(၆)နှစ်ကြာရပ်နားထားသည့် အမှတ်(၂)ပင်းပက်သံမဏိစက်ရုံ စစ်ကောင်စီမှ ပြန်လည်လည်ပတ်မည်ကို ဒေသခံလူထုများ အလိုမရှိ
ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၊၂၀၂၃ (၆)နှစ်ကျော်ကြာရပ်နားထားသည့် အမှတ်(၂)ပင်းပက်သံမဏိစီမံကိန်းအား စစ်ကောင်စီမှပြန်လည် လည်ပတ်မည်ကို ပအိုဝ်းလူငယ်အစည်းအရုံး (PYO)နှင့် ဒေသခံလူထုများက အလိုမရှိကြောင်း ပြောဆိုထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ်းဆီးကျေးရွာအုပ်စုအတွင်းရှိ အမှတ်(၂)ပင်းပက်သံမဏိစက်ရုံသည် (၆)နှစ်ကျော်ကြာ ရပ်နားထားရာမှ စစ်ကောင်စီက ပြန်လည်လည်ပတ်မည်ကို…