ကျန်ရှိအိုးအိမ်ပစ္စည်းများကို ကာကွယ်စောင့်ရှောက် ပေးရန် နှစ်ဘက်လက်နက်ကိုင်တပ်အကြီးအကဲကို ဒေသခံတောင်းဆို
ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၉၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားသည့် ဆီဆိုင်မြို့တွင် ဒေသခံများ ကျန်ရှိအိုးအိမ်ပစ္စည်းများကို ကာကွယ်စောင့်ရှောက် ပေးရန် နှစ်ဘက်လက်နက်ကိုင်တပ် အကြီးအကဲ များကို ဒေသခံက တောင်းဆိုလိုက်ကြောင်းသိရသည်။ နှစ်ဖက်တပ် လက်အောက်ငယ်သားများက ပြည်သူ့၏အိုးအိမ်ပစ္စည်းကိုဖျက်ဆီးခြင်း၊ ခိုးယူသုံးစွဲခြင်းများ မပြုလုပ်ရန်နှင့် စစ်ဥပဒေကို လိုက်နာကျင့်သုံးရန် ပြည်သူများတောင်းဆို လိုက်ကြောင်းသိရသည်။ “အခုလိုမျိုး စစ်ပွဲ ပဋိပက္ခဖြစ်တဲ့အချိန်မှာဆိုရင် နှစ်ဖက် လက်နက်ကိုင်တွေအနေနဲ့ လူထုများရဲ့…