Category: သတင်း

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး စည်းရုံးရေးဆင်းပြီးနောက် စစ်ကောင်စီက ထိုရွာအတွင်း​လျှပ်စစ်မီးလိုင်းဖြတ်တောက်ထား

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၃၊ ၂၀၂၄ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF က ရပ်စောက်မြို့ရှိ ကျေးရွာအချို့ကိုစည်းရုံးရေးဆင်းခဲ့ပြီးနောက် အဆိုပါကျေးရွာများသို့ စစ်ကောင်စီတပ်သားများရောက်လာပြီး လျှပ်စစ်မီးများဖြတ်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ကောင်းဘို့ကျေးရွာအုပ်စုတွင်းရှိ ကျေးရွာအချို့ကို DPLF ကစက်တင်ဘာ ၁၉ ရက်က ကျေးရွာအတွင်းစည်းရုံးရေးဆင်းစစ်ရေးလှုပ်ရှားလာသည်ဟု မဲတော​​ကျေးရွာဒေသခံတစ်ဦးကပြောသည်။ ” စစ်သားပဲလာလာ တော်လှန်ရေးအဖွဲ့ပဲလာလာ လျှပ်စစ်မီးဖြတ်ဖို့အကြောင်းမှမဟုတ်တာ” ဟု မဲတော​​ကျေးရွာမှာနေထိုင်သူ အမျိုးသားတစ်ဦးကပြောပါသည်။ ကောင်းဘို့ကျေးရွာ၊…

စစ်ဘေးရှောင်ခဲ့ရသည့်တောင်မဲသင်းဒေသခံများ ပြန်လည်ထူထောင်ရေးအတွက်အခက်ခဲရှိနေ

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊၂၀၂၃ တိုက်ပွဲကြောင့်စစ်ဘေးတိမ်းရှောင်ခဲ့ရသည့်ရှမ်းပြည် နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်မဲသင်း ဒေသခံများ ပြန်လည်ထူထောင်ရေးအတွက်အခက်ခဲရှိနေကြောင်းသိရသည်။ စစ်​ဘေးရှောင်ခဲ့ရသည့် တောင်မဲသင်းဒေသခံများသည် ဇူလိုင်လလယ်ကတည်းက နေရပ် ပြန်လာကြသော်လည်း စားဝတ်နေရေးအတွက်အခက်ခဲကြုံတွေ့နေရကြောင်းသိရ သည်။ “ရွာကိုစပြန်တဲ့ရက်ကဆိုခုထိမေ့လို့မရသေးဘူး။ခြောက်ကပ်ပြီးအိမ်တွေဆိုတော်တော်များများပျက်စီးနေတာမြင်ရတယ် အိမ်ပေါ်တက်တော့လည်းတစ်အိမ်လုံးကိုမွှေထားတာ ဘာမှရစရာမရှိဘူး။ ဆန်၊ ဆီ၊ စပါး စားလို့ရတဲ့ဟာဆိုလည်းမကျန်ဘူးယူသွားကြတယ်။စိုက်ပျိုးဖို့မျိုးစေ့တွေလည်းအကုန်ပြန်ဝယ်ရတယ်”ဟု တောင်မဲသင်း ဒေသခံတစ်ဦးကပြောသည်။ ထိုဒေသတွင် ပြောင်း၊စပါး၊နှမ်း၊မြေပဲ၊ငရုပ်သီးစ သည့်သီးနှံများကိုအဓိကထားပြီးစိုက်ပျိုးကြောင်းသိရသည်။ စိုက်ပျိုးသီးနှံများစိုက်ပျိုးရာတွင်လည်း မိုင်းအန္တရာယ်ကြောက်သည့်အတွက် ခြံ၊…

ဈေးကွက်တွင် ဂျင်းဈေးကောင်းရသလောက် စိုက်ပျိုး‌တောင်သူများထံတွင် ဈေးကောင်းမရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊၂၀၂၃ ယခုနှစ်တွင် နိုင်ငံခြားသို့ ဂျင်းတင်ပို့မှုအားကောင်းသဖြင့် ဈေးကွက်အတွင်း ဂျင်းဝယ်လိုအားကောင်း ပြီး ဂျင်းဈေးကောင်းရရှိနေကြောင်း ဂျင်းဝယ်ရောင်းသူတစ်ဦးထံမှ သိရသည်။ ဈေးကွက်အတွင်း ဂျင်းဈေးကောင်းရရှိသ‌လောက် စိုက်ပျိုးတောင်သူများထံတွင် ဈေးကောင်းမရရှိ‌နေကြောင်း စက်တင်ဘာလ ၅ ရက်နေ့တွင် သိရသည်။ ယခုလက်ရှိဈေးကွက်အတွင်း ဂျင်းဥမအခက် (ကြီး) ၁ပိဿာ ၆၅၀၀/၇၀၀၀ ကျပ်၊ ဂျင်းဥမ(အ သေးစ) ၃၅၀၀ ကျပ်အထိ…

နောင်တရားဒေသတွင် PNO/PNA က ၎င်း၏တပ်ထဲဝင်ရာက်ရန် ဟောပြောစည်းရုံးသည့်ပွဲကို ဒေသခံများအား မတက်မနေရ တက်ခိုင်း

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့အရှေ့ဖက်ခြမ်းရှိကျေးရွာများတွင် PNO/PNA အဖွဲ့က ၎င်းတို့၏တပ်ထဲ ဝင်ရောက်ကြရန်‌ ဒေသခံများခေါ်စုပြီး လိုက်ဟောပြောစည်းရုံးနေ ကြောင်း သိရသည်။ စက်တင်ဘာလ၂ ရက်နေ့က ဟောပြောစည်းရုံးပွဲ ပြုလုပ်ခဲ့သည့် နောင်တရားမြို့အရှ့ဖက်ခြမ်း‌ ကျေးရွာတွင် ၎င်းတို့ လူခေါ်စုသည့်ဟော‌ပြောပွဲကို ဒေသခံများမှ တစ်အိမ်တစ်ယောက် မတက် မနေရအတင်းအဓမ္မတက်ရောက်ခိုင်းခြင်းရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ” သူတို့…

သြဂုတ်လအတွင်း ကရင်နီပြည်တစ်ဝှမ်းတွင် တိုက်ပွဲအကြိမ် ၅၀ ခန့်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၁၀ ခန့်သေဆုံးဟု KNDF ဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊၂၀၂၃ ကယား(ကရင်နီ)ပြည်နယ်တစ်ဝှမ်းနှင့် ဒီးမောဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ်ကထိန်းချုပ်​နိုင်ရေးအတွက် သြဂုတ်လ ၂ ရက်နေ့မှစ၍ စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲ ၅၀ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၁၀ ဦး သေဆုံးကာ စစ်သုံ့ပန်း ၃ ဦး နှင့်လက်နက်ခဲယမ်များဖမ်းဆီးရမိ​ကြောင်း ယနေ့တွင် KNDFမှ ထုတ်ပြန်ထားပါသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု့…

တိုက်ပွဲကြောင့်နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် နန်းနိမ့်ရွာဒေသခံများ နေရပ်ပြန်လာနိုင်ပြီဟုဆို

ခမ်းသားငေါ၀်း စက်တင်ဘာလ ၄၊ ၂၀၂၃ တိုက်ပွဲ ကြောင့်နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်‌ ကျေးရွာရှိ ဒေသခံ​ပြည်သူများသည် မိမိနေအိမ်သို့ပြန်လာပြီး စိုက်ပျိုးလုပ်ကိုင် နေကြပြီဖြစ်ကြောင်းစက်တင်ဘာလ ၄ ရက်နေ့ကသိရသည်။ နန်းနိမ့်ကျေးရွာဒေသခံများသည် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ်ရှိ ပင်ခွန် စစ်ရှောင်စခန်း၊ နန်းထာစစ်ရှောင်စခန်း၊ ပင်လောင်းစစ်ရှောင်စခန်း၊နောင်တရားစစ်ရှောင်စခန်း၌ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ “ကျွန်မတို့ပြန်လာတာက၂ လလောက်ရှိပြီအစပိုင်းတော့အိပ်‌ တောင်မအိပ်ရဲဘူးအသွားအပြန်လုပ်ပြီးခြံတွေသွားတယ်။ ခုတော့တော်‌တော်များပြန်လာနေကြပြီ။ တစ်ခါတစ်လေလက်နက်ကြီးအသံကြား‌ရပေမဲ့မိသားစုစားဝတ်နေရေးရှိသေးတော့ ကြောက်ကြောက်နဲ့ပြန်လာပြီးလုပ်ကိုင်နေကြတယ်။တစ်ချို့ကသူတို့ကလေးတွေကျောင်းတတ်နေလို့မပြန်လာတာလည်းရှိတယ်”ဟု‌နေရပ်ပြန် ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို…

ဈေးကွက်အတွင်း တရုတ်အာလူးအဝင်များသဖြင့် ဒေသထွက်အာလူးစျေးကျပြီး တွက်ချေမကိုက်

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရားမြို့နယ်ရှိအာလူးစိုက်တောင်သူများသည် လတ်တလော ဒေသထွက်အာလူးစျေးကျနေသဖြင့် တွက်ချေမကိုက်ပဲ အရှုံးပေါ်နေကြောင်း စက်တင်ဘာလ ၂ရက်နေ့တွင် အာလူးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။ စျေးကွက်အတွင်း တရုတ်အာလူးအဝင်များသဖြင့် ဒေသထွက်အာလူးများ ဈေးကျပြီး ဒေသတွင်း အာလူးစိုက်ပျိုးတောင်သူများ၏ အာလူးဈေးကွက် ထိခိုက်လာရခြင်းဖြစ်သည်။ ဩဂုတ်လအဝင်ပိုင်းတွင် အာလူး(ကြီး)စျေးနှုန်း ၁ပိဿာ ၃၃၀၀/၃၅၀၀ကျပ်၊ အာလူး(သေး) ၁ပိဿာ ၁၆၀၀/၂၀၀၀ ကျပ် အထိစျေးရရှိခဲ့ပြီး…

ပင်လောင်းတွင် မူးယစ်ဆေးကြောင်သူ များလာသဖြင့် ပြည်သူများမိမိ၏လုံခြုံရေး အမြဲစိုးရိမ်နေရ ဟုဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း ရှိ ကျေးရွာများတွင် မူးယစ်ဆေးကြောင်သူများလာ သဖြင့် ဒေသတွင်းရှိ ပြည်သူများက မိမိ၏လုံခြုံ ရေးကို အမြဲစိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ပင်လောင်းဒေသတွင် မူးယစ်‌ဆေးဝါး ရောင်းဝယ်သုံးစွဲ သူများကို ဒေသတွင်း အာဏာပိုင်များက ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းမရှိသဖြင့် မူးယစ် ရောင်းဝယ် သုံးစွဲသမားများကလည်း ပိုမိုအတင်းရဲလာကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ…

စစ်ကောင်စီတပ်ပစ်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နမ့်ဖက်ကာ‌ဒေသခံအမျိုးသား၂ ဦးသေဆုံး၊၂ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာ၊ ဇီးတဘန်ရွာအတွင်း ယနေ့စက်တင် ဘာလ (၁)ရက်နေ့ နေ့လည် ၂နာရီအချိန်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ချမှုကြောင့် ဒေသခံအမျိုးသား(၂) ဦးသေဆုံးပြီး(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့စက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းအချိန်တွင် စစ်ကောင်စီတပ် နှင့် တအာင်းအမျိုးသားတပ်မတော် (TNLA) တပ်အကြား တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲငြိမ်သွားသည့် နေ့လည် ၂…

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် EAO ရဲ့အခန်းဏ္ဍလက်တွေ့ကျကျပါဝင်နိုင်ဖို့ NSPNC နှင့် EAO (၅)ဖွဲ့ တွေ့ဆုံဆွေးနွေး ဟုဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊၂၀၂၃ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် EAO ၏အခန်းဏ္ဍလက်တွေ့ကျကျပါဝင်နိုင်ရေး နှင့် လာမည့်အောက်တိုဘာလတွင် ကျရောက်မည့် NCA (၈) နှစ်ပြည့်အခမ်းအနားကို အဓိပ္ပါယ်ပြည့်ဝစွာကျင်းပနိုင်ရေး အချက်များအား ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ-NSPNC နှင့် EAO (၅)ဖွဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲအား နေပြည်တော်တွင် ဩဂုတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိတွေ့ဆုံဆွေးနွေးခဲ့ပြီး အချက်(၅)ချက်အား အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။ ”…