Category: သတင်း

နမ်းခမ်းမြို့လယ်ဘုရားဝန်းတွင် စခန်းချသည့်စစ်တပ် နှင့် ပြည်သူ့စစ်များကို TNLA ကဝင်စီးရာစစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၉၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့လယ်ဘုရားဝန်းတွင် စခန်းချနေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များအား တအာင်းတပ်မတော် TNLA မှဝင်စီးပြီး စစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးခဲ့ကြောင်းနမ့်ခမ်းမြို့ခံတစ်ဦး‌က ပြောဆိုသည်။ စစ်ကောင်စီတပ်သား နှင့်ပြည်သူ့စစ်များထံမှ လက်နက်ခဲယမ်းများ စစ်ပစ္စည်းအသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ “အရှင် ၁၇ ယောက်မိတယ်လို့ပြောတယ်။ ပစ်ခတ်​နေတုန်းပါ၊နမ့်ခမ်းရှိ စစ်ကောင်စီစခန်းကြီးတစ်ခုသိမ်းရဖို့ TNLAကြိုးပမ်းနေတယ်။ မနေ့ညထိတော့ကြားရတယ်” ဟု…

စစ်ကောင်စီ ဦးဆောင်ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မသွားကြဖို့ ဒေသခံလူငယ်များ တောင်းဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၉၊၂၀၂၃ စစ်ကောင်စီဦးဆောင်ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ဒေသခံများ မသွားခြင်းဖြင့် ဆန့်ကျင်ဆန္ဒပြဖို့ ဒေသခံလူငယ်များ တိုက်တွန်းတောင်းဆိုထားတယ် လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ စစ်ကောင်စီဦးဆောင်ကျင်းပမည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ဒေသခံများအ‌နေနဲ့ မသွားခြင်းအားဖြင့် ဆန့်ကျင်ဆန္ဒပြဖို့ ဒေသခံလူငယ်များက ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ “စစ်အာဏာရှင်လုပ်တဲ့ ပွဲတွေမှန်သမျှ ကျွန်တော်အနေနဲ့ လက်မခံဘူး ပြီးတော့…

စစ်ရေးကို ယခုထက်ပိုမိုထိရောက်စေရန် ဟန်ချက်ညီညီဖြင့် လုပ်ဆောင်သွားမည်ဟု ညီနောင်မဟာမိတ်(၃)ဖွဲ့ ဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၉၊၂၀၂၃ “၁၀၂၇စစ်ဆင်ရေး” စစ်‌ဆင်‌ရေးတွင် စစ်ရေးကို ယခုထက်ပိုမိုထိရောက်စေရန် ဟန်ချက်ညီညီဖြင့် လုပ်ဆောင်သွားမည်ဟု ညီနောင်မဟာမိတ်(၃)ဖွဲ့က နိုဝင်ဘာလ(၈)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ (MNDAA/TNLA/AA) တို့စတင်ခဲ့သော “၁၀၂၇စစ်ဆင်ရေး” သည် နိုဝင်ဘာလ(၈)ရက်နေ့၌ (၁၃)ရက်မြောက်နေ့ရှိပြီဖြစ်ပြီး စစ်ရေးကိုယခုထက်ပိုမိုထိရောက်စေရန် စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ကြသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီဖြင့် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။ “၁၀၂၇စစ်ဆင်ရေး”အတွက် အထောက်အကူဖြစ်စေပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သည်လည်း…

ဖမ်းဆီးထားသည့် SSPP တိုက်နယ်မှူးစိုင်းမောင်အောင်ကို ရပ်မိရပ်ဖထံပြန်လည်အပ်နှံ ဟုTNLAဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၈၊၂၀၂၃ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)မှ ဖမ်းဆီးထားသော SSPP ၏တိုက်နယ်မှူးစိုင်းမောင်အောင်အား ရပ်မိရပ်ဖထံပြန်လည်အပ်နှံပြီဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ယနေ့နိုဝင်ဘာ ၈ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားပါသည်။ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့နယ် ဆက်သွယ်ထားသည့်ကားလမ်းမကြီးအား TNLAက တာဝန်ယူထားပြီး TNLA ၏မိုင်းဆက်ရွာ၊ ဖိုင်ကျောင်းရွာနှင့် မန်ဖာရွာလုံခြုံရေးစခန်းတို့ကို SSPP မှ နိုဝင်ဘာလ(၆)ရက်နေ့တွင် ဓါတ်ပုံမှတ်တမ်းများလာ‌ရောက်ရိုက်ကူးခဲ့ကြောင်း ဖော်ပြထားပါသည်။…

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်မဲသင်း၊နမ်းနိမ့်၊လုံးပျဉ် ဒေသခံများ ထိတ်လန့်နေကြ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၈၊၂၀၂၃ ပင်လောင်းတောင်ဖက် တောင်မဲသင်း၊ နမ်းနိမ့်၊ လုံးပျဉ် ဒေသတွင် စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှု‌ကြောင့် ဒေသခံများ ထိတ်လန့် ကြောက်ရွံ့နေကြရကြောင်း‌ ဒေသခံတစ်ဦး‌ ပြောဆိုချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းတောင်ဖက် တောင်မဲသင်း၊ နမ်းနိမ့်၊ လုံးပျဉ် ကျေးရွားများသို့ ယနေ့ နိုဝင်ဘာ ၈ ရက်နေ့တွင် ဖယ်ခုံမြို့ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်သဖြင့် ဒေသခံများ…

မိုးဗြဲမြို့တွင် ဖမ်းဆီးခံရ လူငယ် ၅ ဦးအနက် လူငယ်တစ်ဦးပြန်လည်လွတ်မြှောက်လာသော် လည်း နေအိမ်ပြန်နေခွင့်မရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၈၊၂၀၂၃ မိုးဗြဲမြို့တွင် စစ်ကောင်စီဖမ်းဆီးခဲ့သည့် လူငယ် ၅ ဦးအနက် လူငယ်တစ်ဦးပြန်လည်လွတ် မြှောက်လာ သော်လည်း နေအိမ်ပြန်ခွင့်မရကြောင်း နီးစပ်သူတစ်ဦးထံမှ သိရသည်။ ရှမ်း-ကယား(ကရင်နီ)ပြည်နယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီဖမ်းဆီးခဲ့သည့် လူငယ် ၅ ဦးအနက် နိုဝင်ဘာလ ၄ ရက်နေ့တွင် လူငယ်တစ်ဦးပြန်လည်လွတ် မြှောက်လာကြောင်း နီးစပ်သူဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ စစ်ကောင်စီက ဖမ်းဆီး‌ခေါ်ဆောင်ခဲ့သည့် လူငယ်…

စစ်ကောင်စီ တပ်စခန်း (၃)ခု သိမ်းယူခဲ့ပြီး သံချပ်ကာတင့်ကား(၁)စီးကိုလည်း MNDAA ထပ်မံသိမ်းဆည်းရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၈၊၂၀၂၃ ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ နှင့် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ ခု အပါအဝင် တပ်စခန်း ၃ ခုကို MNDAA က နိုဝင်ဘာလ ၇ ရက်နေ့တွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)သည် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ နှင့် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်တိုက်ခိုက်ပြီး…

စစ်ကိုင်းတိုင်း တမူးခရိုင်ရှိ ခမ်းပတ်မြို့ကို KIA၊ PDF ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာလ ၇၊၂၀၂၃ စစ်ကိုင်းတိုင်းရှိ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ နိုဝင်ဘာလ (၇) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင်…

ရှမ်းမြောက်တိုက်ပွဲတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၂၄ ဦးသေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊၂၀၂၃ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီမှလေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၂၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များ အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု၊ အသက်သေဆုံးမှုနှင့် နေအိမ်များထိခိုက်ပျက်စီးမှုများ…

ဂျင်းဈေးကောင်းသဖြင့် ဂျင်းစိုက်ခင်းများကို ခြံခင်းပြတ်ရောင်းကြရ ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းဒေသရှိ ဂျင်းစိုက်ပျိုးတောင်သူများသည် ဂျင်းဈေးကောင်းသဖြင့် ဂျင်းစိုက်ခင်းများကို ခြံခင်းပြတ်ရောင်းကြရကြောင်း ဂျင်းစိုက်ပျိုးတောင်သူတစ်ဦး ပြောပြချက်အရ သိရသည်။ ယခုလက်ရှိဈေးကွက်အတွင်း ဂျင်းပေါက်ဈေးသည် ဂျင်းဥမအခက်ကြီး ၁ ပိဿာကို ( ၁၀၀၀၀)ကျပ်အထိရှိနေပြီး ဥမအခက်အလတ် ၁ ပိဿာကို ( ၄၅၀၀/၅၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။ “အရင်နှစ်တွေထက်စာရင် ဒီနှစ်‌ဂျင်းဈေးရှိတယ်။အရင်နှစ်က ဒီခြံဆိုသိန်း ၄၀…