Category: သဘာဝဘေး

ဆီဆိုင်မြို့နယ် ပုန်းအင်းဒေသတွင် နေအိမ်များရေနှစ်မြုပ်နေပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်ရေသန့် အရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၅၊ ၂၀၂၄ ဆီဆိုင်မြို့နယ် ပုန်းအင်းဒေသတွင် မိုးအဆက်မပြက်ရွာသွန်းခြင်းကြောင့် နေအိမ်များရေနှစ်မြုပ်နေပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်ရေသန့် အရေးပေါ်လိုအပ်နေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်မွန်မြို့ ပုန်းအင်းဒေသတွင် မိုးအဆက်မပြက်ရွာသွန်းပြီး နေအိမ်များရေနစ်မြုပ်ကာ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်ရေသန့် အရေးပေါ်လိုအပ်နေသည်။ “အခုလောလောဆယ်အခက်အခဲကတော့ အဲ့ဒီစားနပ်ရိက္ခာ၊ ရေသန့်တို့၊ ဆေးဝါးတို့ပေါ့ အာ့လိုအခက်အခဲရှိတယ်” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ ပုန်းအင်း၏…

ဆီဆိုင်၊ ဟိုပုံး၊တောင်ကြီးမြို့နယ်အစပ် ပုံးအင်းဒေသ နေအိမ်များရေနှစ်မြှုပ်ပြီး အကူညီများလိုအပ်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၅၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပုံးအင်းဒေသတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး နေအိမ်နှစ်မြှုပ်ကာ အကူညီများလိုအပ်နေကြောင်းသိရသည်။ ၎င်းဒေသတွင် ဆန်စပါးအများဆုံးထွက်သည့်ဒေသဖြစ်သော်လည်း ရေနှစ်မြှုပ်မှုကြောင့် အငတ်ဘေးပါကြုံတွေ့နေရကြောင်းသိရသည်။ “ဆန် စပါးများစွာ ထွက်ရှိရာဒေသတစ်ခုဖြစ်ပေ မယ့် ယခုအခါမှာတော့ စားစရာ ဆန် ထမင်းတောင် မရှိတော့တဲ့ဘဝရောက်ရှိလို့ နေကြပါပြီ”ဟု ဆရာတော်အရှင် Ven Kovida ၏လူမှုကွန်ယက်စာမျက်နာအကောင့် တွင်ရေးသားထားသည်။ ပုံးအင်းဒေသတွင် ဆီဆိုင်၊…

ပဆျားကြို လုံးဒါလမ်း တောင်ကျရေကြောင့် မြေပြိုပျက်စီး ခုထိရွာသားများအပြင်ထွက်လာ၍မရသေး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၅၊ ၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံး-ဆီဆိုင်နယ်စပ် ပဆျားကြို လုံးဒါ ဘက်တွင် စက်တင်ဘာ ၁၁ ရက်က မိုးကြီး ရေကြီးမှုကြောင့်မြေပြိုမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ လမ်းပေါ်မြေပြိုခြင်း၊ တောင်ကျရေတိုက်စားခြင်းကြောင့် စက်ယန္တရားဖြင့်မလုပ်ဆောင်ပါက ဒေသခံသွားလာမုခက်ခဲ့နေကြောင်းဒေသခံကပြောသည်။ “အဓိကကတော့ လုံးတာဖက်ကတက်လာရတဲ့ လမ်းက မြေပိတာမျိုး လမ်းကိုရေတိုက်စားကုန်တာမျိုးဖြစ်တာဗျာ ၊နောင်စုံဖက်ကိုသွားတဲ့လမ်းလည်းပျက်တယ် အခုက စားနပ်ရိက္ခာသယ်ယူဖို့ခက်ပြီးဒေသခံတွေငတ်ကုန်ကြမယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။…

ရေဂနိုင်တောရဘုန်းကြီးကျောင်း၌ မြေကွဲအပ်နေပြီး ကျောင်းပြိုမည်ကိုစိုးရိမ်နေရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊ ၂၀၂၄ ပင်းတယမြို့နယ်၊ ပွေးလှမြို့ ရှောက်ပင်ကျေးရွာ၊ ရေဂနိုင်တောရဘုန်းကြီးကျောင်း၌ မြေကွဲအပ်နေပြီး ကျောင်းပြိုမည်ကိုစိုးရိမ်နေရကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပွေးလှမြို့ ရှောက်ပင်ကျေးရွာ၊ ရေဂနိုင်တောရဘုန်းကြီးကျောင်းတွင် စက်တင်ဘာ ၁၁ ရက်စတင်ပြီး မြေကြီးစတင်အွဲအက်လာပြီး စက်တင်ဘာ ၁၃ ရက်တွင် ပင်မကျောင်းကြီးခြေရင်းထိ ကွဲအက်လာသည်၊၊ “မနေ့ကနေ့က ပင်မကျောင်းကြီး လှေကာခြေထိအပြင် ခဏ္ဍသိမ် အုတ်တံတိုင်းခြေရင်းထိ…

ပင်လောင်းတွင် ဒုတိယအကြိမ် ရေကြီးသဖြင့် ဒေသခံများ ရေဘေးထပ်ရှောင်ရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် မြေနိမ့်ပိုင်းရှိ ကျေးရွာများသည် ယခု ဒုတိယအကြိမ်ရေကြီးပြီး ဒေသခံများ ရေဘေးထပ်ရှောင်နေရကြောင်းသိရသည်။ သြဂုတ်လပထမပတ်တွင် ပထမအကြိမ် ရေကြီးပြီး ရေဘေးရှောင်ရကာ ယခုစက်တင်ဘာလတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဒုတိယအကြိမ်ရေကြီးခြင်းကြောင်း ဒေသခံများ ပြန်လည် ရေဘေးရှောင်နေရကြောင်းသိရသည်။ “တောင်ကျရေ ဝင်လာတာများတယ်။ မြို့ပေါ်ဆိုမြေနိမ့်ပိုင်းဖြစ်တဲ့ အနောက်ရပ်၊ ဘုရားကြီးအနီးမြေနိမ့်ပိုင်းတစ်ဝိုက်အကုန်မြုပ်တယ်။ အများစု တောင်ပေါ်ဘုန်းကြီးကျောင်း…

လွိုင်လင်မြို့နယ် အင်ခေတ်ရွာတွင် တောင်ပြိုပြီး လူ ၁၃ ဦးသေဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊ ၂၀၂၃ ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ် ခေါက်နွဲ့ရွာမြောက်ဘက် အင်ခေတ်ရွာတွင် မိုးကြီးရေကြီးခြင်းကြောင့်တောင်ပြိုပြီး လူ ၁၃ ဦးတောင်ကျရေထဲ ပါသွားကြောင်းဒေသခံတစ်ဦးထံသိရသည်။ စက်တင်ဘာ ၁၁ ရက်ကဖြစ်ပွားခဲခြင်းဖြစ်ပြီး နေအိမ် ၂၃ လုံးမျောပါပျက်စီးသွားကြောင်းသိရသည်။ “ကျွန်တော်ရဲ့အဒေါ်ဆိုရင်ပျောက်ဆုံးသွားတာ ၂ ရက်ရှိနေပြီ ရှာလို့မတွေ့သေးဘူး၊ အင်တာနက်လည်းပိတ်ထား”ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။ သေဆုံးသွားသည့်သူအလောင်းကို ၅ လောင်းသာရှာတွေ့ပြီး…

ကလောတွင် မြေပြို၊ ရေကြီးမှုကြောင့် သေဆုံးသူ ၆၀ ဦးကျော်ရှိနေပြီးပျောက်ဆုံးသူ ၈၀ ဦးခန့်ရှိ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၃၊ ၂၀၂၄ ကလောမြို့နယ်တွင် မြေပြိုခြင်း၊ ရေကြီးခြင်းကြောင့် သေဆုံးသူ ၆၀ ဦးကျော်ရှိနေပြီး ပျောက်ဆုံးသူ ၈၀ ဦးကျော်ရှိနေကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင် ယခုရက်ပိုင်း ရေကြီးခြင်း မြေပြိုခြင်းကြောင့် သေဆုံးသူ ၆၀ ဦးကျော်ရှိနေပြီး ပျောက်ဆုံးသူများ ၈၀ ဦးကျော်ရှိနေသည်၊၊ “ဖုန်းလိုင်းအင်တာနက်လိုင်းကမရနေဘူး ခု Wifi ယူထားတဲ့အိမ်မှာ ခနလာသုံးနေရတာ…

ကရင်နီ ဆေးသင်တန်းအပတ်စဥ်(၂) သင်တန်းသား ရဲဘော် ၁၈ ဦးတောင်ကျရေထဲမျောပါကျဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၃၊၂၀၂၄ ကရင်နီပြည်ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာတွင် စက်တင်ဘာ၁၁ ရက်ညပိုင်းအချိန်ကရင်နီဆေးသင်တန်အပတ်စဥ် ၂ ဆေးသင်တန်းသား (၁၈)ဦး ရေထဲမျောပါသေဆုံးခဲ့ရကြောင်း(KNDF)ဗဟိုက ဒီကနေ့တွင် သတင်းထုတ်ပြန်ထားသည်။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ဆေးဌာနမှ ကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်း၌ သင်ခန်းစာမစ်ရှင်လေ့ကျင့်ခြင်း ပြုလုပ်နေစဉ် ရေချောင်းတခုကို ဖြတ်ကျော်ရန် ကြိုးစားအားထုတ်ရာမှ မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ဆေးသင်တန်းတက်နေတာ အလောင်းအကုန်လုံး မရသေးဘူး၊ ကိုယ့်အသိထဲ့ ရဲမေတစ်ဦးလည်းပါသွားတယ်”…

ထမ်းဆန်းဂူတွင်ရေပြန်ကျပြီး ရေကြီးရေလျှံမှုကြောင့် ဂူပေါက်ဝနှင့် ထမင်းစားသည့်နေရာ ပျက်စီး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၃၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ထမ်းဆန်းဂူတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က ရေကြီးရေလျှံ မှုကြောင့် ဂူအတွင်းရေအပြည့်ဝင်ကာ ယနေ့တွင် ရေ​​ပြန် ကျသွားပြီဖြစ်သည်။ ရေကျပြီးနောက် ရေတိုက်စားမှုကြောင့် ဂူပေါက်ဝတွင် တန်ဖိုး သိန်းပေါင်းများစွာ ပျက်စီးဆုံးရှုံးသွား သည်ဟု သန့်ရှင်းရေးပြည်လုပ်သည့် ကာယကုသိုလ်အမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။ ‘’ရေတော့ကျသွားပြီ၊ ဂူအတွင်းတော့ဝင်လို့မရသေးဘူး၊ ဂူပေါက်ဝမှာတင်…