Category: သတင်း

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့်ဆီဆိုင်မြို့သို့ပစ္စည်းပြန်ယူသည့် အရပ်သား (၈ )ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၉၊၂၀၂၄ စစ်ကောင်စီက အဆက်မပြတ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ဆီဆိုင်မြို့သို့ပစ္စည်းပြန်ယူသည့် အရပ်သား ၈ ဦးထက် မနည်းထိခိုက်ဒဏ်ရာရခဲ့ကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန်၌ မြောက်ဘက်မှ ဆီဆိုင်ဘက်သို့စစ်ကောင်စီက လက်နက်ကြီးဖြင့်အဆက်မပြတ် ပစ်ခတ်ပြီး ဝါးတောရွာအရပ်သားတို့ကိုထိမှန်ခဲ့သလို ဆီဆိုင်မြို့ ဘုရားဖြူရပ်ကွက် ၃ အတွင်းမှာလည်း လူနေအိမ်ထိမှန်မီးလောင်နေခဲ့ကြောင်းဆိုသည်။ “လက်နက်ကြီးထိတာ…

ပင်လောင်းမြို့ရှိစစ်ဆေးရေးဂိတ်တွင် ကရင်နီဒေသခံများ ရပ်ကွက်ထောက်ခံစာပါမှ ဂိတ်ပေးဖြတ်သည်ဟုဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ရှိစစ်ဆေးရေးဂိတ်များတွင် ကရင်နီပြည်နယ်က ဒေသခံများကို ရပ်ကွက်ထောက်ခံစာပါမှသာ ဂိတ်ကိုပေးဖြတ်ကြောင်း ကိုယ်တိုင်ကြုံတွေ့သူအမျိုးသမီးတစ်ဦးထံမှသိရသည်။ ပင်လောင်းမြို့မှ တောင်ကြီးသို့သွားရာလမ်းပေါ်ရှိ ပင်လောင်းဂိတ်၊ တီကျစ် နဂါးဘီလပ်မြေရှေ့ရှိဂိတ်နှင့် အောင်ပန်းဂိတ်တို့တွင် ယခင်ထက်ပိုမိုတင်း‌ကြပ်စွာ စစ်ဆေးနေပြီး ကရင်နီပြည်နယ်က ခရီးသွားပြည်သူများကမိမိတို့နေထိုင်သည့်ရပ်ကွက် မိမိတို့တည်းခိုသည့်နေရာမှ အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှသာလျှင် ဂိတ်ကိုဖြတ်နိုင်ကြောင်းသိရှိရပါသည်။ “ကရင်နီပြည်ကလူတွေဆိုရင် ဘယ်မှ​ပဲ နေနေ ရပ်ကွက်ထောက်ခံစာတွေလိုတယ် ထောက်ခံစာပါတာတောင် မှတ်ပုံတင်ကြည့်ပြီးရစ်တယ်…

ပင်းတယမြို့ကျူံးစံပြကျေးရွာအုပ်စုအတွင်း စစ်ကောင်စီ အာဏာပိုင်များအခွန်ယူပြီးလောင်းကစားဝိုင်းဖွင့်လှစ်နေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၈၊၂၀၂၄ ပင်းတယမြို့နယ်ကျူံးစံပြကျေးရွာအတွင်း စစ်ကောင်စီအာဏာပိုင်များဦးဆောင်ပြီး လောင်းကစားဝိုင်းဖွင့်လှစ်ခြင်းကြောင့် ဒေသတွင်းရှိ လူငယ်များအကျင့်စာရိတ္တပျက်ပြားနေရ ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျုံးစံပြကျေးရွာအုပ်စုတွင် စစ်ကောင်စီအာဏာပိုင်များက အခကြေးငွေယူပြီး လောင်းကစားဝိုင်းကိုအကြီးအကျယ်ဖွင့်လှစ်နေသည့်အတွက် လူငယ်အများစု အကျင့်စာရိတ္တပျက်ပြားနေရကြောင်းဆိုသည်။ “လူငယ်တွေအိမ်ထောင်ကွဲတာတွေရှိတယ်။ အဲဒီလောင်းကစားဝိုင်းနောက်ကိုလိုက်တယ်ပေါ့နော်။ သူ့မိန်းမတွေ သူ့ကလေးတွေထားခဲ့ပြီးတော့ပေါ့နော်။ အရင်ကပညာတတ်တစ်ယောက်ပဲ လောင်းကဝိုင်းဖက်လှည့်တော့ အိမ်တောင်မနေတော့ဘူး၊အိမ်လည်းမရှိတော့ဘူး။ လောင်းကစားရှိတဲ့နေရာကိုသွားလိုက် နေလိုက်နဲ့ လူဘဝရှုံးသွားတာရှိတယ်။”ဟုဒေသခံအမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ ဒေသတွင်း…

သံလွင်မြစ်အရှေ့ဖက်ကမ်းရှိ စစ်ကောင်စီတပ်စခန်း ၂ ခုဆုတ်ခွာသည့်အတွက် တော်လှန်ရေးအင်အားစုသိမ်းပိုက်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၈၊၂၀၂၄ သံလွင်မြစ်အရှေ့ဖက်ကမ်းရှိ စစ်ကောင်စီ ရှေ့တန်းအထိုင်တပ်စခန်း ၂ ခု တပ်သားများဆုတ်ခွာသွားသည့် အတွက် တော်လှန်ရေးအင်အားစုဘက်က သိမ်းပိုက် လိုက်ပြီဖြစ်ကြောင်းသိရသည်။ ကရင်နီပြည် ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဘက်ရှိ ဟွေအွန်နှင့် ကျားပါးစပ်ကြီးစခန်း ၂ခုကို စစ်ကောင်စီတပ်သားက ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ နောက်ဆုံးအထိုင်ချပြီး စခန်းကိုစွန့်ခွာခဲ့ကြောင်း KNDF၏ ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနကယမန်နေ့ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာထုတ်ပြန်ထားသည်။…

ထမ်းယံရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁ နှစ်ကျော်ကလေးတစ်ဦးအပါအဝင်၂ ဦးသေဆုံး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄ ထမ်းယံရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်းကြောင့် (၁) နှစ်ကျော်ကလေးတစ်ဦးအပါအဝင် နှစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ ထမ်းယံရွာတွင် ဖေဖော်ဝါရီ ၁၇ ရက် ညလူအိပ်ချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကလက်နက်ကြီးရမ်းသမ်းပစ်ခတ်လာခဲ့ ကြောင်းသိရသည်။ “ထမ်းယံထီတမ်ရွာမှာတစ်ဦး သေတယ်။ ဒဏ်ရာရသူလည်းများတယ်။ ထမ်းယံအပေါ်ရွာတော့ ၁ နှစ်ကျော်ကလေးငယ်တစ်ဦးသေဆုံးပြီး ကလေးအဖေ လည်း ဒဏ်ရာရရှိခဲ့တယ်”ဟု ဒေသခံ…

PNO အသွင်ပြောင်း ပြည်သူ့စစ် ( ဌာနေ ) တပ်ဖွဲ့ဝင်များအား စစ်ကောင်စီက လက်နက်တပ်ဆင်အပ်နှင်းပွဲ အခမ်းအနားပြုလုပ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ PNO အသွင်ပြောင်း ပြည်သူ့စစ် ( ဌာနေ ) တပ်ဖွဲ့ဝင်များအား စစ်ကောင်စီက လက်နက်တပ်ဆင်အပ်နှင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ PNO အသွင်ပြောင်းပြည်သူ့စစ်( ဌာနေ ) တပ်ဖွဲ့ဝင်များအားလက်နက် တပ်ဆင်အပ်နှင်းခြင်းကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုးလုံလေလုံအားကစားခန်းမ၌ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် Telegram…

အာဏာရှင်စနစ် တော်လှန်ရင်းကျဆုံးခဲ့သည့် ရဲဘော်မန်းကီး ၂ နှစ်ပြည့် လွမ်းဆွတ်သတိရခြင်းအထိမ်းအမှတ်ပြုလုပ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း တော်လှန်ရေး တပ်ဖွဲ့ SSRY Eagle Force က ရဲဘော်မန်းကီး ကျဆုံးခြင်း ၂ နှစ်ပြည့်လွမ်းဆွတ်အောက်မေ့သတိရခြင်း အထိမ်းအမှတ် ကိုလွတ်မြောက်နယ်မြေတစ်နေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။ ရဲဘော်မန်းကီး အတွက် ဘုန်းကြီးကျောင်းသို့ဆွမ်းပို့ပေးခြင်းနှင့်အလေးပြုခြင်းအခမ်းအနားပြုလုပ်ခဲ့ ကြောင်းသိရသည်။ “ရဲဘော်မန်းကီး တာဝန်ကျေပါတယ် ကျွန်တော် တို့ SSRY Eagle…

ပေါမူဒေသတွင် PNO ပြည်သူ့စစ်လုံခြုံရေးကင်းလှည့်စရိတ်ဟုဆိုပြီး ငွေကြေးကောက်ခံမှုပြုလုပ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ ပေါမူကျေးရွာအုပ်စုအတွင်း PNO ပြည်သူ့စစ်လုံခြုံရေးကင်းလှည့်စရိတ်ဟုဆိုပြီး ငွေကြေးကောက်ခံမှုပြုလုပ်နေကြောင်း ဒေသခံ များထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် မြှောက်ဖက် ပေါမူကျေးရွာတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့က သားသတ်ခုံ၊ စားသောက်ဆိုင်နှင့်ကုန်ဆုံဆိုင်ဖွင့်ထားသူများ လုပ်ငန်းရှင်များထံ ငွေကြေးတောင်းခံ နေကြောင်းသိရသည်။ “သူတို့ကစာနဲ့လာပေးတယ်။ အစည်းအဝေးလုပ်မယ်ပေါ့ ။သူတို့ဒီရပ်ရွာကိုကာကွယ်ဖို့စရိတ်ဆိုပြီး ပြောလာတယ်။အစည်းဝေးမှာတော့ ဆိုင်အငယ်ဆို တစ်သိန်း တောင်းတယ်။ ဆိုင်အကြီးက၂…

မဲနယ်တောင်ဒေသကျေးရွာသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်နေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ မဲနယ်တောင်ဒေသရှိကျေးရွာများအား စစ်ကောင်စီကလက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်ခြင်းပြုလုပ် နေကြောင်း ဖေဖော်ဝါရီလ(၁၇)ရက်နေ့က ဒေသခံတစ်ဦးပြောပြချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ကျေးရွာများအား ဖေဖော်ဝါရီလ (၁၆)ရက်နေ့ညတွင်စစ်ကောင်စီကလက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေကြောင်း သိရသည်။ “မနေ့ညကျွန်တော်တို့ရွာဘက်ကို စစ်ကောင်စီတပ်က အောက်မြေပြန့်ဘက်ကနေလက်နက်ကြီးနဲ့ လှမ်းထုတာ၊ လက်နက်ကြီးကရွာထိတော့မကျဘူး၊ တောတောင်မှာပုန်းခိုနေတဲ့လူနီးနားမှာကျတာ လူထိခိုက်တာတော့မရှိဘူး” ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ စစ်ကောင်စီတပ်သည် ယမန်နေ့ည(၁၀)နာရီဝန်းကျင်တွင် ဟိုနားကျေးရွာဘက်မှ စံဖူးကျေးရွာဘက်သို့ လက်နက်ကြီးဖြင့်လှမ်းပစ်လာပြီး…

PNO ပြည်သူ့စစ်က ပအိုဝ်းပြည်သူကိုအတင်းအဓမ္မ ခေါ်ဆောင်ပြီး စစ်ကောင်စီတပ်စခန်းတွင် စစ်သင်တန်းပေးနေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ PNO ပြည်သူ့စစ်မှ အတင်းအဓမ္မခေါ်ယူ စုဆောင်းသည့် ပင်လောင်းရှိ ပအိုဝ်းလူငယ်များကို ရင်းမှီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွင် စစ်သင်တန်း ပေးနေကြောင်းဒေသခံများကပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ပိုင်း ကျေးရွာရှိ အမျိုးသားလူငယ်များကို PNO ပြည်သူ့စစ်က တပ်သားသစ်ခေါ်ယူပြီး စစ်ကောင်စီက သင်တန်းပေးနေပြီဖြစ်ကြောင်းသိရသည်။ “သင်တန်းက ရင်းမှီးတပ် ထီတလိ တောင်ခြေမှာ ရှိတဲ့ လေးကျင်းရေးကွင်းမှာ သွားတက်ရတယ်…