ့ထောင်သည့် မိုင်းကို နင်းမိပြီး သေဆုံးခဲ့ရကြောင်း သိရသည်။ ‌မိုင်းနင်မိ၍ အသက်ဆုံးရှုံးသည့် ခွန်မောင်သန်း အသက် ၃၂နှစ်သည် တောင်ယာသို့ အသွားလမ်းတွင် RCSS တပ်ဖွဲ့က ထောင်ထားသည့် မိုင်းအားနင်မိခဲ့ခြင်း ဖြစ်သည်။ “သူက…

PDFအပါအဝင် တော်လှန်ရေးပြုလုပ်နေသူများ တွေ့ရှိပါက အကြောင်းကြားသတင်းပေးရန် ဒေသခံများအားခေါ်ပြော

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၅၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ၊ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုရှိ အင်းကြီးကျေးရွဘုန်းကြီးကျောင်း တွင် PDF အပါအဝင် တော်လှန်ရေးပြုလုပ်နေသူများကို တွေ့ရှိပါက အကြောင်းကြားသတင်းပေးကြရန် စစ်ကောင်စီနှင့် လက်အောက်ခံများက အစည်းအဝေးခေါ်ပြောခဲ့ကြောင်း သိရှိရပါသည်။ အစည်းအဝေးပွဲကို ဇွန်လိုင်လ ၂၄ ရက်နေ့တွင် ​ပြုလုပ်ခဲ့ပြီး အနီးအနားရှိကျေးရွာများမှ လူဦးရေ တစ်ရာကျော်တက်ရောက်ခဲ့ကြောင်း ခမ်းသားငေါဝ်းမှ စုံစမ်းသိရှိရပါသည်။ ” လာဟောပြောတာက စစ်သားတွေလည်းပါတယ်…