Category: သတင်း

ပင်လောင်းတွင်လောင်စာဆီပြတ်လပ်၍ ဒေသခံများ အခက်ခဲကြုံတွေ့

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၃၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ၊ပင်လောင်းမြို့နယ်တွင် ​လောင်စာဆီများပြတ်လပ်‌နေ၍ ဒေသခံများ အခက်ကြုံ တွေ့နေရ ကြောင်းသိရသည်။ တန်ဆောင်မုန်း လပြည့်နေကစပြီး ဓာတ်ဆီများကို ဈေးကြီးပေးဝယ်ယူနေရသည့် အပြင်တစ်ချို့ဆိုင်များတွင် ဆီများပြတ်လပ်နေ၍ ပိတ်‌‌ထားနေရကြောင်းသိရသည်။ “အများစုက ဆိုင်ပိတ်ထားတယ်။ ဖွင့်တဲ့ဆိုင်ကလည်းအကန့်အသတ်နဲ့ပဲရောင်းတာ။အချိန်ပိုင်းပဲဖွင့်တော့ ဖွင့်တဲ့အချိန်က လူများတယ်။တန်းစီပြီးထည့်ရတယ်။တစ်ချို့ လူက မထည့်ရသေးဘဲ ဆိုင်ပြန်ပိတ်ပြီ။ အခက်ခဲအရမ်းတွေ့တယ်”ဟုပင်လောင်း ဒေသခံတစ်ဦးက ပြောသည်။ ထိုသို့အကန့်အသတ်အချိန်ပိုင်းဖြင့်သာဝယ်ယူရခြင်းကြောင့်…

PNLO အဖွဲ့ ထံစာရင်းရောက်သည့် စစ်ဘေးရှောင်နှစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာထောက်ပံ့ကူညီ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၃၊၂၀၂၃ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ထံသို့ လာရောက်ခိုလုံရန် နာမည်စာရင်းရောက် စစ်ဘေးရှောင်နှစ်ထောင့်ငါးရာအတွက် အဓိက အခြေခံစားနပ်ရိက္ခာကူညီပေးလျက်ရှိကြောင်း PNLO၏ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ PNLO အနေဖြင့် မိမိတို့အခြေပြုသောဒေသအတွင်း ရောက်လာသမျှစစ်ရှောက်များအား တတ်နိုင်သလောက် အကူအညီပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းဆိုသည်။ “ကျွန်တော်တို့ထံ အမည်စာရင်း ရောက်လာသမျှပေါ့။ ဘယ်လိုဖြစ်ဖြစ်အတတ်နိုင်ဆုံးတော့ ကျွန်တော်တို့ ဆောင်ရွက်ပေးနေတယ်။ သူတို့အဆင်ပြေဖို့က အဓိက အခြေခံစားနပ်ရိက္ခာပေါ့။ ဒါတွေအဆင်ပြေဖို့…

စစ်ကောင်စီက နေအိမ်ရပ်ကွက်၌ရမ်းသမ်းပစ်ခတ်မှုကြောင့် တစ်ရက်ထဲအရပ်သား ၇ ဦး သေဆုံးခဲ့

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၃၊ ၂၀၂၃ စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင်း အသက်မပြည့်သေးသည့် ကလေးငယ်အပါအဝင် ဒေသခံအရပ်သား (၇) ဦးသေဆုံးခဲ့ရကြောင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ရှမ်းပြည်နယ်မြောက်ပိုင်းကိုးကန့်ဒေသတွင် စစ်ကောင်စီမှ အရပ်သားများနေအိမ်များ ရပ်ကွက်များကို ပစ်မှတ်ထား လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်အရပ် ၇ ဦးသေဆုံးခဲ့ပြီး ၄ဦးဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း MNDAA ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီးဖြင့် နိုဝင်ဘာလ ၃၀…

စစ်ကောင်စီကြောင့် တစ်လအတွင်းအမျိုးသမီး (၃၈) ဦး သေဆုံးဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၊ ၂၀၂၃ အာဏာသိမ်းစစ်ကောင်စီ ကြောင့်တစ်လအတွင်း အမျိုးသမီးပေါင်း ၃၈ ဦး သေဆုံးခဲ့ကြောင်း မြန်မာအမျိုးသမီးသမ္မဂ BWU ထုတ်ပြန်ချက်အရ သိရသည်။ ယင်းသေဆုံးမှုသည်၂၀၂၃ ခုနှစ်နိုဝင်ဘာလ ၁ ရက် နေ့မှ ၂၆ ရက်နေ့အထိသာ ဖြစ်ပြီးလက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးမှု အများဆုံးဖြစ်သလို တိုက်ပွဲအကြား သေဆုံးမှုလည်း ရှိကြောင်းသိရသည်။ “ဒီလောက်တောင်သေတယ်ဆို…

စစ်ကောင်စီ ကိုဆက်လက်ချေမှုန်းမည်ဖြစ်ပြီးပြည်သူများ သတိရှိရှိသွားလာရန် ညီနောင်မဟာမိတ်အဖွဲ့သတိပေး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၊ ၂၀၂၃ ပြည်သူများကိုပစ်မှတ်ထားနေသည့် စစ်ကောင်စီကိုညီနောင်မဟာမိတ်(၃)ဖွဲ့က ဆက်လက်ချေမှုန်းသွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် သတိရှိရှိသွားလာကြပါရန် ဒီဇင်ဘာလ(၂)ရက်နေ့က အထူးမှာကြားထုတ်ပြန်ထားပါသည်။ ရှမ်းမြောက်တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့မှစတင်ခဲ့သည့် “၁၀၂၇စစ်ဆင်ရေး”သည် ဒီဇင်ဘာလ(၁)ရက် နေ့၌(၃၆)ရက်မြောက်နေ့ရှိပြီဖြစ်ပြီး အရပ်သားပြည်သူများကိုရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားနေသည့် စစ်ကောင်စီတပ်အား ဆက်လက်ချေမှုန်းသွားမည်ဖြစ်သည့်အတွက်ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိ၊ အသိဖြင့်သွားလာလှုပ်ရှားကြရန် ညီ‌နောင်မဟာမိတ်(၃)ဖွဲ့က အထူးမှာကြားထားပါသည်။ “၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်ကာလအတွင်း၌ ညီနောင်မဟာမိတ်အဖွဲ့များမှ သတ်မှတ်ထားသည့် စစ်ဆင်ရေးရည်မှန်းချက်များကို…

မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ၏ နမ့်ပေါ်တပ်စခန်း TNLA ထပ်မံသိမ်းပိုက်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၊၂၀၂၃ မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ၏နမ့်ပေါ်တပ်စခန်းကို PSLF/TNLAက ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ယနေ့ဒီဇင်ဘာလ(၁)ရက်နေ့တွင် TNLAက ထုတ်ပြန်ထားပါသည်။ ရှမ်းမြောက် တအာင်းပြည်နယ် တပ်မဟာ(၁)စစ်ဒေသတွင် PSLF/TNLAဖော်ဆောင်သည့် “၁၀၂၇စစ်ဆင်ရေး”အတွင်း မူဆယ်မြို့နယ်ရှိစစ်ကောင်စီ၏ နမ့်ပေါ်တပ်စခန်းကို ယနေ့တွင် TNLA က သိမ်းပိုက်နိုင်ခဲ့သည် ဟု သိရသည်။ စစ်ကောင်စီ၏ နမ့်ပေါ်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLAက နိုဝင်ဘာလ(၂၇)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ(၅)ရက်တာကြာမြင့်ပြီး…

ဆောင်းပြောင်း‌ဒေသတွင် ဖုန်လိုင်းများ ဖြတ်တောက်ထားခံရပြီး ဒေသခံများ အခက်ခဲကြုံတွေ့ရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသတွင် စစ်ကောင်စီက MPT၊တယ်လီနော နှင့် အူရီဒူး ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး ဒေသခံများအခက်အခဲကြုံတွေ့နေရ ကြောင်း သိရသည်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းဖြတ်တောက်ထားသည်မှာ ၅ ရက်ခန့်ရှိနေပြီး အွန်လိုင်းဖြင့် အလုပ်လုပ်သူများ၊ ပညာသင်ယူသူများအတွက် အခက်ခဲ ဖြစ်နေရသည့်အပြင် စီးပွာရေးလုပ်ငန်းရှင်များ၊ ဒေသခံများလည်း ထိခိုက်မှုကြုံတွေ့နေရကြောင်း ဆိုသည်။ “ဖုန်းလိုင်းက မိုင်တဲတစ်ခုဘဲရတယ်။မိုင်တဲလ်း…

ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ဗန်းမောက်၊မိုင်းဖြတ်ကျေးရွာအနီးတွင် လက်နက်ကြီးကျ‌ရောက်သဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၊၂၀၂၃ ဗန်းမောက်၊မိုင်းဖြတ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်လာသဖြင့် ဒေသခံများထိတ်လန့်နေကြကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ဗန်းမောက်၊မိုင်းဖြတ်ကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်လာခြင်း လေးညဆက်တိုက်ရှိပြီဖြစ်သဖြင့် ဒေသခံများက လုံခြုံရေးစိုးရိမ်ရပြီး ထိတ်လန့်နေကြကြောင်း သိရသည်။ စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးများ ကျေးရွာအနီးတဝိုက်တွင် မကြာခန ကျရောက်ပေါက်ကွဲခြင်းကြောင့် ခြံ၊တောင်ယာာသွားလုပ်ကိုင်ရာတွင်လည်း မသွားရဲဘဲ ကြောက်နေကြရကြောင်း ဆိုသည်။ “တိုက်ပွဲက ရွှေပြည်အေးနားတစ်ဝိုက်ဘဲ…

ကိုးကန့်ခရိုင် ရှင်းဝမ်ဒေသကို MNDAA ကသိမ်းပိုက်ပြီး တပ်ရင်း(၁၂၅)လက်နက်ချအလင်းဝင်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၃၀၊၂၀၂၃ ကိုးကန့်ခရိုင် ရှင်းဝမ်ဒေသကို MNDAA က နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။ MNDAA သည် စစ်ကောင်စီ၏ တာရှမ်၊ တာတွေတွေ၊ စံခေါ်ကျွမ် စခန်းငယ် များကို စတင်သိမ်းပိုက်ပြီး ကျင်ထ၊ ချင်ချိုင့်ထန် တပ်စခန်းများအားလုံးကိုလည အဆက်မပြက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၈ ရက်နေ့တွင်…

ကိုးကန့်တုန်ရှမ်းဒေသ နောက်ဆုံး ဆိုင်တာအိုင်တောင်ကုန်းကို MNDAA သိမ်းပိုက်နိုင်ခဲ့ပြီး လောက်ကိုင်မြို့သို့ စစ်ဆင်ရေးဦးတည်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၅၊၂၀၂၃ ကိုးကန့်တုန်ရှမ်းဒေသ၏ နောက်ဆုံးတောင်ကုန်း (High Point)ဖြစ်သည့် ဆိုင်တာအိုင်တောင်ကုန်းကို MNDAA ကသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆင်ရေးကို လောက်ကိုင်မြို့သို့ ဦးတည်လာပြီဖြစ်ကြောင်း MNDAA က ယမန်နေ့ နိုဝင်ဘာလ(၂၄)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ ရှမ်းမြောက်တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့မှ စတင်ခဲ့သည့် “၁၀၂၇စစ်ဆင်ရေး”သည် ယမန်နေ့နိုင်ဝင်ဘာလ (၂၄)ရက်နေ့တွင် (၂၉)ရက်နေ့မြောက်သို့ရောက်ရှိလာခဲ့ပြီး ကိုးကန့်တုန်ရှမ်းဒေသ၏ နောက်ဆုံးတောင်ကုန်း(High Point)ဖြစ်သည့် ဆိုင်တာအိုင်တောင်ကုန်းကို MNDAA…