Category: သတင်း

ညောင်ရွှေမြို့တွင်ပြည်သူ့စစ်မှုထမ်းရန် လူစာရင်းစတင်ကောက်ခံ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄ ညောင်ရွှေမြို့တွင် ပြည်သူ့စစ်မှုထမ်းရန်အတွက် လူစာရင်း စတင်ကောက်ခံလျက်ရှိကြောင်း မြို့ခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ ပေါ်တွင်ပြည်သူ့ စစ်မှုထမ်းရန်အတွက် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး လူစာရင်းများ ကောက်ခံနေကြောင်းသိရသည်။ “အိမ်ထောင်စုဇယား အရင်လာကောက်တယ်။ ခုတစ်ခေါက် ပြန်လာကောက်ပြီး ဘယ်သူဝင်ရမယ် ဘယ်သူမဝင်ရဆိုတာ ကောက်တယ်။ တစ်အိမ်တစ်ယောက်ကောက်တယ် အသက် ၁၈ ကနေ ၄၅…

ထမ်းဆန်းဂူ အရှေ့ဖက်နှင့် မိုင်းပွန်မြို့အနီး တိုက်ပွဲပြင်းထန်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် ထမ်းဆန်းဂူအရှေ့ဖက်နှင့် မိုင်းပွန်မြို့အနီးတစ်ဝိုက်တွင် ဖေဖော်ဝါရီ ၂၁ ရက်မနက်ပိုင်းကတည်းက တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းသိရသည်။ စစ်ကောင်စီ၊လက်အောက်ခံပြည်သူ့စစ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်PNLAတို့အကြားဖြစ်ပွားနေကြောင်းသိရသည်။ “ကားလမ်းတစ်လျှောက် တိုက်ပွဲဖြစ်နေတယ်။စစ်ကောင်စီနဲ့ PNA ၊PNAကများတယ်”ဟု သတင်းရင်းမြစ်ကခမ်းသားငေါဝ်းကိုပြောသည်။ ယင်းတိုက်ပွဲကြောင်း မိုင်းပွန်မြို့အဝင်တံတားကို စစ်ကောင်စီက ပိတ်ထားပြီး ကား၊ဆိုင်ကယ်၊ခရီးသွားများစွာ ပိတ်မိနေကြောင်း သိရသည်။ လွိုင်လင်မြို့နယ် နားယမ်းကျေးရွာအုပ်စု နမ်းဘော်ခမ်းကျေးရွာသို့ နံနက်…

ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့တိုက်ပွဲ တစ်လအတွင်း အရပ်သား ၂၆ ဦးသေဆုံး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄ ပအိုဝ်းဒေသဆီဆိုင်မြို့နယ်နှင့်ဟိုပုံးမြို့နယ် တိုက်ပွဲတစ်လအတွင်းတွင် အရပ်သား ၂၆ ဦးသေဆုံးပြီး လေကြောင်း တိုက်ခိုက်မှု၂၇၁ ကြိမ်ရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းရုံး PYOထုတ်ပြန်ချက်အရသိရသည်။ ယင်းသေဆုံးမှုများသည် တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇန်နဝါရီ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၇ ရက်အတွင်းသာဖြစ်ပြီး လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု၊ဒရုန်းဖြင့်ဗုံးကြဲခံရမှု၊ သေနတ်နဲ့ပစ်သတ်ခံရမှု စသည်တို့ကြောင့် သေဆုံးခဲ့ရသည်ဟု PYOထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အခုက…

လက်နက်ကြီးကိုကြောက်၍ ရွာသားထွက်ပြေးနေရပြီး မသွားနိုင်သည့် သက်ကြီးရွယ်အိုများရွာထဲ ကျန်ရှိသေး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပွန်ချောင်းဘက် ကျေးရွာထဲ ပစ်ခတ်လာသဖြင့် နမ်းဘော်ခမ်၊ကျူးစလောင်း၊ခီနန်းရွာခံများဘေးကင်းရာထွက်ပြေးရပြီး သက်ကြီးရွယ်အိုတစ်ချို့ရွာအတွင်း ပိတ်မိနေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ် ပုံးအယ်ရွာမှ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်နေပြီး လက်ရှိချိန်ထိပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။ “အိမ်၊လူထိခိုက်တာတော့မရှိသေဘူး။မထွက်နိုင်သေးတဲ့‌ သက်ကြီးရွယ်အိုတွေ ရွာထဲမှာ ရှိနေတယ်။အပြန်အလှန် ပစ်ခတ်မှု မဟုတ်ဘူးစစ်ကောင်စီက ပုံးအယ်ကနေ…

ဟိုပုံးမြို့တနေရာတွင်တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီနှင့် ပြည်သူ့စစ် ၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းသိမ်းဆည်းရမိဟု PNLA ထုတ်ပြန်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၁ ၊၂၀၂၄ ဟိုပုံးမြို့နယ် တနေရာ၌ ဖေဖော်ဝါရီလ ၂၀ ရက်က PNLA နှင့် စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့ စစ် တို့တိုက်ပွဲဖြစ်ပွာပြီး စစ်ကောင်စီနှင့်လက် အောက်ခံ ပြည်သူ့စစ် ၅ ဦးသေဆုံးပြီးလက်နက်ခဲယမ်းသိမ်းဆည်းရမိကြောင်း PNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့တနေရာတွင် စစ်ကောင်စီနှင့်ပြည်သူ့စစ်က လုံခြုံရေးဆိုင်ရာလှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) စစ်ကြောင်းကို လာရောက်တိုက်ခိုက်သဖြင့် မနက် ၁၁…

စစ်ကောင်စီက အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်၍ ဒေသခံ ထိတ်လန့်ထွက်ပြေး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီလ ၂၀၊ ၂၀၂၄ ပုံးအယ်ကျေးရွာတွင် စစ်ကောင်စီတပ်စွဲထားပြီး အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် အနီးပတ်ဝန်းကျင်ရွာဒေသခံများထိတ်လန့်ပြီး တိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးပြောပြချက်အရသိရသည်။ ဟိုပုံးမြို့နယ် တောင်ကြီး-မိုင်းပွန်သွားလမ်းဘေးရှိ ပုံးအယ်ကျေးရွာတွင် စစ်ကောင်စီတပ်စွဲထားပြီးဖေ ဖော်ဝါရီလ(၂၀)ရက်နေ့ညနေပိုင်းက အကြောင်းမဲ့ ပွန်ချောင်းဘက်သို့လက်နက်ကြီးများ ပစ်ခတ်နေခြင်းကြောင့်တိုက်ပွဲဖြစ်လာမည်ကိုဒေသခံက စိုးရိမ်နေကြ သည်။ “စဖြစ်တာက(၄)နာရီဝန်းကျင်‌လောက်ထင်တယ်၊ ရုတ်တရက်ရွာပေါ်မှာ လေယာဥ်တွေအများကြီးလာဝဲတော့ လန့်သွားတယ်၊ ဒီညအိမ်မှာမအိပ်ရဲဘူး ရွာထဲကျမှာစိုးလို့ ခြံထဲကတဲမှာပဲသွားအိပ်ကြတယ်” ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ ပုံအယ်ကျေးရွာရှိရွာသားများသည်လည်းထွက်ပြေး…

ဆီဆိုင်မြို့နယ် ဒဏ်ရာရရှိသည့် စစ်ရှောင်များတောထဲ ပိတ်မိမှုရှိနေ

.ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၀၊၂၀၂၄ ဆီဆိုင်မြို့ အနောက်ဘက်ခြမ်းတောထဲရှိ ထီပရားတကြောတွင် ပိတ်မိနေသူစစ်ဘေးရှောင် မိသားစု ၁၀ ဦးထဲက ၅ ဦးဒါက်ရာရရှိပြီး ၂ ဦးသည်ဒါဏ်ရာပြင်းထန်စွာရရှိထားကြောင်း သိရသည်။ ပိတ်မိသူသည် ဘာကြောင့် ဒါဏ်ရာရသည်ကိုခမ်းသားငေါဝ်းအနေဖြင့် အတည်မပြုနိုင်သေးပါ။ “ဆီဆိုင်မြို့ အနောက်ဘက် တောထဲမှာပိတ်မိတာပါ ဒဏ်ရာလည်းရထားတယ်ဆိုလို့ ပိတ်မိတာအ ကြောင်းကြားလာတာနဲ့ ကျွန်တော်တို့က ကူညီပေးတဲ့သူတွေနဲ့ချိတ်ပေးထားပါတယ် အခုလောလောဆယ်တော့ တိတိကျကျမသိရသေးဘူး။”ဟု ၎င်းကပြောသည်။…

ရွာတွင်းစစ်ကောင်စီက လက်နက်ကြီးအထိုင်ချ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ကျူးမုန့်၊ ဟွေးတက်ရွာသားထွက်​ပြေး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ရှိ မဲနယ်တောင်ဒေသသို့ စစ်ကောင်စီက ကျူးမုန့်ရွာနှင့်ဟွေးတဲက်ရွာ ဘုန်းကြီးကျောင်းမှ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ရွာအတွင်း တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်ပြီး ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါသည်။ ဟိုပုံးမြို့၊ကျူံးမုန့်ကျေးရွာနှင့် ဟွေးတက်ကျေးရွာကြားရှိသည့် ကုန်းကျောင်း ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီက နေရာယူထားပြီး မဲနယ်တောင်ဘက်ကို ယနေ့မနက် ၁၁ နာရီဝန်းကျင်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။…

ပင်လောင်းမြို့နယ် ကျေးရွာတစ်ချို့တွင် လက်ပံပင်အခေါက်ကို ပွဲစားများ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ၊ ၂၀၊ ၂၀၂၄ ပင်လောင်းမြို့နယ် ကျေးရွာတစ်ချို့တွင် လက်ပံပင်အခေါက်ကို ပွဲစားများက စျေးကောင်းပေးပြီးဝယ်ယူနေသောကြောင့် ဒေသခံများ လောလောဆယ် စားဝတ်နေရေးအတွက်ဖြေရှင်းရန် အဆင်ပြေစေကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် သိရသည်။ လက်ပံအခေါက်ကို အစိုကိုလည်းဝယ်ယူပေးနေပြီး တစ်ပိဿာကို ခြောက်ရာကျပ်ပေးပြီးဝယ်ယူလျှက်ရှိရာ အခေါက်ခုတ်ရောင်းသူအနေနှင့် တစ်ရက်လျှင် ဝင်ငွေ နှစ်သောင်းကျပ်ခန့်ရရှိနေကြောင်း လက်ပံခေါက်ရောင်းသူထံမှ သိရသည်။ “ခုလိုသူများလာဝယ်တဲ့ချိန် တခဏတာအတွက် စားဝတ်နေရေးတွက်အဆင်ပြေစေတယ်”ဟု…

ရှမ်းပြည်တွင်နေထိုင်သည့် တိုင်းရင်းသားအားလုံး စစ်မှုထမ်းရန်တာဝန်ရှိဟု RCSS ကဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီလ ၂၀၊ ၂၀၂၄ ရှမ်းပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားအားလုံး စစ်မှုထမ်းရန်အတွက် တာဝန်ရှိကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှု၂ ဗိုလ်မှုး စိုင်းခမ်းစံက ပြောဆိုလိုက်သည်။ စစ်ရေးပဋိပက္ခ ကာလတွင် ရှမ်းပြည်အတွင်းနေထိုင်ပြီး မည်သည့်တိုင်းရင်းသား လူမျိုးမဆို အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ ကျား၊ မ အားလုံး ရှမ်းပြည်အမျိုးသားရေး တာဝန်…

You missed