ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမူကိုအခြေခံကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟု PNFCနှင့် PNLO ပူးတွဲထုတ်ပြန်
ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၂၊ ၂၀၂၄ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်များပေါ်ထွန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမူကို အခြေခံကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည်ဟု PNFCနှင့် PNLOက ဒီဇင်ဘာ(၁၁)ရက်နေ့တွင်ကျရောက်သည့် (၇၅)နှစ်မြောက်ပအိုဝ်းတော်လှန်ရေးနေ့တွင် ပူးတွဲထုတ်ပြန်ထားသည်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် ရည်မှန်းချက်ကို…