Category: သတင်း

နမ့်ဖက်ကာဘက်တွင် ဗုံးလာကြဲသည့်စစ်ကောင်စီဂျက်လေယာဥ်တစ်စီးကို KIA ပစ်ချနိုင် ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၆၊၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဘက်တွင် ဗုံးလာကြဲသည့် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာလေယာဥ်တစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီ ၁၆ ရက် နေ့လည် ၁၂ နာရီအချိန်တွင် ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်းကို KIO၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုခဲ့သည်။ “ဂျက်ဖိုက်တာ တစ်စီးပစ်ချတာမှန်တယ်။ ဒီနေ့နေ့လည်…

ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အရပ်သားနေထိုင်ရာသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၆၊၂၀၂၄ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့သည် ၄င်းတို့ထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်စီမံရေးယန္တရားများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ ရှမ်းမြောက်မဟာမိတ်ညီနောင် ၃ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး ၈၁ ရက်မြောက်နေ့တွင် ၄င်းတို့ ရယူသိမ်းပိုက်နိုင်ခဲ့သည့်ဒေသများအတွင်း အုပ်ချုပ်စီမံရေးယန္တရားများ သက်ဝင်လည်ပတ်အောင် ဆောက်ရွယ်နိုင်ပြီဖြစ်ကြောင်း ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ လက်ရှိတွင် ရှမ်းမြောက်ညီနောင်မဟာမိတ် ၃ ဖွဲ့ထိန်းချုပ်ထားသည့်နယ်မြေများအတွင်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ…

စစ်ရေးရှုံးနိမ့်လာသည့်စစ်ကောင်စီသည် ဘာသာရေးကိုအသုံးချပြီးအမြတ်ထုတ်မှုပြုလုပ်လာနေဟု ပအိုဝ်းလူငယ်ပြောဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၅၊ ၂၀၂၄ စစ်ကောင်စီက နိုင်ငံတဝှမ်း စစ်ရေးအရ ရှုံးနိမ့်နေမှုအပေါ်ကို အကာကွက်ယူရန် ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်မှုများသည့် ပအိုဝ်းပြည်သူများအား ဘာသာရေးကိုအသုံးချ ပြီးအမြတ်ထုတ်မှုများ ပြုလုပ်လာကြောင်းပအိုဝ်းလူငယ်များက ပြောဆိုလိုက်သည်။ ရှမ်းမြောက် နှင့်ကရင်နီပြည်တွင် တိုက်ပွဲများဖြစ်ပွား မှုမရှိဘဲ ဘာသာရေးအဆောက်အအုံများအပေါ်ကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးများကြဲချခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများဆက်လက်ပြုလုပ်နေသည်။ ထိုသို့ပြုလုပ်နေသော်လည်း ဘယ်ဘာသာရေးခေါင်းဆောင်နှင့် ဘာသာရေးအဖွဲ့ မှကန့်ကွက်ခြင်း ရှုတ်ချခြင်းမပြုလုပ်ခဲ့ပါ။…

လွယ်အွန်းရွာအတွင်း လူနေအိမ်၂လုံးဖောင်းထွင်းခံရပြီး ငွေ ၂၇ သိန်းအခိုးခံရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၅၊၂၀၂၄ ဟိုပုံးမြို့နယ် လွယ်အွန်းကျေးရွာအုပ်စု လွယ်အွန်းရွာအတွင်း ယနေ့ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၁နာရီဝန်းကျင်က လူနေအိမ် ၂ လုံးဖောက်ထွင်းခံရပြီး ငွေ ၂၇ သိန်းအခိုးခံရမှုဖြစ်ပွားကြောင်းရွာခံအမျိုးသားတစ်ဦးထံမှသိရသည်။ ကျောင်းစုံညီပွဲတော်ကျင်းပရန်အကြိုရက်တွင် ယနေ့တွင် ဆယ်အိမ်ခေါင်းတစ်စု ဘောလုံးအသင်းဖွဲ့ပေးပြီး ကလေးများဘောလုံးပွဲသွားကြည့်စဥ်ရွာတွင်းနေအိမ်အချို့တိတ်ဆိတ်နေခြင်းကြောင့်သူခိုးများအခွင့်ကောင်းယူပြီးအိမ်ဖောက်ထွင်းခြင်းဖြစ်ကြောင်းသိရ သည်။ “ဒီနေ့က ခေါင်းအလိုက်ကလေးတွေဘောလုံးကန်တော့ အဲ့မှာလူတွေကသွားစုနေတာ၊ သူခိုးကလူတိတ်ဆိတ်တော့ ရွာတောင်ဖက်ခြမ်း နေအိမ်၂ လုံးကိုဖောက်တာ…

ရဟန်းတော်ကို လက်နက်တပ်ဆင်ပြီးပြည်သူ့စစ်ဖွဲ့ပေးရန် တောင်းဆိုသည့် နေမင်းကြီးဆရာတော် ဝိနည်းနှင့်မသင့်လျော်ဟုရဟန်းအချို့ဝေဖန်

ခမ်းသားငေါဝ်း ဇန်နဝါရီလ ၁၅၊၂၀၂၄ တောင်ကြီးမြို့၌ ပြုလုပ်ခဲ့သည့် MNDAA၏ လုပ်ရပ် ကို ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒပြပွဲတွင် ဦးဆောင်သည့် နေမင်းကြီးဆရာတော်မှ ရဟန်းသံဃာများကိုလက်နက်တပ်ဆင်ပေးပြီးပြည်သူ့စစ်ဖွဲ့ပေးရန် တောင်းဆိုမှုသည် ဝိနည်းနှင့်မညီကြောင်း ဆရာတော်အချို့ဝေဖန် မိန့်ဆိုခဲ့ သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က တောင်ကြီးမြို့ စူဠာမုနိဘုရားရင်ပြင်၌ MNDAA၏ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ရဟန်းသံဃာအပါပြည်သူများနှင့်တကွဆန္ဒပြ မှုတွင် ထိုသို့ဟောပြောတောင်းဆိုနေကြောင်းသိရသည်။…

ပလက်ဝဒေသတစ်ခုလုံးကို ရက္ခိုင့် တပ်တော် အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၅၊ ၂၀၂၄ စစ်ကောင်စီ အုပ်ချုပ်မှုယန္တရား များလုံးဝချုပ်ငြိမ်းပြီး ပလက်ဝ ဒေသတစ်လုံးကို ရက္ခိုင့် တပ်တော်မှ အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ကြောင်းသိရသည်။ ချင်းပြည်နယ်ရှိ ပလက်ဝ မြို့နယ်၊ ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီ တပ်ဖွဲ့များနှင့် စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားများ လုံးဝ အာဏာစက်ချုပ်ငြိမ်းသွားပြီးဖြစ်ကြောင်း ရက္ခိုင့် တပ်တော်မှ ဇန်နဝါရီ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း…

လောင်းကစားဝိုင်းကြောင့် သူခိုးဓားပြများလာပြီး အသက်အန္တာရယ်ခြိမ်းခြောက်သည့်အထိရှိလာ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၄၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် လချီလောင်းကစားဝိုင်းဆက်လက်ဖွင့်ထားနေခြင်းကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်း ဆေးသမားများ၊ သူခိုးများနှင့် လူလိမ်လူညာပေါများ လာနေကြောင်းမြို့ခံ တစ်ဦးထံမှသိရသည်။ လက်ရှိတွင် နမ့်စန်မြို့ရှိ ရွှေငါးကန်နှင့် သစ်ကွင်းတို့တွင် နာမည်ကြီးအဆိုတော်များခေါ်ပြီး ရှိုးပွဲဘန်းပြကာ ညတိုင်းလောင်းစားဝိုင်းဖွင့်လှစ်လျက်ရှိကြောင်း ဒေသခံများကပြောဆိုသည်။ “ဒီလိုလောင်းကစားဝိုင်းလချီရှိလာတော့ ဘာမှမကောင်းဘူးလေ၊ လူငယ်တွေအကျင့်ပျက်တာပဲအဖတ်တင်တာပေါ့၊ ဆေးသမားတွေ၊ သူခိုးတွေပိုပေါလာတယ်။ နောက်လူလိမ်လူညာတွေများတယ်။ ရပ်ကွက်ထဲကျေးရွာထဲ ဆိုင်ကယ်ပြောတာတွေ အိမ်ဖောက်ခံရတာတွေ…

ရှောင်လွဲမရသည့်အနေအထားကြောင့် ရှမ်းမြောက်အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုလုပ်ခဲ့ရဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၄၊ ၂၀၂၄ ညီနောင်မဟာမိတ် ၃ ဖွဲ့ သည်စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရှောင်လွှဲမရသည့်အနေအထားဖြင့်သာ သဘောတူညီခဲ့ရကြောင်း ၁၀၂၇ စစ်ဆင်ရေး ၇၉ ကြိမ် ရက်မြောက်နေ့တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ကပြောဆို ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်သည့် ကိုးကန့် MNDAA၊ ရခိုင်တပ်မတော် AA နှင့် တအောင့်တပ်မတော် TNLA…

စက်သုံးဆီ မြင့်တက်မှုကြောင့် အာလူးရေသွင်းစိုက်တောင်သူ များအတွက် အခက်ခဲ့ရှိနေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၄၊ ၂၀၂၄ ယခုနှစ်အတွင်း အားလူးဈေးကောင်းရသော်လည်း ကုန်ဈေးနှုန်းနှင့် စက်သုံးဆီဈေးများမြှင့်နေခြင်း ကြောင့် ရေသွင်းပြီး အာလူးစိုက်တောင်သူများ အခက်အခဲရှိနေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ် ၊နောင်တရားဒေသတွင် ယခင်နှစ်ထက် ယခုနှစ် အာလူးဈေးရသော်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် စက်သုံးဆီဈေး မြင့်တက်နေခြင်းတို့ကြောင်း အာလူးစိုက်တောင်သူများ အခက်ကြုံတွေ့နေရသည်ဟု ဇန်နဝါရီလ ၁၄ ရက်ကသိရသည်။ “အရင်နှစ်ထက်စာရင် ဒီနှစ်က ဈေးရှိပေမယ့် အရမ်းတော့မကျန်ဘူး…

နမ့်စန် မြို့အဝင် ဘီးခွန်ဂိတ်က ရွာခံများကိုငွေကြေးမတရားတောင်းယူမှုရှိနေဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၄၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့အဝင် ဘီးခွန်းဂိတ်သည် မြို့သို့ဖြတ်သန်းသွားလာသည့် ရွာခံများအပေါ် မတရားပိုက်ဆံတောင်းယူမှုရှိနေကြောင်း ဒေသခံများထံမှသိရသည်။ မြို့ဝင်ဘီးခွန်ဂိတ်မှ ဘီးခွန်ကောက်သူများသည် ဒေသခံဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာခြင်းကို ဆိုင်ကယ်တစ်စီးလျှင် ၅ ထောင်ကျပ်ဖြင့်တောင်းယူနေပြီး ခြိမ်းခြောက်မှုလည်းရှိနေကြောင်း ဆိုသည်။ “ခုကပြောင်းချိုးချိန်လေ၊ ၁၁ ရက်နေ့က ရွာခံတွေပြောင်းရောင်းဖို့တက်ကျတာ၊ အဲ့မှာမိုးနဲလမ်းကနေ ဝင်လာတာ ဘီးခွန်သမားတွေက တစ်စီးကို ၅၀၀၀ တောင်းတာ၊ အချို့က…