Category: သတင်း

တောင်ကြီး ဘုရားဖြူရပ်ကွက်တွင် သန်းခေါင်စာရင်းများစတင်ကောက်ယူနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၊၂၀၂၄ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင်သန်းခေါင်စာရင်းများစတင်ကောက်ယူနေပြီးဖြစ်ကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ ၌ အောက်တိုဘာလ ၁ ရက်နေ့တွင် သန်းခေါင်စာရင်းများလာရောက်ကောက်ယူသွားသည်။ ” မနေ့ကလာသွားတာ စာရင်းကောက်တဲ့သူ ၃ ယောက်ရယ်၊ လမ်းပြ ဦးလေးတစ်ယောက်ပါတယ်၊ သူတို့က လူဦးရေစာရင်းတွေ၊ အိမ်ထောင်စုစာရင်းတွေတောင်းကြည့်တယ်၊ ဘယ်ကတည်းက လက်ထပ်ထားတာတွေ၊ကလေးက ဘယ်ခုနှစ်မှာမွေးခဲ့တာတွေအစ အကုန်မေးတယ်သွားတယ်” ဟုဒေသခံပြည်သူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။…

စစ်ကောင်စီကမ်းလှမ်း ဖိတ်ခေါ်ချက်ကို ပြတ်ပြတ်သားသား ပယ်ချကြောင်း NUCC နှင့် NUG ပူးတွဲထုတ်ပြန်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၊ ၂၀၂၄ စစ်ကောင်စီမှ နိုင်ငံရေးအရ ဖြေရှင်းရန် ဖိတ်ခေါ်ခြင်းသည် ဟန်ပြဖိတ်ခေါ်မှုသာဖြစ်ပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ကို သပ်လျှိုဖြိုခွဲရန်နှင့် ၎င်းတို့နှင့် နီးစပ်သော နိုင်ငံတကာအဖွဲ့အစည်းများ၏ အမြင်ကောင်းစေရန် အနှစ်သာရမဲ့သည့် အားထုတ်မှုတစ်ရပ်သာ ဖြစ်သော‌ကြောင့် ပြတ်ပြတ်သားသား ပယ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က အောက်တိုဘာလ (၁) ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ထိုသို့…

ရွှေညောင်နှင့် ညောင်ရွှေ တို့တွင် ရေကြီးနစ်မြုပ်ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှု သိန်းပေါင်းသောင်းကျော် ပျက်စီးခဲ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၊ ၂၀၂၄ နေအိမ်နှင့်ဆိုင်ခန်းများ ရေကြီးနစ်မြုပ်ခံရ၍ ရွှေညောင်နှင့် ညောင်ရွှေတို့တွင် ထိခိုက်ဆုံးရှုံးမှု ငွေကျပ် သိန်းပေါင်းသောင်းကျော် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် စက်တင်ဘာလ (၁၁) ရက်ကရေကြီး ခြင်းကြောင့် နေအိမ်များ၊ ဆိုင်ခန်း၊ စျေးဆိုင်ခန်းများ၊ ကုန်ပစ္စည်း ဂိုထောင်များ၊ ဆန်စက်များ၊ ဓါတ်မြေဩဇာ သိုလှောင်ရုံများ ရေနစ်မြုပ်ခဲ့ပြီး…

ကားလမ်းမပေါက်သေးသည့် ရေဘေးသင့် နောင်စုံရွာတွင် စားဝတ်နေရေး အခက်ခဲရှိနေဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၊ ၂၀၂၄ ကားလမ်းမပေါက်သေးသည့် ရေဘေးသင့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ နောင်စုံရွာတွင် လတ်သလော စားဝတ်နေရေးနှင့် ပြန်လည်ထူးထောင်ရေး အခက်ခဲကြုံတွေ့နေရကြောင်း ဒေသခံထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နောင်စုံရွာတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က တောင်ကျရေ ကြောင့် ၁၁ နှစ်အရွယ် မိန်းခလေးတစ်ဦးသေဆုံးခဲ့ရပြီး နေအိမ် ၁၅ လုံးပျက်စီးကာ ယခုချိန်ထိ…

တောင်ကျရေကြောင့်ပျက်စီးသွားသည့်ယုပ္ပေးရွာ အိမ်များ ပြန်လည်တည်ထောင်ရန်အခက်ခဲရှိနေဆဲ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၊ ၂၀၂၄ တောင်ကျရေကြောင့် နေအိမ်များထိခိုက်ပျက်စီးသွားသည့် မဲနယ်တောင်ဒေသ ယုပ္ပေးရွာဒေသခံ များ ပြန်လည်တည်ထောင်ရေးအတွက်အခက်ခဲ ရှိနေသေးကြောင်း ဒေသခံများထံသိရသည်။ ရှမ်းပြည်တောင်ပိုင်းဟိုပုံးမြို့မဲနယ်တောင်ဒေသ ယုပ္ပေးရွာတွင်ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမိုးသည်းထန်စွာရွာသွန်းပြီးတောင်ကျရေကြောင့်နေအိမ် ၄ လုံး ရေထဲမျောပါသွားသည့်အပြင် နေအိမ် ၂၀ လုံးထိခိုက်ပျက်စီးခဲ့ရသည်။ ထိုသို့ပျက်စီးဆုံးရူံးသွားသည့် နေအိမ်များကိုပြန်လည်တည်ဆောက်ရန် အတွက် သွပ်အမိုး၊ အိမ်တိုင်၊ သစ်သား၊ သံမိူ ကအစ အိမ်ဆောက်ပစ္စည်း…

အင်းလေးကန် တွင် သောက်သုံးရေ လိုအပ်ချက် အတွက် နည်းလမ်းကို ရှာကြံနေကြောင်း သိရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊ အင်းလေးကန် တွင် သောက်သုံးရေ လိုအပ်ချက် ဖြေရှင်းနိုင်ရန် အတွက် နည်းလမ်းကို ရှာကြံနေကြောင်း ဒေသခံများထံမှ သိရသည်။ အင်းလေးကန်တွင် စက်တင်ဘာလ(၁၁) ရက်မှ စတင်၍ မကြုံစဖူး ရေကြီး နစ်မြုပ်ခြင်းကြောင့် နေအိမ်များ ရေမြုပ်ခြင်း၊ စိုက်ခင်းများ ရေမြုပ် ပျက်စီးခြင်း နှင့်…

အင်းလေးဒေသ ရေတက်မှုကြောင့် ဒေသခံများမြွေ အန္တရယ်လည်း ကြုံတွေ့နေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၊၂၀၂၄ ညောင်ရွှေမြို့ ၊ အင်းလေးဒေသတွင် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များရေလွမ်းမိုးခြင်းခံရသည့်အပြင် မြွေအန္တရယ်ပါ ကြုံတွေ့နေရကြောင်းအောက်တိုဘာလ ၁ ရက်နေ့ ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ အင်းလေးဒေသတွင် စက်တင်ဘာလအတွင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေညောင်၊ ညောင်ရွှေနှင့် အင်းလေးကန် ဒေသ ကျေးရွာအားလုံးနီးပါး ရေနစ်မြှပ်သဖြင့် ဒေသခံများရေဘေး ဒုက္ခကြုံတွေ့နေရသည့်အပြင် ရေတက်၍ ကုန်းမရှိသောကြောင့် မြွေများသည်…

အင်းလေးဒေသ မြေပေါင်ဘုန်းကြီးကျောင်းရောက် ရေဘေးသင့်ဒေသခံများအတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၊ ၂၀၂၄ အင်းလေး‌ဒေသတောင်ပိုင်းရှိ မြေပေါင်ရွာတွင် ရေကြီးရေလျှံမှုကြောင့်ဒေသခံများနေအိမ် ရေနှစ်မြှုပ်သွားပြီး မြေပေါင်ဘုန်းကြီးကျောင်းတွင်တက်ရောက်ခိုလှုံကြပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း အောက်တိုဘာလ(၁)ရက်နေ့တွင် မြေပေါင်ကျောင်းဆရာတော်ထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ယာဂီမုန်တိုင်းဒဏ်ကြောင့် အင်း‌ရေပြင်ရေကြီးရေလျှံမှုဖြစ်ကာ ဒေသခံများရေဘေးကြုံတွေ့နေကြရပြီး အင်းတောင်ပိုင်း မြေပေါင်ဘုန်းကြီးကျောင်းရောက် ရေဘေးသင့်ပြည်သူ(၄၀၀)နီးပါးအတွက် စားနပ်ရိက္ခာအရေးပေါ်လိုနေသည်။ “အခုဦးဇင်းကျောင်းမှာဆိုရင် လူအကုန်လုံးက(၃၀၀)ကျော် (၄၀၀)နီးပါးလောက်ရှိတယ်၊ အိမ်ထောင်စုကတော့ (၁၅၇)စုပေါ့၊ လိုအပ်ချက်တွေကတော့ ပြောလို့မရအောင်ပဲအရမ်းများတယ်…

ရန်ကုန်မြို့ ဟိုတယ်နှင့် ဆေးရုံတွင် လုံခြုံရေးတင်းကြပ်ပြီး သန်းခေါင်စာရင်း စတင်ကောက်ယူနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၊ ၂၀၂၄ ရန်ကုန်မြို့တွင် စစ်ကောင်စီမှ လုံခြုံရေးတင်းကြပ်ကာ သန်းခေါင်စာရင်း စတင်ကောက်ခံနေပြီ ဖြစ်ကြောင်း အောက်တိုဘာ(၁)ရက်နေ့တွင် သိရသည်။ မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိသတ်မှတ်ထားပြီး ယနေ့အောက်တိုဘာ (၁)ရက်နေ့ ရန်ကုန်မြို့တွင် စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။ “မနေ့ကတည်းက လက်ကမ်းစာစောင်တွေ ပေးဝေတာမျိုးတွေ့ရတယ်။ဟိုတယ်မှာ လာကောက်တယ် အချက်အလက်တွေကို…

တောင်ကြီးဘုရားဖြူရပ်ကွက်ရှိ လွယ်ခမ်းလမ်း ဆိုးဝါးစွာပျက်စီးနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၊ ၂၀၂၄ ဘုရားဖြူ ရပ်ကွက်အတွင်းရှိ လွယ်ခမ်းလမ်းတစ်လျောက်လုံး ဆိုးဝါးစွာပျက်စီးနေကြောင်း ပြည်သူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူ ရပ်ကွက်အတွင်း ရှိ လွယ်ခမ်းလမ်းမှာ ဘုရားဖြူရပ်ကွက် နယ်မြေ ၁ ရှိပန်းတင်လမ်းမကြီးနှင့် နယ်မြေ ၄၊၅ တို့နဲ့ ဆက်သွယ်ထားသည့် အများပြည်သူသွားလာ အသုံးပြုနေသော လမ်းတစ်ခုဖြစ်ပြီး ဆိုးဝါးစွာ ပျက်စိီးနေသည်။ ”လမ်းက အခြေအနေတော်တော်…