Category: သတင်း

လွိုင်ကော်တက္ကသိုလ်အတွင်း Non CDM ဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးနိုင်ခဲ့ ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၅၊၂၀၂၃ ကယား (ကရင်နီ)ပြည် လွိုင်ကော်အနီးတဝိုက်တွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့နှင့် စစ်ကောင်စီတပ် အပြင်းအထန်ဖြစ်ပွားပြီးနောက် လွိုင်ကော်အတွင်း ပြည်သူအများအပြားနှင့် Non CDM များ ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။ လွိုင်ကော်တက္ကသိုလ်မှ Non CDM ဝန်ထမ်းများကို ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုမှ ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။ ၁၁၁၁ စစ်ဆင်ရေး စတင်ချိန်တွင်…

TNLA က စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် တပ်စခန်း(၃)ခု ထပ်မံသိမ်းပိုက်ပြီး ပြည်သူ့စစ်များ လာရောက် လက်နက်ချ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၅ ၊၂၀၂၃ တအာင်းတပ်မတော် PSLF/TNLA ကွတ်ခိုင်မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် တပ်စခန်း(၃)ခု ထပ်မံသိမ်းပိုက်ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။ တအာင်းတပ်မတော် PSLF/TNLA သည် တအာင်းပြည်နယ် တပ်မဟာ(၅)စစ်ဒေသ ကွတ်ခိုင်မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် တပ်စခန်း(၃)ခု ထပ်မံသိမ်းပိုက်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ နိုဝင်ဘာ…

စစ်ကောင်စီ၏ အချိန်အကန့်အသတ်မရှိ Martial Law အမိန့်ကြောင့် အရပ်သားများထိပ်လန့်ဖြစ် ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၄၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီ မြို့နယ်များကို စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေး Martial Law အမိန့်ထုတ်ပြန်လာသောကြောင့် ဒေသခံပြည်သူများထိတ်လန့်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် ဒေသခံများသည် စားနပ်ရိက္ခာများခက်ခဲနေသည့်ကြား Martial Law အမိန့်ကြောင့် ထိပ်လန့်စိုးရိမ်မှုများ ခံစားနေရကြောင်း ဒေသခံများက ပြောဆိုသည်။ “အခုဆိုည…

တစ်လေးလုံးစစ်ဆင်ရေး ပထမရက်တွင် အရပ်သားပြည်သူ ၅ ဦးထက်မနည်းသေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၂၊၂၀၂၃ ကရင်နီ(ကယား)ပြည်နယ် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုံအဖွဲ့များ၏ တစ်လေးလုံးစစ်ဆင်ရေးတိုက်ပွဲများတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီးများ ထိမှန်မှုကြောင့် အရပ်သား ပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း KNDF သတင်းပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦး ပြောပြချက်အရ သိရသည်။ သေဆုံးသည့်အရပ်သားများသည် တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် သေဆုံးရခြင်းမဟုတ်ဘဲ စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးများ ပေါက်ကွဲ ထိမှန်ပြီး သေဆုံးခဲ့ကြရခြင်းဖြစ်ကြောင်း KNDF သတင်းပြန်ကြားရေးထံမှ သိရသည်။…

“၁၁.၁၁စစ်ဆင်ရေး”တွင် ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များ သိမ်းပိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၁၊၂၀၂၃ ကရင်နီပြည်နယ်၊ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များ ဖြစ်သည့် KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ မြို့ပြပျောက်ကျားတပ် နှင့် ရှမ်းတောင် PDF တို့ အတူပါဝင်၍…

မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီး ပိတ်ထားမှုနှစ်ပတ်နီးပါးကြာတွင် ဒေသခံများ အခက်အခဲကြုံ တွေ့လာရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၀၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီးပိတ်ဆို့ထားသောကြောင့် ဒေသခံများအတွက် အခက်အခဲပိုများလာရကြောင့် နမ့်ခမ်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ပြည်ထောင်စုလမ်းမကြီးပိတ်ထားသဖြင့် စားသောက်ကုန်များနှင့် ကုန်ပစ္စည်းအမျိုးမျိုး သယ်ယူပို့ဆောင်ရေး၊ ရောင်းဝယ်တင်ပို့ရေး သွားလာမရသောကြောင့် ဒေသခံများ အခက်အခဲပိုကြုံတွေ့ ရင်ဆိုင်နေရကြောင်း ဆိုသည်။ “ကုန်ဈေးနှုန်းတွေမြင့်တက်လာပြီး အခက်အခဲတွေကြုံတွေ့နေကြတယ်။ တချို့သူတွေက ကြက်ဥဈေးကြီးလွန်းလို့ မဝယ်စားနိုင်တဲ့ လူလတ်တန်းစားတွေအများကြီးပဲ၊ တချို့နေရာဆိုရင် ခရမ်းချဉ်သီးလုံးဝမရှိတော့ဘူး”…

တိုင်းရင်းသားပြည်သူများအကျပ်အတည်းရောက်နေချိန်တွင် ပျော်ပွဲရွှင်ပွဲများပြုလုပ်သည့်လုပ်ရပ်သည် အင်းသားလူမျိုးများဂုဏ်သိက္ခာကိုညှိုးနွမ်းစေသည် ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၀၊ ၂၀၂၃ စစ်အာဏာရှင်တိုက်ဖျက်ရေးအရှိန်မြင့်တက်နေသော ယခုအချိန်ကာလတွင် အင်းအမျိုးသားနေ့ကျင်းပပြီး ပျော်ပွဲရွှင်ပွဲ များပြုလုပ်သည့်လုပ်ရပ်သည် အင်းသားလူမျိုးများ၏ ဂုဏ်သိက္ခာကိုညှိုးနွမ်းစေကြောင်း IWU က ထုတ်ပြန်ထားပါသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများအကျပ်အတည်းရောက်နေချိန်တွင် ပျော်ပွဲ၊ ရွှင်ပွဲများပြုလုပ်ကာ မြူးတူးပျော်ပါးသည့် လုပ်ရပ်သည် အင်းသားလူမျိုးများ၏ ဂုဏ်သိက္ခာကိုညှိုးနွမ်းစေသည့်လုပ်ရပ်ဖြစ်ကြောင်း အင်းလေးအမျိုးသမီးသမဂ္ဂမှ နိုဝင်ဘာလ ၉ ရက်တွင် အင်းသားအမျိုးသားနေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။ “အတုအယောင်ရွေးကောက်ပွဲကျင်းပနိုင်ရေးလုပ်ငန်းစဉ်တွင် အင်းအမျိုးသားအဖွဲ့ချုပ်၏…

“၁၀၂၇စစ်ဆင်ရေး”အား ဥပဒေအထောက်အကူပြုကွန်ရက်က ဥပဒေကြောင်းအရ အသိအမှတ်ပြုကြိုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၀၊၂၀၂၃ မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ဦးဆောင်သည့် “၁၀၂၇စစ်ဆင်ရေး”အား ဥပဒေအထောက်အကူပြုကွန်ရက်က ဥပဒေကြောင်းအရ အသိအမှတ်ပြုကြိုဆိုကြောင်း ထုတ်ပြန်ထားပါသည်။ မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ဦးဆောင်သည့် “၁၀၂၇စစ်ဆင်ရေး”နှင့် ပြည်နယ်အသီးသီးရှိတိုင်းရင်းသား EROS၊ NUG /PDFs၊ KDFs တို့ဖော်ဆောင်လျက်ရှိသော ဗျူဟာမြောက်ပူးတွဲစစ်ဆင်ရေးအား ဥပဒေအထောက်အကူပြုကွန်ရက်က ဥပဒေကြောင်းအရ အသိအမှတ်ကြိုဆိုကြောင်း ယမန်နေ့ နိုဝင်ဘာ(၉)ရက်နေ့တွင် ထုတ်ပြန်သည်။ “၁၀၂၇စစ်ဆင်ရေး” နှစ်ပတ်အတောအတွင်း ညီနောင်မဟာမိတ်(၃)ဖွဲ့တို့သည် စစ်ကောင်စီတပ်စခန်းကြီး/ငယ် ပေါင်း (၁၃၀)ကျော်နှင့်…

တောင်မဲသင်းဒေသတွင် စစ်ကောင်စီ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၉၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် တောင်မဲသင်းဒေသတွင် စစ်ကောင်စီက ယနေ့မနက်ပိုင်း အထိ တစ်ဖက်သက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ ဖယ်ခုံမြို့ရှိ အမြှောက်တပ်မှ တောင်‌‌မဲသင်း ကျေးရွာဖက်ကို လက်နက်ကြီးပစ်ခတ်လာပြီး ယမန်နေ့ နိုဝင်ဘာ ၈ ရက်နေ့ ည ၄ နာရီအချိန်တွင် ၄ ကြိမ်၊ ည ၉ နာရီကျော်တွင်…

ဖယ်ခုံ-မိုးဗြဲလမ်းပေါ် တွင် မကြာခဏ ဓားပြတိုက်မှု ဖြစ်ပွား

ခမ်းသားငေါဝ်း နိုဝင်ဘာ ၉၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ-မိုးဗြဲကားလမ်းပေါ်တွင် ဓားပြတိုက်မှု ဆက်တိုက်ဖြစ်ပွား နေကြောင်း ဖယ်ခုံဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။ ဓားပြတိုက်သူများသည် ဒေသခံများ၏ ကားများ၊ဆိုင်ကယ်များကို တားပြီး ဖုန်း၊ ဆိုင်ကယ်၊ ရွှေ၊ ငွေများကို ဓားပြတိုက်ယူသွားသည်မှာ အကြိမ်များပြီ ဖြစ်ကြောင်း ပြောဆိုသည်။ “ဘယ်အဖွဲ့က ဆိုတာတော့ မသိဘူး ခုကလူတိုင်းလိုလိုလက်နက်ကိုင်ထားတော့ လုပ်ချင်သလို လုပ်နေကြတာ။ တစ်ယောက်နှစ်ယာက်ဆို…