Category: သတင်း

ပေါင်းလောင်းတွင် စိုက်ခင်းများ ရေမြုပ်ပျက်စီးသွားသောကြောင့် စားဝတ်နေရေးအတွက် ပြည်သူများစိုးရိမ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၄၊ ၂၀၂၄ ပေါင်းလောင်းမြို့ရှိ ကျေးရွာများတွင် ရေကြီး၊ရေလျှံမှုကြောင့် စိုက်ခင်းများ ရေမြုပ်ပျက်စီးသွားပြီး စားဝတ်နေရေးအတွက် ပြည်သူများစိိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့ ရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှုနှင့် ကြုံတွေခဲ့ရပြီး စိုက်ခင်း သုံးပုံတစ်ပုံခန့်ပျက်စီးသွားသောကြောင့် ဒေသခံများစားဝတ်နေရေးအတွက် စိုးရိမ်နေရသည်။ ” လယ်တွေဆိုရေမြုပ်တယ်၊ တောင်ယာတွေဆို မြေပြိုလို့ပျက်သွားတယ်၊ အခုမှပြန်စိုက်ရင်လည်းနောက်ကျနေပြီ၊ ဒီမှာက တောင်ယာလယ်ယာပဲလုပ်စားကြတာ၊…

PNO ပြည်သူ့စစ်က ကျောက်တလုံးမြို့ နောင်ယာဆိုင်းတွင် ပြည်သူ့စစ်သင်တန်းဆင်းအင်အားပြထပ်မံပြုလုပ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ PNO ပြည်သူစစ်က အထူးဒေသ ၆ ခွန်ဖြားဗွာခမ်း အတွက် အင်အားပြ ပြည်သူ့စစ်သင်တန်းဆင်းပွဲကို အောက်တိုဘာ ၃ ရက်နေ့က ကျောက်တလုံးမြို့ နောင်ယာဆိုင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တလုံးကြီးမြို၊ ခွန်ဖြားဗွာခမ်း နောင်ယာဆိုင်း(သုဲင်)တွင် ပြုလုပ် သည့် PNOပြည်သူ့စစ်က အမှတ်စဥ်(၁) အခြေခံစစ်သင်သန်းဆင်းပွဲကို သင်တန်းသား(၇)ထောင်ကျော်ဖြင့်ပြုလုပ်ပြီး အခြေခံစစ်သင်တန်းမတက်ရောက်ရသည့်သူများလည်း ပါဝင်ခိုင်းကြောင်း…

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီမှနေ့စဥ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်များနေရပ်မပြန်ရဲသေး

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က နေ့စဥ်လက်နက်ကြီးပစ်ခတ်မှုပြုလုပ်နေသည့်အတွက်ကြောင့် စစ်ဘေးရှောင်ဒေသခံများက နေရပ်မပြန်ရဲကြသေးကြောင်းအောက်တိုဘာလ(၃)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက် ရှမ်း-ကယားနယ်စပ်တစ်ကျောတွင် စစ်ကောင်စီ၊ လက်အောက်ခံပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ကျေးရွာဘက်သို့နေ့စဥ်ပစ်ခတ်လာမှုပြုလုပ်နေသည့်အတွက် စစ်ဘေးရှောင်များနေရပ်ပြန်ရန်အခက်အခဲရှိနေသည်၊၊ “လက်နက်ကြီးကနမ့်ဖာမူဖက်နဲ့ ကောင်ဆိုင်ရွာဘက်တွေမှာပိုကျတယ် ဒီရက်ပိုင်းအတွင်းက၊ ဗန်းမောက်ဘက်လည်းကျတယ်ပြောတယ် ရွာသားတွေကတော့ပြေးနေရတုန်းပဲ ပြန်လာလို့မရသေးဘူး လက်နက်ကြီးကရွာတွေထဲနေ့တိုင်းကျတော့ ပြန်မနေရဲသေးဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။…

အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း ဒီမိုကရေစီလှုပ်ရှားသူများနှင့် ပြည်သူများသေဆုံးမှု ၅၇၀၀ ဦးကျော်ထိရှိလာ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ စစ်အာဏာသိမ်းချိန်မှစပြီး ယခုလအောက်တိုဘာလ ၂ ရက်ထိစစ်ကောင်စီ နှင့် လက်ပါးစေများကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းသေဆုံးသူ (၅၇၂၆) ဦး ရှိပြီးဖြစ်ကြောင်းနိုင်ငံ ရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားသည်။ ထို့အပြင် အာဏာသိမ်း ဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၅၀၂) ဦးရှိပြီး (၂၁၀၀၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ…

သံဃာတွေပါမကျန် သန်းခေါင်စာရင်းကောက်ယူနေခြင်းအပေါ်သံဃသမဂ္ဂ (မန္တလေး)အဖွဲ့မှ ကန့်ကွက်ရှုပ်ချ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ စစ်ကောင်စီသည် သံဃာတွေပါမကျန် သန်းခေါင်စာရင်းကောက်ယူနေခြင်းများလုပ်ဆောင်နေခြင်းအပေါ် သံဃသမဂ္ဂ (မန္တလေး)အဖွဲ့မှ အပြင်းအထန် ကန့်ကွက်ရှုပ်ချကြောင်း ထုတ်ပြန်ထားပါတယ်၊၊ မန္တလေးမြို့နယ် ကျောင်းတိုက်အချို့ကို စက်တင်ဘာလ ၂၈ ရက်နေ့တွေမှာ စစ်ကောင်စီ လက်အောက်ခံ (မ.ဟ. န ) အဖွဲ့မှ ကျောင်းထိုင်ဆရာတော်တွေ ပူးပေါင်းပါဝင်ဖို့ စာထုတ်ညွှန်ကြားနေခြင်းကို သံဃသမဂ္ဂ (မန္တလေး) မှ အောက်တိုဘာလ…

သုံးရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ​(၄)သေဆုံး (၁၁)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ သီပေါမြို့ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ​(၄)သေဆုံး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲတစ်လအတွင်း တအာင်းဒေသရှိပြည်သူ ၂၆ ဦးသေဆုံး၊ ၄၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်၊၊ တအာင်းဒေသ တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ ပြည်သူများကို…

စစ်ပွဲဖြစ်ပေါ်နေသည့်ဒေသများအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက် ပြည်သူများအ‌နေဖြင့် ဘေးအန္တာရာယ်ကင်းစေရန် (NUG)မှ အသိပေးထုတ်ပြန်

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ စစ်ပွဲများဖြစ်ပေါ်နေသည့် ဒေသများတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် နေအိမ်သို့ ပြန်သွားလျှင် ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများက ဘေးကင်းလုံခြုံကြောင်း ကြေငြာပြီးမှသာလျှင် နေရပ်သို့ပြန်ရန် အရေးကြီးကြောင်း (NUG) မှ အောက်တိုဘာလ (၂)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးနောက်ပိုင်း မိုးကြီးရေလျှံခြင်းကြောင့် မြေလွှာသည် စိုစွတ်‌ပျော့ပျောင်းပြီး ပိုမိုလွယ်ကူစွာ ရွေ့လျားခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ကာ မြှုပ်နှံထားသောပစ္စည်းများ မြေပြင်ပေါ်သို့…

ခေါင်းနွဲ့ရွာတွင်ရေဘေးကြောင့် တကယ့်ဆုံးရှုံးခံရသူထံ ကူညီထောက်ပံ့ပစ္စည်းမရောက်ရှိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ ခေါင်းနွဲ့ရွာတွင် ရေဘေးသင့်ပြည်သူများကို အလှူ ရှင်များက လာရောက်ထောက်ပံ့ရာ အညီအမျှမရရှိကြောင်း ဒေသခံတချို့ထံမှ သိရှိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းလွိုင်လင်မြို့နယ် ခေါင်းနွဲ့ရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်က အလှူရှင်အဖွဲ့များက အရေးပေါ် အိမ်ထောင်စု ၂၀ အတွက် လာရောက်ထောက်ပံ့ရာတချို့နာမည်ပါသော်လည်း ထောက်ပံ့ပစ္စည်းမရရှိကြောင်း ဒေသခံထံ သိရှိရသည်။ “တမြန်နေ့က ခမ်းရင်သားအဖွဲ့က ပိုပြီးလိုအပ်တဲ့…

ကလောမြို့ကို လူငယ်အင်အား တစ်ရာကျော်ဖြင့် ရွံ့နွံများရှင်းလင်းရာ ၈၀ ရာခိုင်နှုန်းပြီးစီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ ကလောမြို့ကို လူငယ်အင်အား တစ်ရာကျော်ဖြင့် ရွံ့နွံများကို ရှင်းလင်းကူညီဆောင်ရွက်ပေးရာ ၈၀ ရာခိုင်နှုန်း ပထမအဆင့် ပြီးစီးဟု နမ့်လတ် လူမှုကူညီကယ်ဆယ်ရေး အသင်း ထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ သဘာ၀ ဘေးဒဏ်ခံစားရသော ကလော၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်၊ နှင့် နမ့်စန်မြို့တို့ကို လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းများကူညီဆောင်ရွက် ပေးနေကြောင်း…

ရပ်စောက်မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက တင်းကြပ်စွာစစ်ဆေးမှုပြုလုပ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၊ ၂၀၂၄ ယခုရက်ပိုင်း ရပ်စောက်မြို့အဝင်အထွက်စစ်​ဆေး ရေး ဂိတ်တွင်စစ်ကောင်စီက တင်း​ကြပ်စွာစစ်ဆေးနေပြီးဒေသခံ သွားလာသူများပါအခက်ခဲကြုံရကြောင်းသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းရပ်စောက်မြို့ရှိ မြို့အဝင်အ ထွက်စစ်ဆေးရေးဂိတ်ကို စစ်ကောင်တင်းကြပ် စွာစစ်ဆေးနေပြီး အဝင်အထွက်လုပ်သည့်ဒေသခံလည်း အခက်ခဲဖြစ်စေကြောင်းအသက် ၂၅ နှစ်အရွယ် အမျိူးသားတစ်ဦးကပြောသည်။ “ဂိတ်ကအ၀င်ဆိုသိပ်မစစ်ဘူး၊အထွက်ဆိုရင်တော့စစ်ဆေးတာတွေအသေလုပ်တယ်၊ မနေ့ကရပ်စောက်ကိုလူငါးယောက်သွားတော့မှတ်ပုံတင်လေးယောက်ပဲပါသွားတယ်၊အ၀င်ကရပြီးတော့ကျွန်တော် တို့အင်တောဖက်ကိုသွားလည်မယ်ဆိုပြီးထွက်တော့ဂိတ်မှာတစ်ယောက်မှတ်ပုံတင်မပါလို့ဆိုပြီးရစ်တယ်၊ သူတို့ကပြောတယ်အဲတစ်ယောက်အစားမှတ်ပုံတင်တစ်ခုထားခဲ့ရမယ်၊ပြန်လာမှယူလို့ပြောတော့ မှတ်ပုံတင်ထားခဲ့ရတယ်”ဟု ၎င်းအမျိူးသားကဆက်ပြောသည်။ ရပ်စောက်မြို့တွင်အခြေအနေများလည်းရူပ်နေပြီး ဂိတ်များတွင်အရင်ကထက်တင်ကြပ်စွာစစ်ဆေးမေးမြန်း​ခြင်းများရှိသလို၊ တခါတစ်လေ…