Category: သတင်း

ဟိုပုံးမြို့နယ်တွင် ငွေကျပ်တစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၂၊၂၀၂၃ ဟိုပုံးမြို့နယ်တွင် ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ရွာသစ်ကျေးရွာအနီး ‌တောင်ကြီး-လွိုင်လင်သွား ကားလမ်း ပေါ်တွင် ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများအား ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ(၁၁) ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ ဒီဇင်ဘာလ (၁၀)ရက်နေ့…

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တက်လာသဖြင့် တောင်သူများအခက်အခဲကြုံ‌တွေ့ရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၂၊၂၀၂၃ စစ်တပ်အာဏာသိမ်းပြီး ၃နှစ်တာအတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တက်လာပြီး စက်မှုဖြင့် တောင်ယာလုပ်ကိုင်သည့် တောင်သူများအခက်အခဲကြုံ‌တွေ့ရကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသခံအများစုသည် ပြောင်း၊ ကြက်သွန်ဖြူ၊ စပါးများကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြရပြီး စိုက်ပျိုးချိန်တွင် စက်ဖြင့်ထွန်ယက်ခြင်းများ၊ စိုက်ပျိုးသီးနှံများရိတ်သိမ်းချိန် တွင် ရိတ်သိမ်းခြင်း၊ ကြိတ်ခြင်းနှင့် သယ်ယူခြင်းများတွင် ဓာတ်ဆီ ဒီဇင်ဈေးနှုန်း အလွန်မြှင့်တက်လာသဖြင့် စိုက်ပျိုးသီးနှံမှရောင်းရ ငွေများသည့်…

နမ့်ဆန်မြို့နယ် နှင့် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီစခန်း (၃)ခုကို တအာင်းတပ်မတော် TNLA ထပ်မံသိမ်းပိုက်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၂၊၂၀၂၃ ရှမ်းမြောက် နမ့်ဆန်မြို့နယ် နှင့် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီစခန်း (၃)ခုကို ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် တအာင်းတပ်မတော် PSLF/TNLA က ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းမြောက် နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီပတ္တမြားစေတီ (ကောင်းမှုဆိုင်စခန်း)၊ နမ့်ဆန်ရဲစခန်း နှင့် လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ စစ်ကောင်စီကင်းစခန်းများကို တအာင်းတပ်မတော်TNLA မှ ထပ်မံသိမ်းပိုက်ခဲ့ကြောင်း TNLA က…

လွိုင်ကော်ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီပူးပေါင်းတပ်များသိမ်းပိုက်နိုင်ဟုဆို

ခမ်းသားငေါဝ်း၊ ဒီဇင်ဘာ ၁၁၊၂၀၂၃ ကရင်နီပြည် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်အတွင်းရှိ စစ်ကောင်စီ၏ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်း KNDFသတင်းနှင့်ပြန်ကြားရေးထံမှသိရသည်။ ၎င်းပြည်နယ်ရဲစခန်းကို ကရင်နီတပ်မတော်(KA)၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက် ရေးတပ်ဦး(ကလလတ)နှင့် PDFတပ်ဖွဲ့များ၊အခြားတော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းပြီး ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရခွဲ ၅နာရီဝန်းကျင်အချိန်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။ “ကျွန်တော်တို့တိုက်ခိုက်တာကတော့ ရက်ပေါင်းများစွာ တိုက်ခိုက်ရတာဖြစ်ပါတယ်။ ဆိုတော့ ရဲစခန်းထဲမှာ စစ်တပ်တွေရော ရဲတွေရော…

ခမ်းသားငေါဝ်း-The People’s Voice တည်ထောင်ခြင်း (၁၀)နှစ်ပြည့်နှစ်ပတ်လည်နေ့

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ ယနေ့သည့် ခမ်းသားငေါဝ်း- The People’s Voice သတင်းဌာန တည်ထောင်ခြင်း (၁၀)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ပအိုဝ်းအမျိုးသား တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာ ၁၁၊ ၂၀၁၃ ခုနှစ်တွင် ခမ်းသားငေါဝ်း- The People’s Voice စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။…

ကွတ်ခိုင်တွင် အင်တာနက်လိုင်းဖြတ်တောက်ခံရ၍ MPT ရုံးရှေ့တစ်နေရာသာ လာရောက်လိုင်းသုံးနေရ

ခမ်းသားငေါဝ်း၊ ဒီဇင်ဘာလ ၁၁၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် အင်တာနက်လိုင်းဖြတ်တောက်ခံထားရ၍ အရပ်သားပြည်သူများက ကွတ်ခိုင်ရှိ MPTဆက်သွယ်ရေးရုံးရှေ့ထိလာရောက် အင်တာနက်လိုင်းအသုံးပြုနေရကြောင်း ကွတ်ခိုင်မြို့ခံအမျိုးသားတစ်ဦးထံမှသိရသည်။ နေ့တိုင်း လူဦးရေ အနည်းဆုံး ၅၀မှ ၆၀ ဝန်းကျင်ထိလိုင်းသွားရောက်အသုံးပြုကြပြီး ထိုနေရာတွင် MPTလိုင်းတစ်ခုသာရကြောင်းသိရသည်။ “သွားသွားပြန်ပြန်ပေါ့အဲ့လို၊ လိုင်းသုံးဖို့လိုပြီဆို ဒီနားပြေးလာလိုက်၊ စောင့်လိုက်၊ ခနနေကြလိုင်းလည်း Connectionပြတ် ကျသွားလိုက် အဲ့လိုဖြစ်တာလေ။ သူက MPT ဆက်သွယ်ရေးရုံးကို…

စစ်ကောင်စီ တပ်စခန်း ကို TNLAထပ်မံသိမ်းဆည်းဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၁၊ ၂၀၂၃ တအာင်းဒေသရှိ PSLF/TNLA ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီ၏ တပ်စခန်းများနှင့် လက်နက်ခဲယမ်းများ ထပ်မံ သိမ်းဆည်း ရမိကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် TNLA မှ သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီ တပ်စခန်းများသည် နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာရှိ အတွင်းရှိ…

၇၄ နှစ်မြောက် ပအိုဝ်းတော်လှန်ရေးနေ့မှာ ပအိုဝ်းများ ယနေ့အချိန်ထိ စစ်အာဏာရှင်ကျဆုံးရေးကို တိုက်ပွဲဝင်တော်လှန်နေဆဲဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၁၊ ၂၀၂၃ ပအိုဝ်းတို့၏ တော်လှန်ရေးရည်မှန်းချက်သည်အုပ်ချုပ်သူအပြောင်းအလဲ/အုပ်ချုပ်မှုအပြောင်း အလဲကို အခြေမခံဘဲ ခေတ်ပြောင်း စနစ်ပြောင်းတော်လှန်းရေးကိုအခြေခံ​တာကြောင့်ယနေ့အချိန်ထိ စစ်အာဏာရှင်ကျဆုံးရေးကို တိုက်ပွဲဝင်တော်လှန်နေလျက်ရှိကြောင်းPNFCကပြောဆိုလိုက်သည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရန် စစ်ကောင်စီ၏ လက်ကိုင်တုတ်အဖြစ် ကျရောက်နေသူများ ရုန်းထွက်ပြီး ပြည်သူလူထုများနှင့်အတူလာရောက်ပူးပေါင်းရန် PNFC မှ အလေးအနက်ပန်ကြားလိုက်ကြောင်းသိရသည်။ ပြည်နယ်သစ်များပေါ်ထွန်းခွင့်ရှိသည့် ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပအိုဝ်းပြည်သူတစ်ရပ်လုံးနှင့် စစ်ကောင်စီ၏ လက် အောက်ခံ လက်ကိုင်တုတ်ဖြစ်နေတဲ့သူများလည်း…

လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး(တောင်စျေး) မီးလောင်ပျက်စီး ………………….

ခမ်းသားငေါဝ်း၊ ဒီဇင်ဘာ ၁၀၊၂၀၂၃ ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး (တောင်ဈေး) မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးထံမှ သိရသည်။ ဒီဇင်ဘာ ၉ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ လောကဓမ္မဈေးအနီး၌ လက်နက်ကြီးပစ်ခတ်နေပြီး ယနေ့ဒီဇင်ဘာ ၁၀ ရက် နံနက်အစော(၁)နာရီဝန်း ကျင်အချိန်က သီရိမင်္ဂလာဈေးတန်း မီးလောင်မှုစတင်ဖြစ်ပွားကာ နံနက် ၆ နာရီထိ မီးလောင်မှုငြိမ်းသွားကြောင်းသိရသည်။ “မီးက…

၁၀၂၇ စစ်ဆင်ရေးမှဖမ်းဆီးရမိသည့် ပြည်သူ့စစ် အဖွဲ့ဝင် ၄၉ ဦး MNDAA ပြန်လွတ်ပေး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၀၊ ၂၀၂၃ ၁၀၂၇ စစ်ဆင်ရေး စစ်ကြောင်းမှ ဖမ်းဆီးမိသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် စစ်သုံ့ပန့် ၄၉ ဦးအား MNDAAမှ စစ်သုံ့ပန့်ဥပဒေနှင့်အညီ စစ်ဆေးပြီး ဒီဇင်ဘာလ ၉ ရက်နေ့မှာ ပြန်လည်လွတ်ပေးခဲ့ကြောင်းသိရသည်။ ၎င်းပြည်သူ့စစ်တို့သည် ကိုးကန့်ဒေသ၏ အမည်ဖြင့်ဖွဲ့စည်းထားသော်လည်း အဖွဲ့ဝင်များသည် ဗမာလူမျိုးများဖြစ်ကြပြီး အခြားပြင်ပလူမျိုးများကိုလည်း ပါဝင်ဖွဲ့စည်းခြင်းဖြစ်ကြောင်းသိရသည်။ ၂၀၀၉ ခုနှစ်ကတည်းက ကိုးကန့်၊…