Category: သဘာဝဘေး

ညောင်ရွေမြို့ရှိ Inle Princess Resort ဟိုတယ် မီးလောင်ပျက်စီး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၆၊ ၂၀၂၄ ညောင်ရွေမြို့နယ်၊ အင်းလေးဒေသရှိ Inle Princess Resort ဟိုတယ်ကို နိုဝင်ဘာ ၁၅ ရက်တန်ဆောင် မုန်းလပြည့် ညက မီးလောင်ပျက်စီးသွားကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွေမြို့နယ်၊ အင်းလေးဒေသ၊ မန်ကျီးစင်ကျေးရွာရှိ Inle Princess Resort ဟိုတယ်သည် နိုင်ဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီအချိန်တွင်မီးလောင်ပျက်စီးသွားသည်။…

ဖယ်ခုံအနောက်ဖက်ခြမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရိတ်ထားသောစပါးများ မျောပါပျက်စီး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၂၊ ၂၀၂၄ ဖယ်ခုံအနောက်ဖက်ခြမ်းရှိ ကျေးရွာများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရိတ်ထားသောစပါးများ ရေစီးနှင့်အတူမျောပါပျက်စီးသွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအနောက်ဖက်ခြမ်းရှိကျေးရွာများတွင် ပြီးခဲ့သော ရက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းခဲ့ကာ ရိတ်ထားသောစပါးများ တောင်ကျရေစီးနှင့်အတူ မျောပါပျက်စီးသွားသည်။ ” မိုးကသုံးလေးရက်လောက်ဆက်တိုက် ရွာနေတော့ တောင်ကျရေကမြင့်လာတယ်၊ အဲ့မှာ ရိတ်ထားတဲ့စပါးတွေအကုန်မျောပါသွားတယ် ၊ ပြန်လိုက်ဆယ်လို့လည်းမရဘူး” လို့ ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ ရေကြီးရေလျှံမှုအတွင်း…

ဆီဆိုင်မြို့နယ်တွင် မိုးကြောင့်တောင်ယာစပါး၊ လယ်စပါးနှင့် ပြောင်းဖူးများ ပျက်စီးမှုရှိနေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၁၊ ၂၀၂၄ ဆီဆိုင်မြို့နယ်တွင် လက်တလောမိုးရွာသွန်းခြင်းကြောင့် ရေကြီး ရေလျှံဖြစ်ပြီး ချောင်းနှင့်နီးသည့် လယ်များ၊ ပြောင်းခြံများနှင့် တောင်ယာခြံတွင် စိုက်ပျိုးသည့် တောင်ယာစပါးများ ပျက်စီးမှုရှိကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပါလောပါကယ်အုပ်စု၊ တဘက်အုပ်စုတို့တွင် လယ်စပါးနှင့်ချောင်းအနီးစိုက်ပျိုးထားသည့် ပြောင်းများရေနပ်မြုပ်ပြီး ပျက်စီးမှုရှိသလို တောင်ယာစပါးများလည်းပျက်စီးမှုရှိကြောင်း နောင်ကျောအုပ်စု၊ တောင်ရှေ့အုပ်စုတို့တွင်လည်း စိုက်ပျိုးသည့် တောင်ယာစပါးများ ရိပ်နေစဉ်အတွင်းမိုးရွာခြင်းကြောင့် ပျက်စီးမှုရှိနေသည်။…

မိုးထပ်မံရွာ၍ အင်းလေးကန်တွင် ရေ ၂ လက်မ ကျော် ပြန်တက်ပြီး ရေထပ်တက်မည်ကိုဒေသခံစိုးရိမ်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊၂၀၂၄ အင်း​လေးဒေသတွင် နိုဝင်ဘာ ၆ ရက်က မိုးတနေကုန် ရွာသွန်းသောကြောင့် အင်းလေးကန် မကျည်းဆိပ်တွင် ရေ ၂ လက်မ ခွဲ ကျော်ရေပြန်တက်လာနေကြောင်း မိုးလေဝသ တိုင်းတာချက် အရ သိရသည်။ Weather Station တပ်ထားသော နေရာများရှိ နိုဝင်ဘာလ (၆) ရက် ညဘက် (၇) နာရီ…

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ယခင်တခေါက်လို မိုးကြီးရေလျှံမှုဖြစ်လာနိုင်ကြောင်း စုစုစံ၏ မိုးလေဝသ ခန့်မှန်းချက် ထုတ်​​ပြန်လာ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၄၊ ၂၀၂၄ အင်းလေးကန် အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် နောက်ထပ် တစ်ကြိမ်မိုးကြီးရေလျှံမှုဖြစ်လာနိုင်ကြောင်း စုစုစံ၏ မိုးလေဝသ ခန့်မှန်းချက် ထုတ်​​ပြန်လာသည်။ ရှမ်းတောင်ရှိ ဒေသခံများက မိုးကြီးရေလျှံမှု ဘေး ထပ်မံကြုံတွေ့လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။ စုစုစံ၏ မိုးလေဝသ ခန့်မှန်းချက် ထုတ်​​ပြန်လာသည်မှာ လာမည့် နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်…

အင်းနောက်ခြမ်း ကနုရွာနှင့် ကန်လှကျေးရွာတွင် လေပြင်းတိုက်ခတ်၍ နေအိမ်အနည်းငယ် ပျက်စီး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၃၊ ၂၀၂၄ အင်းလေးကန် အနောက်ဘက်ခြမ်း ကနုရွာ နှင့် ကန်လှ ကျေးရွာ တို့တွင် နိုဝင်ဘာလ ၂ ရက် ညနေပိုင်း လေပြင်းတိုက်ခတ်ခြင်းကြောင့် နေအိမ် အနည်းငယ် ပျက်စီးခဲ့ကြောင်း ဒေသခံ ထံမှသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းညောင်ရွှေမြို့နယ် အင်းလေးကန် အနောက်ဘက်ခြမ်း ရွာသာကျေးရွာအုပ်စုရှိ ကနုရွာနှင့်ကန်လှ ကျေးရွာတို့တွင် နိုဝင်ဘာလ (၂)…

အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် ရေလွမ်းမိုးခြင်း၊မိုးကြိုးပစ်ခြင်းနှင့်၊ လေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်လာနိုင်ကြောင်း NUG အသိပေး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၂၊ ၂၀၂၄ အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် မြို့ပြဒေသများတွင် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်သည့်အတွက် လုံခြုံသည့်နေရာများတွင် သတိပြု နေထိုင်နိုင်ကြပါရန် NUG ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၂ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ထို့အပြင် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခိုက်ခြင်း၊ပင်လယ်ပြင်တွင်လိုင်းကြီးခြင်းများ ဖြစ်လာနိုင်သောကြောင့် ပင်လယ်ပြင်ငါးဖမ်းထွက်ခြင်းကို ခေတ္တရပ်နားထားသင့်ကြောင်းလည်း အသိပေးထားသည်။ ထို့အတူ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့်…

ရေကြီးမြေပြိုမှုထဲနေအိမ်ပါသွားသည့် ခေါင်းနွဲ့ရွာ ပြန်လည်ထူထောင်ရေး အခက်ခဲရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ၁၉၊ ၂၀၂၄ ရေကြီးရေလျှံဖြစ်ပြီးမြေပြိုမူထဲ နေအိမ်မျေားပါ ပျက်ဆီးဆုံးရှုံးသွားသည့်ခေါင်းနွဲ့ရွာ ဒေသခံများပြန်လည်ထူထောင်ရေးအတွက် သွပ်၊ အိမ်တိုင်၊ အကာအရံများလိုအပ်နေကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း‌လွိုင်လင်မြို့နယ် ခေါင်းနွဲ့ရွာတွင် နေအိမ်ပျက်စီးသွားသည့်သူများ ပြန်တည် ဆောက်၍မရသေးဘဲ တချို့ကဘုန်းကြီးကျောင်းတွင်နေပြီး တစ်ချို့ကရွာထဲရှိအိမ်နှင့်အတူနေသလို၊တချိူ့ကဆွေမျိူးအိမ်တွင်လိုက်နေကြပြီး ၊မိုးအရမ်းရွာလျှင် ဘုန်းကြီးကျောင်းသို့လာအိပ်ကြရကြောင်းသိရသည်။ “‌အိမ်ပျက်စီးသွားတဲ့လူတွေအတွက်နေအိမ်ပြန်ပြီးတည်ဆောက်ဖို့ခက်ခဲနေသေးတယ်၊အခုကမိုးရွာရင်ရေပြန်ကြီးလိုက်အဲလိုဖြစ်နေတော့ဘာမှလုပ်လို့မရဘူး၊ လမ်းတွေကောင်းကောင်းသွားလာရဖို့အတွက်လုပ်နေတယ်၊ရွာမှာရှိတဲ့လူတွေရဲ့နေအိမ်ကိုပြန်လည်ထူထောင်ရေးလုပ်ဖို့ အတော်စဉ်းစားယူရတယ်”ဟု ခေါင်းနွဲ့ဘုန်းကြီးကျောင်းဆရာတော်က ခမ်းသားငေါဝ်း ကိုမိန့်ကြားသည်။ ခေါင်းနွဲ့ရွာတွင်ကျောင်းသွားသည့်လမ်းများကရေချောင်းဖြစ်‌နေသေးပြီး ကလေးများအန္တာရယ် ဖြစ်မည်ဆိုးသည့်အတွက် မိုးရာသီတွင်…

ဆီဆိုင်ရှိ ကုန်းဆွတ်တံတား ပျက်စီးသွားသောကြောင့် သွားလာရခက်ခဲနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၅၊ ၂၀၂၄ ဆီဆိုင်မြို့နယ် ကုန်းဆွတ်တံတားကျိူး၍ပျက်စီးသွားသောကြောင့်ဒေသခံများအတွက်သွားလာရခက်ခဲ ကြောင်းသိရပါသည်။ ရှမ်းပြည်နယ်နယ်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ကုန်းဆွတ်ကျေးရွာအုပ်စု ကုန်းဆွတ်တံတားသည် ရေကြီးရေလျှံမူကြောင့် ကျိူးသွားသောကြောင့် တစ်ရွာမှတစ်ရွာ၊ တစ်ခြံမှတစ်ခြံသို့သွားလာရန်ခက်ခဲကြောင်း စိုက်ပျိူးရေးလုပ်ကိုင်သူများထံမှသိရသည်။ “ဒီကုန်းဆွတ်တံတားကျိူးတော့ အမွိုးတို့ သွားလာရခက်ခဲတယ်လေ၊ အရင်ကဆိုရွာတွေ ပတ်မသွားရဘူး လယ်တွေတခြားရွာ‌တွေကိုသွားရင်ပေါ့၊ အခုတော့ အဝေးကြီးရွာတွကို ပတ်သွားနေရတယ် အမွိုးတို့ခြံဆို ကုန်းဆွတ်ကန်ရဲ့အရှေ့နဲ့အနောက်မှာရှိတယ်လေရေကလည်းကြီးတံတားလဲကျိူးဆိုတော့ လုပ်ကိုင်စားသောက်လို့မလွယ်ကူတဲ့အပြင်သွားလာလို့လဲအဆင်မပြေဘူး”ဟု အမျိူးသမီးတစ်ဦးကပြောသည်။ အခု‌ကကုန်းဆွတ်ကန်ရှိရေကကျသွားပေမဲ့…

မိုင်းဆတ်ခရိုင်၊ ပိန်းခမ်းရွာတွင် တစ်ရွာလုံးနီးပါးရေထဲ မျောပါသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊ ၂၀၂၄ ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ မိုင်းဆတ်ခရိုင် ၊ မိုင်းဆတ်မြို့နယ်၊ မိုင်းယွန်းကျေးရွာအုပ်စု၊ ပိန်းခမ်းရွာတွင် တစ်ရွာလုံးနီးပါး ရေကြီးနစ်မြုပ် ရေထဲမျောပါသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဒေသခံထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၂၃) ရက်မှ စတင်၍ ရေကြီး နစ်မြုပ်ခြင်းများ ကြုံတွေ့နေရခြင်းဖြစ်ပြီး ပိန်းခမ်းရွာတွင် ရေကြီးခြင်းကြောင့် တံတားများ ရေနစ်မြုပ်ခြင်း…