Category: သဘာဝဘေး

ဝါးပြုံးရွာရောက် စစ်ရှောင်များ ရေရှားပါးမှုနှင့်ကြုံနေရ

ခမ်းသားငေါဝ်း မတ် ၅ ၊ ၂၀၂၄ ပင်လောင်းမြို့နယ် ဝါးပြုံး ရွာရောက် စစ်ဘေးရှောင်များ ရေရှားပါးမှု အခက်အခဲများ ကြုံနေရကြောင်း စစ်ဘေးရှောင်ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ၊ ဝါးပြုံးရွာရောက် စစ်ရှောင်များသည် ယခုမတ်လအတွင်း ရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရ သည်။ “ရေက ၁၁ လပိုင်းကတည်းက ရှားတာ။ မိုးကုန်လို့ ဆောင်းဝင်တာနဲ့…

မိုးကြီးပြီး မိုးယိုသဖြင့် ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ စစ်ဘေးရှောင်များ အခက်ခဲကြုံနေရ

ခမ်းသားငေါဝ်း မတ် ၂၂၊ ၂၀၂၄ ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ စစ်ရှောင် စခန်းတစ်ခုတွင် မိုးကြီးပြီး စစ်ဘေးရှောင်များ နေထိုင်ရာ မိုးယိုနေသဖြင့် အခက်ခဲများ ဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင်သူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ-ပင်လောင်းနယ်စပ်တွင် မတ်လ ၂၂ ရက်နေ့၌ မိုးကြီးခြင်းကြောင့် တဲထိုးပြီးနေနေရသည့် စစ်ဘေးရှောင်များ အခက်ခဲတွေ့နေကြသည်။ “မိုးကာတွေလည်းကြာပြီ စုတ်လည်းစုတ်နေတော့ မိုးရွာတော့ ရေယိုတာ ပျက်စီးတာ ဖြစ်တယ်။…

မီးခိုးမြူပြဿနာဖြေရှင်းရန် အိမ်နီးချင်းနိုင်ငံများ၏ ပြောင်းတင်သွင်းမှုကို တားမြစ်မည်ဟု ထိုင်းဝန်ကြီးချုပ်ပြောဆို

ခမ်းသားငေါဝ်း မတ်လ ၈၊ ၂၀၂၄ ထိုင်းနိုင်ငံမြောက်ပိုင်းက လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းရန် အိမ်နီးချင်းနိုင်ငံများ၏ ပြောင်းတင်သွင်းမှုကိုလာမည့်နှစ်တွင် ရပ်တန့်သွားမည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။ တောမီးနှင့် မီးခိုးမြူ ကာကွယ်ရေးနှင့်ပတ်သက်ပြီး နိုင်ငံ့အဖွဲ့အစည်းများ ကြိုတင်ကာကွယ်ရေး အစီအမံများကို စစ်ဆေးရန် ထိုင်းဝန်ကြီးချုပ် Srettha Thavisin သည် စနေနေ့က ချင်းမိုင်မြို့သို့ သွား ရောက်ခဲ့သည်။ ယင်းပြဿနာကို ဖြေရှင်းနိုင်ရန် လာမည့်၂၀၂၅ခုနှစ်…

နမ္မတူမြစ်တွင် ရေနစ်သေဆုံးနေသည့်အမျိုးသားတစ်ဦး အလောင်းတွေ့ရှိ

ခမ်းသားငေါဝ်း မတ် ၁၀၊၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြစ်အတွင်း၌ ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ ရှိခဲ့ကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် နမ္မတူမြို့ သတလ ၅ ရပ်ကွက်အနီးရှိ နမ္မတူမြစ်တွင် ရေနှစ်သေဆုံးနေသည့် အမည်မသိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို TNLAရဲတပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းတို့က သယ်ဆောင်ထုတ်ပေးခဲ့ကြောင်းသိရသည်။ “ရေနစ်သေနေတာက ဘယ်သူဘယ်ဝါမှန်းမသိဘူး၊ TNLAရဲ့တပ်ဖွဲ့တို့…

တောမီးမှတစ်ဆင့် မီးလောင်မှုကြောင့် လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာ နေအိမ်၂၉ လုံးမီးထဲပါသွား

ခမ်းသားငေါဝ်း မတ် ၈ ၊ ၂၀၂၄ တောမီးမှ တစ်ဆင့် မီးလောင်မှုကြောင့် လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာ နေအိမ်၂၇လုံးမီးထဲပါသွား ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။ ကယား(ကရင်နီ)ပြည် ၊လွိုင်ကော်မြို့နယ် ၊ပါလောင်းကျေးရွာတွင် မတ်လ ၃ ရက်နေ့က တောမီးလောင်ရာမှ လူနေအိမ်သို့ မီးကူးပြီးရွာသား နေအိမ်၂၇ လုံးမီးထဲပါသွားခဲ့သည်။ “ရွာသားအများစုက စစ်ရှောင်ကြတာ။ အိမ်တွေမီးလောင်တော့ရွာမှာ ကျန်တဲ့သူတွေက ငြိမ်သက်ပြီးနိုင်သွားတာ…

မိုးကြီးမှုကြောင့် ပင်လောင်းတွင် မြေပြိုခြင်း၊ လမ်းမကြီးအက်ကွဲခြင်းများ အနည်းဆုံး ၃ နေရာဖြစ်ပွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၃၊၂၀၂၃ အောက်တိုဘာလအတွင်း မိုးကြီးရွာသွန်းမှုကြောင့်ပင်‌လောင်းမြို့နယ်အတွင်းရှိ ကျေးရွာလမ်း နှင့် လမ်းမများ၌ တောင်ပြိုကျခြင်း၊ လမ်းမကြီးမြေသားအက်ကွဲခြင်းများ ဖြစ်ပွားခဲ့ကြောင်း ပင်လောင်းဒေသခံတစ်ထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင်အောက်တိုဘာလအတွင်း မိုးကြီးရွာသွန်းမှုကြောင့်မြို့နယ်အတွင်းရှိ ကျေးရွာလမ်း နှင့် လမ်းမများ၌ တောင်ပြိုကျခြင်း၊ လမ်းမကြီးမြေသားအက်ကွဲခြင်းများ အနည်းဆုံး ၃ နေရာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယခုလအတွင်း ပင်လောင်းအရှေ့ဖက်ရှိ ထာငို-ထီဖောင်းလမ်းတွင် လမ်းကျွံကျခြင်းနှင့်…

မိုးဗြဲတွင် စစ်ရှောင်များ နေထိုင်သည့်တဲများ ရေနစ်မြုပ်ပြီး နေထိုင်ရေးအခက်အခဲကြုံတွေ့ရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊၂၀၂၃ မိုးဗြဲဒေသရှိ စစ်ရှောင်စခန်းတွင် မိုးဆက်တိုက်ရွာသွန်းသဖြင့် စစ်ရှောင်များ နေထိုင်သည့်ယာယီတဲများ ရေနစ်မြုပ်သွားကြောင်း စစ်ရှောင်ကူညီသူ တစ်ဦးပြောပြချက်အရ သိရသည်။ မိုးဗြဲဒေသရှိ စစ်ရှောင်စခန်းတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဘီလူးချောင်းရေ မြှင့်တက်လာသဖြင့် စစ်ရှောင်ပြည်သူများ နေထိုင်သည့်ယာယီတဲများ ရေနစ်မြုပ်ပြီး နေထိုင်ရေးအခက်အခဲကြုံတွေ့နေရကြောင့် စစ်ရှောင်ကူညီသူထံမှ သိရသည်။ ထိုစစ်ရှောင်စခန်းသည် မိုးဗြဲ-လွိုင်ကော် နန်းမယ်ခုံကြားတွင်ရှိပြီး ယခုတလောအတွင်းမိုးများ ဆက်တိုက်ရွာသောကြောင့် စစ်ရှောင်အိမ်ခြေ ၅၀၀…

စံကားဒေသတွင် ရေတက်လာသဖြင့် ရေနစ်မြုပ်ကုန်မည်စိုး၍ အချိန်မတန်အစေ့မရင့်ပဲ ပြောင်းဖူးများခူးနေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊၂၀၂၃ စံကားဒေသတွင် ရေအဆမတန်တက်လာသဖြင့် ချောင်းဘေးရှိပြောင်းဖူးခြံများ ရေမြုပ်သွားမည်ကိုစိုးရိမ်၍ အချိန်မတန်ပဲ ချိုး‌နေရကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ညောင်ရွှေမြို့နယ်၊ အင်းလေးစံကားဒေသတွင် ယခုနှစ်အတွင်း ရေအဆမတန်မြင့်တက်လာပြီး ဘီလူးချောင်းဘေးတစ်လျှောက်ရှိ စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းများ ရေမြုပ်သွားမည်ကို စိုးရိမ်ရ၍ ပြောင်းဖူးများကို အ‌စေ့မရင့်သေးဘဲ ချိုးနေရကြောင်း သိရသည်။ “ဒီဘီလူးချောင်းဘေးမှာ စိုက်ထားတဲ့ ပြောင်းခြံတော်တော်များများတော့ ချိုးနေကြပြီ။ မချိုးလည်းမရတော့ဘူး၊ ပြောင်းဖူးတွေက…

ဂျင်းစိုက်ခင်းများရေမြှုပ်ပြီး ပုတ်သွားမည်စိုးရိမ်ရ၍ အချိန်မတန်ဘဲတူးရသဖြင့် ဂျင်းစိုက်တောင်သူအရှုံးပေါ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၃ ယခုနှစ်မိုးများပြီးရေနှစ်မြုပ်မှုရှိခြင်းကြောင့် ဂျင်းများပုတ်သွားမည်ကို စိုးရိမ်ပြီး အချိန်မတန်သေးဘဲ တူးနေရခြင်းကြောင့် တောင်သူများ အရှုံးပေါ် နေရသည်ဟုသိရသည်။ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသမြေနိမ့်ပိုင်းနှင့် လယ်ကွင်းများတွင် စိုက်ပျိုးထားသည့် ဂျင်းများသည် တောင်ကျရေများ မကြာခဏမြုပ် နေခြင်း ကြောင့် အချိန်မတန်သေးဘဲ တောင်သူများ စေားလျှင်စွာ တူးနေကြရသည်ဟု ‌‌‌‌‌‌‌‌‌‌‌သိရသည်။ “ခုက ဂျင်း ဈေးမရှိဘူး ရေခဏခဏမြုပ်ပြီး…

နောင်တရားတွင် ရုတ်တရက် မိုးရေကြီးပြီး သီးနှံစိုက်ခင်းနှင့် အသုံးအဆောင်များ ပျက်စီး

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၅၊ ၂၀၂၃ နောင်တရားဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီးရုတ်တရက် ရေကြီးသဖြင့် သီးနှံစိုက်ခင်းနှင့် လူအသုံးအဆောင်ပစ္စည်းများ ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နောင်တရားဒေသတွင် စက်တင်ဘာလ၂၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရပ်ကွက် ၁ တွင်ရုတ်တရက်ရေကြီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ “ရေကရုတ်တရက်မျောလာတော့ပစ္စည်းတွေ ဆီဗုံးတွေလည်းအကုန်မျှောပါသွားတာပေါ့။ ပစ္စည်းလှောင်ဝယ်ထားတာတွေတော့ ပျက်စီးသွားတာပေါ့နော်။ နှမ်းလုံးတွေဆိုပိဿာချိန်တစ်ထောင်ကျော်တာပေါ့။ မျောပါသွားတယ်ပြန်ရတဲ့ဟာကိုတော့နေပူပြန်လှန်းရတယ်ပြန်မရတဲ့ဟာတော့မရဘူးပေါ့နော်” ဟုအဆိုပါဒေသခံတစ်ဦးကပြောသည်။ ထိုကဲ့သို့ ရုတ်တရက်ရေကြီးမှုသည်…