Category: သတင်း

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား ဒေသခံပြည်သူများ သွားရောက်လည်ပတ်မှုနည်းပါး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၃၊၂၀၂၃ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရက်အတွင်း ဒေသခံပြည်များ သွားရောက်လည်ပတ်မှုနည်းပါးကြောင်း တောင်ကြီး‌ဒေသခံတစ်ဦးက ယနေ့နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြောဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ရိုးရာပွဲတော်ဖြစ်သည့် တန်ဆောင်တိုင်ပွဲကို ကိုဗစ်ကာလမှစပြီး မကျင်းပဖြစ်သည်မှာ ၃ နှစ်ရှိပြီးနောက် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီမှ ဦးဆောင်ကျင်းပသော်လည်း ပွဲတော်အား ဒေသခံပြည်သူများ ပါဝင်မှုအလွန်နည်းပါးကြောင်း ဒေသခံတစ်ဦးမှ သိရသည်။ “ ကျွန်တော်အနေနဲ့…

ပြောင်းဈေးမရှိသဖြင့် စိုက်ပျိုးထားသည့်ပြောင်းများ အရင်းပြန်မရမည်ကို တောင်သူများ စိုးရိမ်ရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၃၊၂၀၂၃ ယခုနှစ် ပြောင်းဈေးမရှိသဖြင့် စိုက်ပျိုးထားသည့်‌ပြောင်းများ အရင်းတွက်‌ချေမကိုက်ဖြစ်မည်ကို စိုးရိမ်နေရကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်‌ရွှေမြို့နယ်၊ စံကားအင်းဒေသတွင် ပြောင်းဈေးနှုန်းမရှိသောကြောင့် ပြောင်းစိုက်တောင်သူများ အရင်းပြန်မရမည်ကိုစိုးရိမ်နေကြကြောင်း ပြောင်းစိုက်တောင်သူ ဒေသခံတစ်ဦးက ယနေ့နိုဝင်ဘာလ (၂၃)ရက်‌နေ့တွင် ပြောဆိုသည်။ ယခင်နှစ် ပြောင်းဖူးချိုးချိန်တွင် ပြောင်းဈေးများသည် တစ်ပိဿာ ၁၀၀၀ ကျပ်အထက်ရှိနေပြီး ယခုနှစ်တွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြောင်းဈေးနှုန်းသည်…

ကိုးကန့်ရင့်ရှင့်နေရာရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို MNDAA ထပ်မံသိမ်းပိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၃၊၂၀၂၃ MNDAA သည် ကိုးကန့်ရင့်ရှင့်နေရာရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို နိုဝင်ဘာ(၂၂)ရက်နေ့တွင် ထပ်မံသိမ်းပိုက်ရရှိကြောင်း MNDAAက ယနေ့နိုဝင်ဘာလ (၂၃)ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။ ရှမ်းမြောက် ကိုးကန့်ရင့်ရှင့်နေရာရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို ယမန်နေ့ နိုဝင်ဘာလ(၂၂)ရက်နေ့၌ MNDAAက ထပ်မံသိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်စခန်းစုစုပေါင်း(၁၆၄)ခု သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း ဆိုထားပါသည်။ ကိုးကန့်တုန်းရှမ်းဒေသ ရင့်ရှင့်အနောက်‌တောင်ကုန်း ရာပါးချင့်တွင် ရှိသည့်စစ်ကောင်စီတပ်စခန်းကို ယမန်နေ့နံနက် (၇)နာရီခွဲအချိန်တွင် MNDAAက လက်နက်ကြီးများဖြင့်…

စစ်ကောင်စီလက်နက်ကြီး ထိမှန်၍ ကိုရင်တစ်ပါး ပြင်းထန်စွာဒဏ်ရာရရှိ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၂၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ ၁၀၅မိုင်အုပ်စု၊ အောက်နမ့်ဟွယ်ကျေးရွာ ဇေယျမဂ်လာ ဘုန်းကြီး ကျောင်းအတွင်း စစ်ကောင်စီပစ်ခတ် သည့်လက်နက်ကြီးကျရောက်ပါက်ကွဲပြီး ကိုရင်တစ်ပါး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း Ta’ang Women’s Organization က ထုတ်ပြန်ထားပါသည်။ နိုဝင်ဘာ၂၂ရက် မနက်ပိုင်း ၁၁ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး ၁၀၅ မိုင်ဗျူဟာကုန်းမှ ပစ်ခတ်လာ သော လက်နက်ကြီးဖြစ်ကြောင်းသိရသည်။…

လွိုင်ကော်မြို့တွင် စစ်ကောင်စီက ဖုန်းလိုင်းများဖြတ်တောက်ထား

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၂၊ ၂၀၂၃ ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့တွင် စစ်ကောင်စီမှ ဖုန်းလိုင်းအားလုံးဖြတ်တောက်ထားပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့ကသိရသည်။ “ဟုတ်တယ်ဖုန်းလိုင်းမရတော့ဘူး အခုက ဥတ္တရုံအနီးအနားတော့ ရတယ်ပြောတယ်။ ကျန်တဲ့နေရာတွေမှာမရတော့ဘူး။ ဟိုမှာကျန်တဲ့လူတွေနဲ့အဆက်အသွယ်မရတော့ဘူး”ဟု လွိုင်ကော်မှ စစ်ရှေင်လာသူဒေ သခံတစ်ဦးကပြောသည်။ လွိုင်ကော်မြို့မှာ ၁၁၁၁ စစ်ဆင်ရေး စတင်ကတည်း က အချို့ဖုန်းလှိုင်းများဖြတ်တောက်ထားသော် လည်း MPT လိုင်းအသုံးပြု၍ရသေးကြောင်း၎င်းကဆက်ပြော သည်။…

လွိုင်ကော်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကလေးငယ်အပါအဝင် အရပ်သား ၆၈ ဦးသေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၂၊၂၀၂၃ ကယား(ကရင်နီ)ပြည် လွိုင်ကော်မြို့ ၁၁၁၁ စစ်ဆင် ရေးအတွင်း အရပ်သား ၆၈ ဦး သေဆုံးပြီး သေဆုံးသူများထဲတွင် ကလေးငယ် ၁၀ ဦးပါဝင်ခဲ့ကြောင်း ကရင်နီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ ပေးရေးအဖွဲ့ KHAI အဖွဲ့ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ အရပ်သားသေဆုံးမှု ၆၈ ဦးသည် နိုဝင်ဘာ ၁၁ ရက်နေ့မှ နိုဝင်ဘာ ၁၉ ရက်နေ့အထိ…

စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးစခန်း ၄ ခု သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရရှိ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊၂၀၂၃ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးစခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရရှိကြောင်း တအောင်းတပ်မတော် TNLA မှ ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ အကျဉ်းဦးစီးစခန်း ၄ ခုကို TNLAနှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့မှ နိုဝင်ဘာ ၁၉ ရက်နေ့တွင်ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။…

စစ်ကောင်စီအဆိပ်ငွေ့ဗုံး အသုံးပြုမှုရှိနေပြီး နိုင်ငံတကာစစ်ရာဇဝတ်မှုကျူးလွန်နေသည်ကို နိုင်ငံတကာက ဝိုင်းဝန်းအရေးယူပေးရန် TNLA ဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊၂၀၂၃ စစ်ကောင်စီအဆိပ်ငွေ့ဗုံး အသုံးပြုမှုရှိနေပြီး နိုင်ငံတကာစစ်ရာဇဝတ်မှုကျူးလွန်နေသည်ကို နိုင်ငံတကာက ဝိုင်းဝန်းအရေးယူပေးရန် TNLA ကထုတ်ပြန်တောင်းဆိုထားပါသည်။ စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေမလက်နက်အဆိပ်ငွေ့ဗုံး အသုံးပြုမှုရှိနေပြီး နိုင်ငံတကာစစ်ရာဇဝတ်မှုကျူးလွန်နေသည်ကို အိမ်နီးချင်းနိုင်ငံများ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းများ ဝိုင်းဝန်းအရေးယူပေးရန် နိုဝင်ဘာ ၁၉ ရက်နေ့မှာ TNLA မှ သတင်းထုတ်ပြန်လိုက်ကြောင်းသိရသည်။ ရှမ်းမြောက် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ်လက်နက်ကြီးကုန်းအား…

ဆီဆိုင်မြို့နယ်ရောက်စစ်ရှောင် တစ်သောင်းကျော်အတွက် စားရေးသောက်ရေး နှင့် နေရာထိုင်ခင်းများ အရေးပေါ် လိုအပ်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရောက် စစ်ရှောင် တစ်သောင်းကျော်အတွက် စားရေးသောက် ရေးနှင့် နေရာထိုင်ခင်းများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။ အဆိုပါ စစ်ရှောင်အများစုသည် အသက်ဘေးမှ လွှတ်မြှောက်အောင်အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့်သာ ထွက်ပြေးလာခဲ့ရသဖြင့် အဖက်ဖက်မှ အကူအညီများ လိုအပ်နေ ကြောင်းသိရသည်။ “တချို့ကျတော့ လောလောနဲ့ထွက်လာနေရတော့ဘာမှ ပါမလာဘူး။တစ်ပတ်စာ အရေးပေါ် ထောက်ပံ့ပေးနေတာတော့ လုပ်ပေးတယ်။ ရှေ့ဆက်တော့…

ပင်လောင်းမြို့နယ် ကုန်းသာရွာရောက်စစ်ရှောင်များ သည် နေရာထိုင်ခင်းမရှိသဖြင့် မြေပြင်ပေါ်တွင် အိပ် နေရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊၂၀၂၃ ရှမ်းပြည်နည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုပ်ကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာတွင် ထပ်မံရောက်လာသည့် စစ်ရှောင်များသည် နေရာထိုင်ခင်းမရှိသဖြင့် မြေပြင်ပေါ်တွင် အိပ်နေရ ကြောင်းသိရသည်။ အဆိုပါ စစ်ရှောင်များသည် ကုန်းသာဘုန်ကြီး ကျောင်းအောက် အကာအခင်းမရှိမြေပေါ်တွင် အိပ်နေရပြီး စောင်များလည်း လုံလုံလောက်လောက်မရှိ ကြောင်း သိရသည်။ “ခုရက်ပိုင်းက မိုးကရွာသေးတယ်။အကာမပါတော့ တော်တော်ကိုအဆင်မပြေဖြစ်တယ်။စောင်လဲ စောင်အပါးတွေနဲ့ပဲ။ မသန်စွမ်းကလေးတောင်မှ မနေ့ညက အေးလို့…

You missed