Category: သဘာဝပတ်ဝန်းကျင်/ခရီးသွား

ပင်လောင်း-နေပြည်တော် ပြည်ထောင်စုလမ်းမကြီးအား စစ်ကောင်စီက ပိတ်ထားသဖြင့် ဒေသခံများ အခက်ခဲဖြစ်

ခမ်းသားငေါဝ်း မေ ၉ ၊ ၂၀၂၄ ပင်လောင်း နေပြည်တော် ပြည်ထောင်စုလမ်းမကြီးအား စစ်ကောင်စီက ပိတ်ထားသည်မှာ တစ်ပတ်ကျော်ရှိပြီဖြစ်သောကြောင့် ဒေသခံများ အခက်ခဲဖြစ်နေရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ ကစပြီး နေပြည်တော်မြို့အထိ ပြည်ထောင်စုလမ်းမကြီးကို မေလ၂ ရက်နေ့ကစပြီး စစ်ကောင်စီက ပိတ်ပင်လိုက်သည့်အတွက် ဒေသခံများသွားလာရေး ခက်ခဲကြုံနေရသည်။ “အဓိက အဲလမ်းပေါ် မှာရှိတဲ့ကျေးရွာကလူတွေ အခက်ခဲဖြစ်တယ်။ ကျန်းမာရေးကိစ္စဖြစ်ဖြစ်…

အချိန်အခါမဟုတ် မိုးထင်ချုန်းရွာသွန်းနိုင်သည့်အတွက် ပြည်သူများသတိပြုရန် မိုးဇလ သတိပေး

ခမ်းသားငေါဝ်း မေ ၁ ၊ ၂၀၂၄ အနောက်ဘက်မှ ရွှေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်း၊မေ လ ၃ ရက်နေ့မှ ၅ ရက်နေ့အတွင်း မိုးရွာသွန်းနိုင်ပြီး ပြည်သူများကြိုတင်သတိပြုနိုင်ရန် စစ်ကောင်စီ မိုးလေဝသနှင့် ဇလဗေလ ညွန်ကြားမှူးဦးစီးငှာနက သတိပေးထားသည်။ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း လျှပ်စီးလျက်ခြင်း၊ မိုးသီးကြွေခြင်း တို့ဖြစ်ပေါ်နိုင်ပြီး…

မိုင်းပွန်ဂိတ်ကို အချိန်အကန့်အသတ်ဖြင့်သာ ဖွင့်ပြီးသွားလာခွင့်ပေး

ခမ်းသားငေါဝ်း မတ် ၁၃၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့ အဝင်အထွက်ဂိတ်ကို စစ်ကောင်စီက အချိန်အကန့်အသတ်ဖြင့်သာ ဖွင့်လှစ်ပြီး ဖြတ်သန်းသွားလာခွင့်ပေးကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ဟိုပုံးနှင့် မိုင်းပွန်ကြားတိုက်ပွဲကြောင့် စစ်ကောင်စီက မိုင်းပွန်အဝင်အထွက်လမ်းများကိုပိတ်ထားကာ မတ်လ ၁ ရက်နေ့က ပြန်ဖွင့်ပေးထားသော်လည်း လက်ရှိတွင် ည ၆ နာရီမှ မနက် ၆ နာရီထိ ကားကြီး၊ ကားငယ်များကို…

ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်အနီး ညအချိန်စက်လှေသွားလာခြင်းနှင့် ငါးဖမ်းခြင်းမပြုလုပ်ရန် တော်လှန်ရေးအင်အားစုများ ပိတ်ပင်ထား

ခမ်းသားငေါဝ်း မတ် ၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်အနီး စစ်ကောင်စီစစ်ရေးလှုပ်ရှားမှုရှိသဖြင့် ညအချိန်စက်လှေသွားလာခြင်းနှင့် ငါးဖမ်းခြင်းမပြုလုပ်ရန် တော်လှန်ရေးအဖွဲ့သုံးဖွဲ့ပေါင်းပြီးထုတ်ပြန်လာသည်။ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁ အမှတ် (၁၀၀၂) တပ်ရင်း၊ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ အမှတ် (၁၀၀၆) ၊ ရှမ်းတောင်ဗျူဟာ ၂ တပ်ရင်းတို့မှ ပြည်သူလူထုများ အန္တရယ်ကင်းရှင်းရေးအတွက် ပိတ်ပင်ရခြင်းဖြစ်ကြောင်း မတ်လ ၈ ရက်နေ့…

တိုက်ပွဲကြောင့် လွိုင်လင်တိုးဂိတ်နှင့် မိုင်းပွန်တံတား ပိတ်လိုက်၊ ဖွင့်လိုက်ပြုလုပ်နေ

ခမ်းသားငေါဝ်း မတ် ၅၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်ဂိတ်နှင့် မိုင်းပွန်တံတားကိုတိုက်ပွဲ စစ်ကောင်စစ်နှင့်လက်အောက်ခံများက ပိတ်လိုက်ဖွင့်လိုက်ပြုလုပ်နေကြောင်းဒေသခံထံက သိရသည်။ မိုင်းပွန်ဘက်မှာ လက်နက်ကြီး ပစ်ခတ်သံ ကြားရသောကြောင့် တံတားကို ယနေ့မတ်လ ၅ ရက်နေ့နံနက် ၉ နာရီအချိန်တွင် ပိတ်လိုက်ခြင်းဖြစ်ပြီး လမ်းမပေါ်တွင် ပိတ်မိနေသည့် ကားများလည်းရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ” တံတားက ပိတ်ထားတယ်။ မနက်…

ပင်လုံ-ကျောက်တန်းလမ်းကို စစ်ကောင်စီက ပိတ်လိုက်ဖွင့်လိုက်လုပ်နေသည့်အတွက်ကြောင့် ကားတန်းများ ထပ်မံပိတ်မိနေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထမ်းစန်းဂူနှင့် ပင်လုံကို ဆက်သွယ်ထားသော ပင်လုံ- ကျောက်တန်းလမ်းကို စစ်ကောင်စီက ပိတ်လိုက်ဖွင့်လိုက်ပြုလုပ်နေ​ခြင်း ကြောင့် ကားများတန်းစီ၍ ထပ်မံပိတ်မိနေကြောင်း သိရသည်။ မိုင်းပွန်တိုက်ပွဲကြောင့် တောင်ကြီး-တာချီလိတ်သွားရာလမ်းကို ပိတ်ထားပြီး ပြည်သူများက ကျောက်တန်းလမ်းကိုအသုံးပြုသွားလာရာတွင်ဖေဖော်ဝါရီ ၂၇ ရက်က ၎င်းလမ်းကို ခေတ္တပိတ်ခဲ့သော်လည်း ဖေဖော်ဝါရီ ၂၈ ရက်က ပြန်ဖွင့်ခဲ့သည်ဟု သိရသည်။…

မြကန်သာရေကန်ပတ်လည်ကို ဆိုင်ခန်းများဆောက်လုပ်ထားရှိခြင်းကြောင့် ကန်တွင်းရေများ ညစ်ညမ်းသွားမည်ကို ဒေသခံများ စိုးရိမ်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၄၊၂၀၂၃ ကန်အတွင်းရေများ ညစ်ညမ်းသွားမည်ကို ဒေသခံများစိုးရိမ်နေ ကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ‌တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ အရှေ့မြို့ပတ်လမ်း‌ပေါ်ရှိ မြကန်သာရေကန်ကို ယခုအခါ အသစ်မွမ်းမံဆောက်လုပ်နေပြီး ရေကန်ပတ်လည်တွင် ဆိုင်ခန်းများဆောက်လုပ်ထားရှိခြင်းကြောင့် ကန်အတွင်းရေများ ညစ်ညမ်းသွားမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း တောင်ကြီးမြို့ဒေသခံများက ယနေ့ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် ပြောဆိုသည်။ မြကန်သာရေကန် အသစ်မွမ်းမံဆောက်လုပ်ခြင်းနှင့် ကန်ပတ်လည်တွင် ဆိုင်ခန်းများဆောက်လုပ်ထားရှိခြင်းများကို…

ပင်လောင်းတွင် ရေရှားပါးလာပြီး ဒေသခံများ နှင့် စစ်ရှောင်များ အခက်ခဲကြုံတွေ့ရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၅၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ရေရှားပါးလာသောကြောင့် ဒေသခံများ နှင့် စစ် ဘေးရှောင်များ အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ယခုအခါ မိုးရာသီအကုန် ဆောင်းရာရာသီအရောက် ကာလတွင်ပင် ရေးရှားပါးခြင်း ပျဿနာကို ကြုံတွေ့လာရပြီး ‌ယခုကာလတွင် ရှိရင်းဒေသခံများအပြင် လာရောက်ခိုလှုံသည့်စစ်ဘေးရှောင်များလည်း ရှိနေသောကြောင့် မူလသိုလှောင်ရေထက် ပိုလိုအပ်လာ ရကြောင်း ဆိုသည်။ ” ခုက…

ဓနုဒေသတွင်၂၀၂၃ ကာလအတွင်းခရီးသွားများ တဖြည်းဖြည်းများပြားလာ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၆၊ ၂၀၂၃ အာဏာသိမ်း​ပြီးကာလအတွင်း ခရီးသွားများထက်ဝက်လျော့ကျသွားသော်လည်း၂၀၂၃ ခုနှစ် ရွာငံနှင့် ပင်းတယနယ်တွင် ခရီးသွားများတဖြည်းဖြည်း များပြားလာကြောင်း ခရီးသွားပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးပြောပြချက်အရသိရသည်။ ရှမ်းတောင်ရှိ ပင်းတယနှင့် ရွာငံဒေသများတွင်ပြည်တွင်းခရီးသွားများ တဖြည်းဖြည်း များလာပြီး နိုင်ငံခြားခရီးသွားလာနေမှုက နည်းပါးနေဆဲဖြစ် ကြောင်းစုံစမ်းသိရှိရပါသည်။ ယခုဆောင်းဦးရာသီဖြစ်သည့်အတွက် ခရီးသွားများပို၍လာရောက်နိုင်ပြီး နောက်နှစ်၂၀၂၄ အထိပါပိုမိုများပြားလာရောက်နိုင်ရန်မျှော်မှန်းထားကြောင်းခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကယခုလိုပြောပြထားသည်။ “အခုက ဆောင်းဦးကာလလည်း ဖြစ်တော့ ခရီးသွားတဲ့သူတွေက တဖြေးဖြေးနဲ့များလာတယ်၊…

ပင်းပက်သံမဏိစက်ရုံကို ပြန်လည်လည်ပတ်နိုင်ရန် စစ်ခေါင်းဆောင် ကြိုးပမ်း

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ အမှတ်(၂)ပင်းပက်သံမဏီစက်ရုံမှ ထုတ်လုပ်သည့် ဝက်သံများကို စစ်ကောင်စီ၏ လက်နက်လုပ်ငန်းများအတွက် အသုံးပြုရန်ရည်မှန်းထားကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး၏ အောက်တိုဘာ (၃၀)ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောဆိုထားပါသည်။ ပင်းပက်သံမဏီစက်ရုံသည် တောင်ကြီးမြို့နယ် နမ့်ဆီးအုပ်စု ပင်းပက်ဒေသတွင် တည်ရှိပြီး (၆)နှစ်ကျော်ကြာရပ်နားထားသည် စက်ရုံကို ယခုအခါ စစ်ကောင်စီက ရုရှားနှင့်ပူးပေါင်းကာ ပြန်လည်စတင်ရန် ကြိုးပမ်းလာနေကြောင်း သိရသည်။ “စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အင်အားဖြည့်တင်းတာ လက်နက်အင်အားဖြည့်တင်းတာ…