Category: သတင်း

အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း ဒီမိုကရေစီလှုပ်ရှားသူများနှင့် ပြည်သူများသေဆုံးမှု ၅၇၀၀ ဦးကျော်ထိရှိလာ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ စစ်အာဏာသိမ်းချိန်မှစပြီး ယခုလအောက်တိုဘာလ ၂ ရက်ထိစစ်ကောင်စီ နှင့် လက်ပါးစေများကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းသေဆုံးသူ (၅၇၂၆) ဦး ရှိပြီးဖြစ်ကြောင်းနိုင်ငံ ရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားသည်။ ထို့အပြင်…

သံဃာတွေပါမကျန် သန်းခေါင်စာရင်းကောက်ယူနေခြင်းအပေါ်သံဃသမဂ္ဂ (မန္တလေး)အဖွဲ့မှ ကန့်ကွက်ရှုပ်ချ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ စစ်ကောင်စီသည် သံဃာတွေပါမကျန် သန်းခေါင်စာရင်းကောက်ယူနေခြင်းများလုပ်ဆောင်နေခြင်းအပေါ် သံဃသမဂ္ဂ (မန္တလေး)အဖွဲ့မှ အပြင်းအထန် ကန့်ကွက်ရှုပ်ချကြောင်း ထုတ်ပြန်ထားပါတယ်၊၊ မန္တလေးမြို့နယ် ကျောင်းတိုက်အချို့ကို စက်တင်ဘာလ ၂၈ ရက်နေ့တွေမှာ စစ်ကောင်စီ လက်အောက်ခံ (မ.ဟ.…

သုံးရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ​(၄)သေဆုံး (၁၁)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ သီပေါမြို့ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ​(၄)သေဆုံး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲတစ်လအတွင်း တအာင်းဒေသရှိပြည်သူ ၂၆ ဦးသေဆုံး၊ ၄၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်၊၊ တအာင်းဒေသ…

စစ်ပွဲဖြစ်ပေါ်နေသည့်ဒေသများအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက် ပြည်သူများအ‌နေဖြင့် ဘေးအန္တာရာယ်ကင်းစေရန် (NUG)မှ အသိပေးထုတ်ပြန်

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ စစ်ပွဲများဖြစ်ပေါ်နေသည့် ဒေသများတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် နေအိမ်သို့ ပြန်သွားလျှင် ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများက ဘေးကင်းလုံခြုံကြောင်း ကြေငြာပြီးမှသာလျှင် နေရပ်သို့ပြန်ရန် အရေးကြီးကြောင်း (NUG) မှ အောက်တိုဘာလ (၂)ရက်နေ့တွင် ထုတ်ပြန်ထားသည်။…

ခေါင်းနွဲ့ရွာတွင်ရေဘေးကြောင့် တကယ့်ဆုံးရှုံးခံရသူထံ ကူညီထောက်ပံ့ပစ္စည်းမရောက်ရှိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ ခေါင်းနွဲ့ရွာတွင် ရေဘေးသင့်ပြည်သူများကို အလှူ ရှင်များက လာရောက်ထောက်ပံ့ရာ အညီအမျှမရရှိကြောင်း ဒေသခံတချို့ထံမှ သိရှိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းလွိုင်လင်မြို့နယ် ခေါင်းနွဲ့ရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်က အလှူရှင်အဖွဲ့များက အရေးပေါ်…

ကလောမြို့ကို လူငယ်အင်အား တစ်ရာကျော်ဖြင့် ရွံ့နွံများရှင်းလင်းရာ ၈၀ ရာခိုင်နှုန်းပြီးစီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ ကလောမြို့ကို လူငယ်အင်အား တစ်ရာကျော်ဖြင့် ရွံ့နွံများကို ရှင်းလင်းကူညီဆောင်ရွက်ပေးရာ ၈၀ ရာခိုင်နှုန်း ပထမအဆင့် ပြီးစီးဟု နမ့်လတ် လူမှုကူညီကယ်ဆယ်ရေး အသင်း ထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊…

ရပ်စောက်မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက တင်းကြပ်စွာစစ်ဆေးမှုပြုလုပ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၊ ၂၀၂၄ ယခုရက်ပိုင်း ရပ်စောက်မြို့အဝင်အထွက်စစ်​ဆေး ရေး ဂိတ်တွင်စစ်ကောင်စီက တင်း​ကြပ်စွာစစ်ဆေးနေပြီးဒေသခံ သွားလာသူများပါအခက်ခဲကြုံရကြောင်းသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းရပ်စောက်မြို့ရှိ မြို့အဝင်အ ထွက်စစ်ဆေးရေးဂိတ်ကို စစ်ကောင်တင်းကြပ် စွာစစ်ဆေးနေပြီး အဝင်အထွက်လုပ်သည့်ဒေသခံလည်း အခက်ခဲဖြစ်စေကြောင်းအသက် ၂၅ နှစ်အရွယ်…

တောင်ကြီး ဘုရားဖြူရပ်ကွက်တွင် သန်းခေါင်စာရင်းများစတင်ကောက်ယူနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၊၂၀၂၄ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင်သန်းခေါင်စာရင်းများစတင်ကောက်ယူနေပြီးဖြစ်ကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ ၌ အောက်တိုဘာလ ၁ ရက်နေ့တွင် သန်းခေါင်စာရင်းများလာရောက်ကောက်ယူသွားသည်။ ” မနေ့ကလာသွားတာ စာရင်းကောက်တဲ့သူ ၃ ယောက်ရယ်၊…

စစ်ကောင်စီကမ်းလှမ်း ဖိတ်ခေါ်ချက်ကို ပြတ်ပြတ်သားသား ပယ်ချကြောင်း NUCC နှင့် NUG ပူးတွဲထုတ်ပြန်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၊ ၂၀၂၄ စစ်ကောင်စီမှ နိုင်ငံရေးအရ ဖြေရှင်းရန် ဖိတ်ခေါ်ခြင်းသည် ဟန်ပြဖိတ်ခေါ်မှုသာဖြစ်ပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ကို သပ်လျှိုဖြိုခွဲရန်နှင့် ၎င်းတို့နှင့် နီးစပ်သော နိုင်ငံတကာအဖွဲ့အစည်းများ၏ အမြင်ကောင်းစေရန် အနှစ်သာရမဲ့သည့် အားထုတ်မှုတစ်ရပ်သာ ဖြစ်သော‌ကြောင့် ပြတ်ပြတ်သားသား ပယ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ…

ရွှေညောင်နှင့် ညောင်ရွှေ တို့တွင် ရေကြီးနစ်မြုပ်ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှု သိန်းပေါင်းသောင်းကျော် ပျက်စီးခဲ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၊ ၂၀၂၄ နေအိမ်နှင့်ဆိုင်ခန်းများ ရေကြီးနစ်မြုပ်ခံရ၍ ရွှေညောင်နှင့် ညောင်ရွှေတို့တွင် ထိခိုက်ဆုံးရှုံးမှု ငွေကျပ် သိန်းပေါင်းသောင်းကျော် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် စက်တင်ဘာလ (၁၁) ရက်ကရေကြီး…