တီကျစ်ဘိလပ်မြေစက်ရုံအနီးရှိ စစ်ကောင်စီဂိတ်တွင် ဒေသခံများထံ ငွေကြေးကောက်ခံသဖြင့် တောင်သူများအခက်ခဲကြုံရ
ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၃၊၂၀၂၄ တီကျစ်နဂါးဘီးလပ်မြေစက်ရုံအနီးရှိ စစ်ကောင်စီ ဂိတ်တွင် ဒေသခံတောင်သူများထံ ငွေကြေးကောက်ခံမှုများရှိနေပြီး တောင်သူများအခက်ခဲကြုံ တွေ့နေရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်နဂါးဘီလပ်မြေစက်ရုံဂိတ်တွင် ကျေးရွာဖက်မှဒေသခံတောင်သူများ အောင်ပန်းသို့ ကြက်သွန်ဖြူ၊လက်ဖက်၊ ပဲသီး၊ အာလူးနှင့် ကုန်စိမ်းများသယ်ယူရာတွင် ငွေကြေးများ အတင်းတောင်းခံနေသဖြင့် ဒေသခံများအတွက် အခက်ခဲဖြစ်ရကြောင်း သိရသည်။ ” ဂိတ်ကနေဖြတ်ရင် အာလူးတစ်အိတ်က ငါးရာ တောင်းတယ်။ပြီးရင်…