Category: သဘာဝဘေး

နောင်ဒေးနှင့်‌ မောက်မွန်းကျေးရွာအုပ်စုတွင် လမ်းပျက်စီးမှုများကြောင့် ပြန်လည်ပြုပြင်ရန် အကူအညီလိုအပ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊ ၂၀၂၄ ဟိုပုံးမြို့နယ်၊ နောင်ဒေးနှင့် မောက်မွန်းကျေးရွာအုပ်စုတွင် ရေကြီးမြေပြိုမှုများကြောင့် လမ်းများပျက်စီးသွားပြီး ပြန်လည်ပြုပြင်နိုင်ရန် အကူအညီများလိုအပ်နေသည်ဟု အောက်တိုဘာလ(၁၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ နောင်‌ဒေးနှင့် မောက်မွန်းကျေးရွာအုပ်စုအတွင်းတွင် စက်တင်ဘာလ ဒုတိယပတ်မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဒေသခံများအဓိကအသုံးပြုနေသည့်လမ်းများ ဆိုးဝါးစွာပျက်စီးခဲ့ရပြီး ပြန်လည်ပြုပြင်နိုင်ရန် အကူအညီများလိုအပ်နေသည်။ “အခုဒီဘက်မှာလမ်းပန်းဆက်သွယ်ရေးက တော်တော်လေးကိုခက်ခဲသွားပြီ၊ ထီတခုနဲ့ မဲတခြောင်ရွာဘက်မှာဆိုရင် လမ်းကလုံးဝနှစ်ခြမ်းကွဲသွားတာမျိုးလည်းရှိတယ် တစ်ချို့နေရာဆိုလမ်းကအသစ်ဖောက်မှအဆင်ပြေနိုင်မယ့်အနေအထားတွေလည်းရှိတော့…

မိုးရေသာအားကိုးရသည့်ဆီဆိုင်မြို့ပြည်သူများ နွေရာသီအတွက် ရေအခက်ခဲကြုံမည်ကိုစိုးရိမ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊ ၂၀၂၄ ဆီဆိုင်မြို့တွင် ပုံမှန်ပေးဝေနေကျ ဂျပန် ရေမရတော့ဘဲ မိုးရေသာအားကိုးနေရ၍ နွေရာသီ ရေအခက်ခဲကြုံရမည်ကိုဒေသခံများစိုးရိမ်နေကြကြောင်းသိရသည်။ ရှမ်းပြည်တောင်ပိုင်းဆီဆိုင်မြို့တွင် တိုက်ပွဲ ဖြစ်ပွားပြီး နောက်ရပ်ကွက်တွင်းပေးဝေနေကြ ဂျပန်ရေမရတော့သဖြင့်မိုးရေနှင့်သာချက်ပြုတ်စားသောက်ကာလတ်တလောစား၀တ်နေရေးပြသာနာကိုဖြေရှင်း နေရသည်။ “ရေမရတာကတော့စစ်ဖြစ်ကတည်းကနေအခုထိပဲ၊တချို့ရွာတွေကဂျပန်ရေ နည်းနည်းရတယ်၊ မရတဲ့လူကတော့မိုးရေရှိနေလို့အဆင်ပြေနေသေးတာချက်ပြုတ်လဲမိုးရေသောက်ရေလဲမိုးရေပဲအချို့အိမ်ဆိုရေလုံး၀မရှိတာလဲရှိသေးတယ်၊မိုးရာသီကုန်ရင်ရေရဖို့ဘယ်လိုလုပ်ရမှန်းမသိဘူး၊အချိူ့အိမ်ကရေတွင်းရှိပေမဲ့ပုပ်နံ့နံနေတာတွေရှိတော့သောက် လို့သုံးလို့အဆင်မပြေဘူးလေ”ဟု ဒေသခံအမျိူးသမီးတစ်ဦးကပြောသည်။ အရင်ကဂျပန်ရေကိုတစ်ပတ်တွင်တစ်ရက်ရပြီး၊တစ်ရွာနှင့်တစ်ရွာရက်မတူသည့်အပြင်ရေလာသည့်အချိန်လဲမတူသည့်အတွက်သုံးစွဲရအဆင်ပြေပြီး ထိုရေဖြင့် သောက်ရေ၊ချိုးရေ၊ အဝတ်လျှော်၊ ချက်ပြုတ်စသဖြင့်အသုံးပြုကြပြီး ရေမီတာခဆောင်ရလည်းအဆင်ပြေခဲ့သည်။ လက်ရှိတိုက်ပွဲဖြစ်ပွားမှုမရှိတော့သည့်ဆီဆိုင်မြို့တွင် စစ်ရှောင်ဒေသခံများနေရပ်ပြန်လာကြပြီဖြစ်ပြီး…

တစ်ဘက်ချောင်းအနီးကုန်းဆွတ်ရွာတွင် တိုက်ပွဲ ဒဏ်အပြင်ရေကြီးရေလျှံမှုဒဏ်ပါခံရပြီး စိုက်ခင်းများအကုန်ပျက်စီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊၂၀၂၄ ဆီဆိုင်မြို့အနောက်ဘက် နမ့်တဘက်ချောင်းအနီး ကုန်းဆွတ်ရွာတဝိုက်တွင် ရေကြီးရေလျှံမှုဖြစ်ပြီး စိုက်ခင်းများအကုန်နှစ်မြုပ်ဆုံးရှုံး ခဲ့ရကြောင်းသိရသည်။ ရှမ်းပြည်တောင်ပိုင်းဆီဆိုင်မြို့နယ် ကုန်းဆွတ်ရွာအနီးတစ်ဝိုက်ရှိစိုက်ခင်းများသည်တစ်လနီးပါးရေမြှုပ်နေပြီးပျက်စီးကာ ဒေသခံများစားဝတ်နေရေး အခက်ခဲဖြစ်စေမည်ကိုစိုးရိမ်ကြသည်။ “ကျမတို့ဆို စစ်ကြောင့်အိမ်ဆုံးရူံးရတယ်၊ရေဘေးကြောင့်ရင်းနှီးပြီးစိုက်ပျိူးရတဲ့ စပါးပင်တွေပြောင်း ပင်တွေ ဆုံးရူံးကုန်တယ်၊အခုစိုက်ထည့်လို့လဲအဆင်မပြေသေးဘူး၊မျိူး‌စေ့ အကြွေးယူထားတာတွေလဲမဆပ်နိုင်သေးဘူး၊လက်ရှိစား၀တ်နေရေးကိုတော့ဖြစ်သလိုအဆင်ပြေအောင်ဖြေရှင်းနေရတယ်”ဟုဒေသခံ အမျိူးသမီးတစ်ဦးကပြောသည်။ ကုန်းဆွတ်ရွာတွင် ပြီးခဲ့တဲ့သြဂုတ်လ ၃၁ ရက်နေ့မှစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ကာ အောက်တိုဘာလ ၈ ရက်နေ့အထိရေမကျသေးဘဲ…

အင်းလေးကန်ရှိနေအိမ်များ အချိန်ကြာမြင့်စွာ ရေနစ်မြုပ်ခြင်းကြောင့် အိမ်ကြမ်းခင်းများ ဆွေးမြည့် ပျက်စီးလာ

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရှိ နေအိမ်များ အချိန်ကြာမြင့်စွာ ရေနစ်မြုပ်ခြင်းကြောင့် နေအိမ်ကြမ်းခင်းများ ဆွေးမြည့် ပျက်စီးလာကြောင်း ဒေသခံများ ထံမှ သိရသည်။ အင်းလေးကန် ရေပေါ်တွင် ဆောက်ထားသည့် နေအိမ်အများစု တို့သည် ရေကြီးနစ်မြုပ်မှု ဒဏ်ကို တစ်လနီးပါး ရှိနေပြီး၊ အောက်တိုဘာလ(၃) ရက် အထိ ရေကျခြင်းမရှိဘဲ…

ရေမြောင်းမရှိ၍ မိုးရွာလျှင်လမ်းမပေါ်ရေလျှံပြီး သွားလာရန်ခက်ခဲ

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၄ ဘုရားဖြူရပ်ကွက် ရေထွက်ဦးလမ်းတွင် လမ်းဘေးရေမြောင်းမရှိ၍ အောက်တိုဘာလ ၇ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လမ်းမပေါ်ထိရေကြီးရေလျှံဖြစ်ကာသွားလာရခက်ခဲကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်းပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ရေထွက်ဦးလမ်းတွင် အစိုးရအဆက်ဆက်က လမ်းပြင်ခြင်း၊ မြောင်းပြင်ခြင်းမရှိသည့်အတွက် မိုးရွာတိုင်းလမ်းမကြီးပေါ်ရေလျှံပြီး သွားလာရန်အလွန်ခက်ခဲသည်။ “ ဒီနေ့တစ်ရက်ထဲနဲ့ မိုးရွာတာ အဲ့လောက်တောင်ရေက လမ်းပေါ်ထိ ရောက်တာ မိုးဆက်တိုက် ထပ်ရွာရင်တော့တော်တော်ဆိုးမှပဲ၊ ဟို…

မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တောင်ကြီးမြို့စွန်တောင်စောင်းရှိ နေအိမ်များ ပြိုကျခြင်း၊ ပျက်စီးခြင်း ကြုံတွေ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၄ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တောင်ကြီးမြို့၊ တောင်စောင်းရှိ ရပ်ကွက်များတွင် နေအိမ်များ ပြိုကျခြင်း၊ ပျက်စီးခြင်း ကြုံတွေ့နေရကြောင်း သိရသည်။ ရှမ်း​ပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်၊ နယ်မြေ(၆) ၊ စမ်းရေတွင်း ဓမ္မာရုံ လမ်းကြားတွင် တောင်ပြိုကျပြီး နေအိမ်နံရံကို ပြိုကျပိတ်မိနေသဖြင့် အခက်အခဲ များစွာ ရှိကြောင်း သိရသည်။ “စမ်းရေတွင်း…

မောက်မယ်မြို့တွင်းရှိ ရပ်ကွက်ချင်းဆက်လမ်းပေါ်ရှိ သစ်သားတံတား ၂ စင်း ရေကြီးခြင်းကြောင့် ပျက်စီးခဲ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၇၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ၊ မောက်မယ်မြို့တွင်းရှိ ရပ်ကွက်ချင်းဆက်လမ်း ပေါ်ရှိ သစ်သားတံတား ၂ စင်း ရေကြီးခြင်းကြောင့် ပျက်စီးခဲ့ကြောင်း ဒေသခံ များထံမှသိရသည်။ စက်တင်ဘာလ(၁၀) ရက် ရေကြီးစဉ် မောက်မယ်မြို့ရှိ ရပ်ကွက်တွင်း သစ်သားတံတား ၂ စင်း ပျက်စီးခဲ့ရပြီး ထိုတံတားများသည် ဆီဆုံတံတား နှင့် မိုက်ဟုန်း တံတားတို့…

ရေပြန်ကျသော်လည်းရွံ့နှင့် အမှိုက်များကြောင့် အနံ့ဆိုးများထွက်သဖြင့် ပြည်သူများအသက်ရှုကြပ်နေကြ

ခမ်းသားငေါဝ်း အောက်တိုဘာ ၇၊ ၂၀၂၄ ကလောမြို့တွင် ရေကြီးမှုဖြစ်ပွါးပြီးနောက် ရေပြန်ကျသော်လည်း ကျန်ရှိသည် ရွံ့နှင့် အမှိုက်များကြောင့် အနံ့ဆိုးများထွက်သဖြင့် ဒေသခံများ အသက်ရှုကြပ်နေကြောင်း ဒေသခံဆီမှ သိရသည်။ ရှမ်းပြည်နယ်တောင်းပိုင်း၊ ကလောမြို့၌ စက်တင်ဘာလဒုတိယပါတ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးမှုဖြစ်ပွါးပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် ဒေသခံများသည် ကျန်ရှိသည့် ရွံ့နှင့်အမှိုက်များ အပြီးတိုင်မရှင်းနိုင်သေးသည့်အတွက် အနံ့ဆိုးများထွက်သဖြင့် အသက်ရှုကြပ်ခြင်းနှင့် နေထိုင်ရေးအတွက်ခက်ခဲနေသည်။ “အနံ့ကအရမ်းဆိုးတော့နေရတာ အရမ်းခက်တာပေါ့၊…

ရေဘေးသင့် ကလောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများလိုအပ်နေဆဲ

ခမ်းသားငေါဝ်း အောက်တိုဘာ ၅၊ ၂၀၂၄ ကလောမြို့တွင် ရေဘေးဒဏ်ကြုံရပြီးနောက် ပြန်လည် ထူထောင်ရေးအတွက် အကူအညီများလိုအပ်နေသေးကြောင်း ရေဘေးကူညီနေသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ကလောမြို့တွင် စက်တင် ဘာလ ဒုတိယပါတ်အတွင်း ရေဘေးဒဏ်ကို ဆိုးဝါးစွာကြုံတွေ့ခဲ့ရပြီး အပျက်အစီးများ အကုန်မရှင်းလင်းနိုင်သေးသလို ပြန်လည် ထူထောင်ရေးအတွက်အကူအညီများစွာလိုအပ်နေသေးကြောင်းသိရသည်။ ” အပျက်အစီးတွေ၊ ရွံ့တွေက ရှင်းလို့မကုန်နိုင်သေးဘူး၊ တချို့အိမ်တွေကျလည်း လုံးဝပျက်စီးသွားတယ်၊ မပျက်စီးတဲ့ အိမ်တွေဆိုလည်း…

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အေင်ခေတ်ရွာတွင် တောက်ပြိုမှုထပ်မံဖြစ်ပွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၅၊၂၀၂၄ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်အေင်ခေတ်ရွာတွင် မြေပြိုမှုများပြန်လည်ဖြစ်ပေါ်ပြီး ရွာသူရွာ သားများ အပြင်မထွက်ရန် အသိပေးနေရကြောင်း​ သိရှိရပါသည်။ ရှမ်း​​ပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် အေင်ခေတ်ရွာတွင်ရေဘေးကြုံခဲ့ရသည့်အပြင် ယခုရက်ပိုင်းမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ပြုမှုပြန်ဖြစ်နေကြောင်း ဒေသခံတစ်ဉီးထံမှ သိရှိရသည်။ “အခုရက်ပိုင်းမိုးဆက်တိုက်ရွာနေတော့ တောင်ပြိုတာလေးတွေ ပြန်ဖြစ်တယ်ပေါ့လေ ရွာသားတွေ​ကိုစိုးရိမ်နေရတော့ ကျနော်တို့က အပြ​​င်တွေသိပ်မထွက်ဖို့ လိုက်ပြီးသတိပေးနေရတယ်ပေါ့ တချို့တွေကိုတော့လဲ ဘုန်းကြီးကျောင်းမှာပဲနေဖို့ လိုက်ပြောရတာတွေရှိတယ်ဗျာ့” ဟုပြောသည်။ ယခင်ဖြစ်ပွားခဲ့သည့် မြေပြိုမှုမှ…