Category: သတင်း

အောင်ပန်း-တောင်ကြီးလမ်းတွင် ဆိုင်ကယ်တိမ်းမှောက်ပြီး နှစ်ဦးသေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊၂၀၂၃ အောင်ပန်း- တောင်ကြီးလမ်းပေါ်တွင် ဆိုင်ကယ်မောင်းနှင်သူနှစ်ဦး ဆိုင်ကယ်တိမ်းမှောက်ပြီး အဆိုပါနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရပါသည်။ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် အောင်ပန်း- တောင်ကြီးလမ်း happy city အကျော် ပညာရေး (၃)ထပ်ဂိတ်ရှေ့အနီးရှိ ဓာတ်မီးတိုင်ကို အမည်မသိ ဆိုင်ကယ်မောင်းနှင်လာသူနှစ်ဦးက ဝင်တိုက်ပြီး အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း…

ပအိုဝ်းအမျိုးသမီးသမဂ္ဂ အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုကိုပြည်သူနှင့်အတူဆက်လက်တိုက်ပွဲဝင်မည်ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၆၊ ၂၀၂၃ ပအိုဝ်းအမျိုးသမီးသမဂ္ဂ အနေဖြင့် အမျိုးသမီး အခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို ပြည်သူနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုသွားသည်။ “အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပွဲတွေ၊ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ နေ့စဉ်နှင့်အမျှ ပိုပိုဆိုးလာတဲ့အတွက် ၂၄ နှစ်ပြည့် အထိမ်းအမှတ်ကနေစပြီး ပိုပြီးတော့ ပြည်သူလူထုနှင့်အတူ တိုက်ပွဲတွေ ပိုပြီး လုပ်ဆောင်သွားဖို့ရှိပါတယ်။ “ ဟု PWU…

ဓနုဒေသတွင်၂၀၂၃ ကာလအတွင်းခရီးသွားများ တဖြည်းဖြည်းများပြားလာ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၆၊ ၂၀၂၃ အာဏာသိမ်း​ပြီးကာလအတွင်း ခရီးသွားများထက်ဝက်လျော့ကျသွားသော်လည်း၂၀၂၃ ခုနှစ် ရွာငံနှင့် ပင်းတယနယ်တွင် ခရီးသွားများတဖြည်းဖြည်း များပြားလာကြောင်း ခရီးသွားပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးပြောပြချက်အရသိရသည်။ ရှမ်းတောင်ရှိ ပင်းတယနှင့် ရွာငံဒေသများတွင်ပြည်တွင်းခရီးသွားများ တဖြည်းဖြည်း များလာပြီး နိုင်ငံခြားခရီးသွားလာနေမှုက နည်းပါးနေဆဲဖြစ် ကြောင်းစုံစမ်းသိရှိရပါသည်။ ယခုဆောင်းဦးရာသီဖြစ်သည့်အတွက် ခရီးသွားများပို၍လာရောက်နိုင်ပြီး နောက်နှစ်၂၀၂၄ အထိပါပိုမိုများပြားလာရောက်နိုင်ရန်မျှော်မှန်းထားကြောင်းခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကယခုလိုပြောပြထားသည်။ “အခုက ဆောင်းဦးကာလလည်း ဖြစ်တော့ ခရီးသွားတဲ့သူတွေက တဖြေးဖြေးနဲ့များလာတယ်၊…

ရှမ်းမြောက်တွင်တိုက်ပွဲကြောင့်ဒေသခံလူထုသောင်းချီထွက်ပြေးတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၆၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်တိုက်ပွဲဖြစ်ပွားခြင်းကြောင့် အိုးအိမ်​နေရပ်စွန့်ခွါပြီးစစ်ဘေးရှောင်ပြည်သူ သောင်းချီရှိလာခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ၂၇ ရက်နေ့မှစပြီး နိုဝင်ဘာလ ၆ ရက်နေ့အထိ နေ့စဉ်တိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားလျက်ရှိကာ ပြည်သူများဘဝနေထိုင်မှု လုံခြုံမှုမရှိကြောင်းရှမ်းမြောက်ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “ဒီစစ်ဆင်ရေးစတင်ကြေညာတဲ့ရက် တိုက်ပွဲစဖြစ်တဲ့ရက်ကစပြီး ပြည်သူတွေလုံခြုံမှုမရှိတော့ဘူးလေ။ အဲ့ရက်ကတည်းကတချို့ကရှောင်နေရပြီ။ခုထိရှောင်နေရသူ ဦးရေအတိကျမသိရပေမဲ့ သောင်းချီရှိနေပါပြီ။ မရှောင်လည်း တိုက်ပွဲကြောင့်အသက် ဆုံးရှူံးနေတာကရှိတာကို ကလေးကအစ လုံခြုံမနေတော့ ကြောက်ကြတာပေါ့။”ဟု ရှမ်းမြောက်ဒေသခံတစ်ဦးကပြောသည်။ စစ်ရေးပဋိပက္ခနေ့စဉ်ဖြစ်ပွားနေမှုကြောင့်…

ကောလင်းခရိုင် ကောလင်းမြို့ကို PDF များ သိမ်းပိုက်ပြီး၊ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိဟုဆို

ခမ်းသားငေါဝ်း၊ နိုဝင်ဘာ ၆၊ ၂၀၂၃ အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင် ကွတ်ကဲရေး အစီစဥ်ဖြင့် ကောလင်းမြို့ကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများပြားသိမ်းဆည်းရမိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ထုတ်ပြန်ချက်အရသိရသည်။ စစ်ကိုင်းတိုင်း၊ ကောလင်း ခရိုင်၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့က ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့…

အင်းလေးတွင်ကျပ်သိန်းပေါင်းသိန်းချီလိမ်လည်သွားသူ ရောက်ရာအရပ် ဌာနဆိုင်ရာကိုလာဘ်ထိုးပြီးနေထိုင်နေဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၅၊ ၂၀၂၃ အင်းလေးဒေသ အင်းပေါခုံရွာအတွင်း ဒေသခံများထံမှကြေးငွေကိုလိမ်လည်ပြီးထွက်ပြေးနေသည့် ကိုဇင်မင်းထွန်းလင်မယား သည်လက်ရှိမွန်ပြည်နယ် မော်လမြိုင်မြို့ သံဖြူဇရပ်တွင်ရောက်ရှိနေထိုင်နေကြောင်း သိရသည်။ ထိုသူမိသားစု လွတ်လပ်စွာသွားလာနေထိုင်နိုင်ရန် ယင်းဒေသရှိဌာနများ၏ စခန်းမှူး၊ မြို့နယ်မှူးများကိုပိုက်ဆံနှင့်လိုက်ကန်တော့ခြင်းလာဘ်ထိုးခြင်းများပြုလုပ်နေကြောင်းသတင်းရင်းမြစ်ကပြောသည်။ “ကျွန်တော်တို့ဒီမှာခေါ်တာကဇင်မင်းလို့ခေါ်တယ်။ ဒီလူက ကုတ်ဆွဲပြီးဖမ်းလို့တော့မရဘူး။ သူက လူကြီးတွေ စခန်းမှူးတို့ မြို့နယ်မှူးတို့ကို တမင်ပေးကမ်းထား ကန္တော့ထားတာ၊ လာဘ်ထိုးတာအဲ့လိုဖြစ်နေတယ်။ ခုချိန်အာဏာပိုင်တွေက ဝိတ်ရှိတော့ သူကလာဘ်ထိုးပစ်တာအဲ့လိုမျိုး၊ဘောစိပုံစံနဲ့ပေါ်ပေါ်တင်တင်ဘဲ”ဟုတရားခံဇင်မင်းထွန်းနှင့်နီးစပ်သူတစ်ဦးက…

မြောက်ပိုင်း ညီနောင်မဟာမိတ် အဖွဲ့က စစ်ကောင်စီ တပ်စခန်းများကို ဆက်လက်သိမ်းပိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာလ ၅၊ ၂၀၂၃ ၁၀၂၇ စစ်ဆင်ရေး (၉) ရက်မြောက်နေ့တွင်လည်း ညီနောင်မဟာမိတ် (၃)ဖွဲ့ တို့စစ်ဆင်ရေးပစ်မှတ်ဖြစ်သည့် စစ်ကောင်စီတပ်စခန်း ၇ ခု ကိုထပ်မံသိမ်းပိုက် နိုင်ခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့၏ လက်ရှိ ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွဲလာသည့် (၉)ရက်နေ့မြောက်အထိ ကြာမြှင့်လာချိန်တွင် စစ်ကောင်စီ တပ်စခန်း ၁၀၆ ခုအထိ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။…

ဆောင်းပြောင်းတွင် လက်နက်ကြီးသံနှင့် ကောလဟာလသတင်းစကားကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ဖြစ်ရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းကျေးရွာအနီးတွင် လက်နက်ကြီးသံနှင့် ကောလဟာလသတင်းစကားကြောင့် ဒေသခံများ မအိပ်နိုင်ဘဲ စိုးရိမ်ထိတ်လန့်ဖြစ်နေရကြောင်းဒေသခံများပြောပြချက်အရ သိရသည်။ ဆောင်းပြောင်း‌ကျေးရွာအနီး‌တွင် နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၁ နာရီအချိန်တွင် လက်နက်ကြီးပစ်ခတ်သံ ၃ ကြိမ် နှင့် လက်နက်ငယ်အသံများ‌ ကြောင့် ဒေသခံများမအိပ်နိုင်ဘဲ စိုးရိမ်နေကြရကြောင်း ဒေသခံများက ပြောဆိုသည်။ “အသံကတော်တော်ကျယ်တယ်။ ရွာရဲ့‌‌တောင်ဘက်ကနေကြားရတာ။…

KNDF နှင့်မဟာမိတ်တပ်ပေါင်းစုများ အောက်တိုဘာလတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း(၃၀)ကျော်ဖြစ်ပွား ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၄၊၂၀၂၃ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် မဟာမိတ်တပ်ပေါင်းစုများသည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း(၃၀)ကျော် ဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာလ စစ်ရေးအနှစ်ချုပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ကယား(ကရင်နီ)ပြည်နယ်တွင် အောက်တိုဘာလအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် မဟာမိတ်တပ်ပေါင်းစုများသည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း(၃၀)ကျော် ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားမျိုးသားကာကွယ်ရေးတပ် KNDF က နိုဝင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ တိုက်ပွဲများသည် ဖရူဆို-ဘောလခဲ ပြည်‌ထောင်စုလမ်းမကြီးတစ်လျှောက်တွင် အများဆုံးဖြစ်ပွားခဲ့ပြီး…

ကွတ်ခိုင်တွင် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်၍ ဒေသခံများ တစ်ရက်ကို ထမင်းတနပ်သာ စားသုံးရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၃၊၂၀၂၃ ကွတ်ခိုင်တွင် တိုက်ပွားဖြစ်ပွားမှုကြောင်း ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်ပြီး ဒေသခံများ တရက်ကို ထမင်းတနပ်သာ စားသုံးရကြောင့် ဒေသခံများပြောဆိုချက်အရ သိရသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နှင့် ကွတ်ခိုင်မြို့နယ်ရှိကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်ပြီး အလယ်အလတ်လူတန်းစားများက တစ်ရက်ကို ထမင်းတစ်နပ်သာစားသုံးနိုင်ကြသလို အခြေခံလူတန်းစားများအချို့သည် ဆန်ပြုတ်သာသောက်နေရကြောင်း သိရသည်။ “တစ်ချို့ရွာတွေမှာဆိုရင် ဆန်ပြုတ်တွေ စသောက်နေကြပြီ၊ တစ်ချို့မြို့နေလူတန်စားတွေကတော့ လျော့စားကြပြီ‌။ မနက်စာတောင်မစားတော့ဘူး တစ်ရက်ကိုတနပ်ပဲစားတော့တယ်”…