Category: သဘာဝဘေး

မြန်မာနိုင်ငံတွင် စံချိန်တင် အပူချိန်မြင့်တက်လာနိုင်ဖွယ်ရှိနေ

——————— ခမ်းသားငေါဝ်း၊ ဧပြီ ၂၀၊ ၂၀၂၃ မြန်မာနိုင်ငံတွင်နေ့အပူအချိန်မြင့်တက်လာနေသည်နှင့် အမျှနိုင်ငံတစ်ဝှမ်းတွင်လည်းအပူချိန်တိုးလာ နိုင်ကြောင်း ဧပြီလ ၁၉ရက်နေ့တွင် မိုးလေဝသ ခန့်မှန်းသူတစ်ဦးက သုံးသပ်ပြောဆိုထားသည်။ မိုးလေဝသထုတ်ပြန်ချက်များအရ မေလနှင့် ဇွန်လ တွေမှာမိုးခေါင်နိုင်သည့်အခြေအနေ(ဆည်ရေတွေခန်းတာ၊ မြေဆီလွှာစိုထိမ်းမှုတွေ လျော့ကျတာစသဖြင့်) တွေက အလယ်ပိုင်း၊ အထက်အညာဒေသတွေမှာ ဆိုးလာနိုင်သဖြင့် သောက်ရေ သုံးရေတွေ ကြိုတင်ပြင်ဆင်ထားနိုင်ရန်လည်း အသိပေးထားပါသည်။ ” သင်္ကြန်မိုးမရွာနိုင်တာလည်း Neutral…

ပင်လောင်းတွင် တေားမီးလောင်မှုမှတစ်ဆင့် လက်ဖက်ခြံများမီးလောင်ပျက်စီး

ခမ်းသားငေါဝ်း၊ ဧပြီ ၇၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားဒေသ တကူးမို့ရွာတွင် တောမီးလောင်ရာမှတစ်ဆင့် ဒေသခံ၏ လက်ဖက်ခြံများပါ မီးလောင်ပျက်စီးခဲ့ကြောင်း ဧပြီလ ၇ရက်နေ့တွင်သိရသည်။ မတ်လ၂၇ရက်နေ့ညတွင် တောမီးလောင်မှုမှတစ်ဆင့် လက်ဖက်ခြံ၆ခြံပါမီးလောင်သွားခဲ့ပြီး လက်ဖက်ပင်ပေါင်း ၃၀၀၀မနည်း မီးလောင်ပျက်စီးခဲ့ရသည်။ “မီးကဘယ်သူဘယ်ဝါရှို့တာလဲမသိဘူး မိသားစုစားဝတ်နေရေးအတွက် အဓိကဝင်ငွေဟာ လက်ဖက်ပေါ်လည်းပါတယ် ယခုနှစ်ကစျေးလည်းအရမ်းရှိတယ် ခုလိုမီးလောင်သွားတော့ အရမ်းနှမြောမိတယ် “ဟုတကူးမို့ရွာ ဒေသခံတစ်ဦးက ခမ်းသားငဝ်းကိုပြောသည်။…

ရှမ်းတောင်တွင်စိုက်ပျိုးသော မိုးလွတ်ရွှေဖီဦး လက်ဖက်ရွက်နုသစ် စျေးကောင်းရရှိနေ

ခမ်းသားငေါဝ်း၊ မတ်၇၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း၏ ဒေသထွက်ကုန်တစ်ခုအဖြစ်ရပ်တည်လျှက်ရှိသော မိုးလွတ်ရွှေဖီဦး ရွက်နုသစ်မှာ ယခုထွက်ရှိချိန်အစတွင် စျေးကောင်းရရှိနေပြီး ဝယ်ယူလိုသူများနေကြောင်း မတ်လ ၇ရက် တွင် သိရှိရသည်။ ရွှေဖီမိုးလွတ်လက်ဖက်များကို နှစ်စဥ် တန်ခူးလဆန်းပိုင်းမှစ၍ စတင်ခူးယူနေလျှက်ရှိနေပြီး ကဆုန်လပြည့်ကျော် မိုးရာသီဝင်သည်အထိ လက်ဖက်စိုများ၊ လက်ဖက်ခြောက်များ ထုတ်လုပ်ကာ အနယ်နယ်အရပ်သို့ တင်ပို့ရောင်းချကြသည်။ ” အခုက လက်ဖက်ရွက်နုရတဲ့သူ နည်းနေသေးတယ် ရွှေဖီချိန်ဆိုတော့…

လက်နက်ကြီးရန် နှင့်လေကြောင်းတိုက်ခိုက်မှုအကာ အကွယ်ဖြစ်စေသော ဗုံးခိုကျင်းများပြုလုပ်ထားရှိရန်နှင့်ပြုလုပ်ပုံအဆင့်ဆင့်

ခမ်းသားငေါဝ်းမတ်လ ၅၊ ၂၀၂၃ တိုက်ပွဲဖြစ်ပွားသောနေရာဒေသတွေမှာ အရပ်သားသေဆုံးမှုများလာသောကြောင့် လက်နက်ကြီးရန်နှင့် လေကြောင်းတိုက်ခိုက်မှုတို့အကာအကွယ်ဖြစ်စေသော ဗုံးခိုကျင်းများ ပြုလုပ်ထားရှိရန်နှင့် ပြုလုပ်ပုံအဆင့်ဆင့်တို့ လိုအပ်လျက်ရှိနေပါသည်။ မတ်လ ၄ရက်နေ့တွင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)မှ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှု ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ရန် အချက်၉ချက်ထုတ်ပြန်ခဲ့ပါသည်။ ၁။ မိမိ၏ စစ်ရှောင်သည့်နေရာ သို့မဟုတ် တောင်စောင်းများတွင် ဗုံးခိုကျင်းများတူးထားရန်။၂။ ဗုံးခိုကျင်းများကို အနည်းဆုံး အနက် ၅ ပေနှင့်…

ဝါးပြုံးကျေးရွာသို့ရောက်ရှိသည့် စစ်ရှောင် ပြည်သူများ အခြေခံစားနပ်ရိက္ခာ ရေနှင့် အသုံးဆောင်ပစ္စည်းများလိုအပ်

ခမ်းသားငေါဝ်းမတ်လ ၆၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဝါးပြုံးကျေးရွာသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများ အခြေခံစားနပ်ရိက္ခာ၊ ရေနှင့် နေထိုင်စရာ အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသေးကြောင်း မတ်လ ၆ ရက်နေ့က သိရသည်။ စစ်ဘေးတိမ်းရှောင်လာသူများသည် တစ်ပတ်ကြာမြင့်နေပြီဖြစ်ပြီး ရေရှည်စစ်ရှောင်နေရလျှင် ရေလုံလောက်ရန်အတွက်နှင့် ကျန်းမာရေ စောင့်ရှောက်မှု များလိုအပ်နေကြောင်း သိရသည်။ ” စစ်ဘေးရှောင်ပြည်သူက လောလောဆယ် လူဦးရေ ၂၀၀…

စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာ

ခမ်းသားငေါဝ်းဇန်နဝါရီ ၂၇၊ ၂၀၂၃ စစ်အာဏာသိမ်းပြီး နှစ်နှစ်တာကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဘိန်းစိုက်ပျိုးမှုတွေ ပြန်လည်မြင့်တက်လာပြီး ယခုနှစ်အတွင်း ဘိန်းဈေးဟာ တစ်ပိဿာကို ၁၀ သိန်းကျော်ရှိ‌‌လာတယ်ဟု သိရပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့လာရတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ အလုပ်အကိုင်ရှားပါးမှု အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ဘိန်းပြန်လည်စိုက်ပျိုးလာကြတာ ဖြစ်ပါတယ်။၂၀၀၂ က စပြီး UNODC က ဘိန်းရဲ့ ပျမ်းမျှ တန်ဖိုးကို စောင့်ကြည့်လေ့လာခဲ့ရာမှာ…

ချက်ကြိုးတွင် ပိုးဝင်ပြီး မွေးကင်းစကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရ

ခမ်းသားငေါဝ်းဖေဖော်ဝါရီလ ၁၅၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ဗန်းမတ်ကျေးရွာအုပ်စု ထီတဖြေ့ကျေးရွာတွင် မွေးကင်းစ ကလေးငယ်တစ်ဦး ချက်ကြိုးမှတဆင့် ရောဂါပိုးဝင်ပြီး‌ ဖေဖော်ဝါရီ ၁၄ ရက်‌နေ့၌ အသက်‌သေဆုံးခဲ့ရကြောင်း သိရသည်။ထီတဖြေ့ကျေးရွာတွင်မွေးကင်းစ ကလေးငယ်တစ်ဦးက လက်သည်ဖြင့်မွေးပြီး ချက်ကြိုးဖြတ်ရာတွင် ပိုးဝင်၍ သေဆုံးသွားကြောင်း သိရသည်။၄င်းမွေးကင်းစကလေးငယ်က အိမ်တွင်တစ်ပတ်ကြာကူသမှုပြုလုပ်သော်လည်း မသက်သာသဖြင့် ဗန်းမတ်ရွာရှိ PHWC ဆေးခန်းသို့ လာရောက်ပြသခဲ့ပြီး ဆေးခန်းမှတစ်ဆင့် တောင်ကြီးဆေရုံသို့ဖေဖော်ဝါရီ…

ပင်လောင်းတွင် အချိန်အခါမဟုတ် မိုးရွာပြီး မိုးသီးများပါကြွေကျ

ခမ်းသားငေါဝ်းဖေဖော်ဝါရီ ၁၇၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းယနေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက်အစောတွင် ရာသီအချိန်မခါမဟုတ်ပဲ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများပါကြွေကျကြောင်း သိရသည်၊၊ဆောင်းအကုန်နွေအကူး ရာသီအပြောင်းအလဲချိန်ခါတွင် မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် စိုက်ပျိုးပင်အချို့ ပျက်စီးခဲ့ကြောင်း ပင်လောင်းဒေသခံ နန်းသီတာကပြောသည်၊၊” မနေ့ကတော့မရွာဘူး ဒီမနက်အစောမှရွာတာ မိုးအရမ်းကြီးတယ် လေလည်းတိုက်တယ် မှောင်မဲနေတာပဲ မိုးခဏနားတုန်းခြံသွားကြည့်တာ ခရမ်းချဉ် ပင်တွေ မုန်လာပင်တွေပျိုးထားတာလဲ…

မဲဆောက်တွင် ကားမှောက်သေဆုံးခဲ့သော ပင်လောင်းဒေသခံ ပအိုဝ်းတိုင်းရင်းသားနှစ်ဦး အာမခံ နစ်နာကြေးရရှိ

ခမ်းသားငေါဝ်းဖေဖော်ဝါရီ ၁၇၊ ၂၀၂၃ ထိုင်းနိုင်ငံသို့ MOUစနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာရွေ့ပြောင်းလုပ်သားများဖြစ်သော ပင်လောင်းဒေသခံ ပအိုဝ်းတိုင်းရင်းသားနှစ်ဦး မဲဆောက်တွင် ကားမှောက်သေဆုံးခဲ့သည့်အတွက် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ထိုင်းအစိုးရမှ အာမခံ နစ်နာကြေးပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။သေဆုံးသွားသူ နှစ်ဦး၏မိသားစုဝင်များက ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မြဝတီအမှတ် ၁ တံတားမှ နယ်စပ်ဖြတ် Border Pass စာအုပ်လျှောက်ကာ ကိုးဗစ်ကာကွယ်ဆေးထိုးပြီးနောက်…