Category: သဘာဝပတ်ဝန်းကျင်/ခရီးသွား

တောင်ကြီးမြို့တွင် ပွဲတော်ကာလ အမှိုက်ကား လာမသိမ်းသဖြင့် အခက်အခဲများ ကြုံတွေ့နေရဟု သိရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊ ၂၀၂၄ ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် တန်ဆောင် တိုင် မီးပုံးပျံ ပွဲတော်ကာလ အမှိုက်ကား လာမသိမ်းသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောသည်။ တောင်ကြီးမြို့တွင် လုပ်ကိုင်ခွင့်ရ မွှေးတောင်ကြီး အမှိုက်သိမ်းဆည်းရေး လုပ်ငန်းသည် အမှိုက်ခွန်ကို လစဉ် ပုံမှန် မပျက်မကွက် ကောက်ခံသော်လည်း ချမ်းမြသာစည် ရပ်ကွက်ကို တစ်ပတ်လျှင်…

ရပ်စောက်ဗထူးဂိတ် ရက်အကန့်သတ်မရှိ ပိတ်လိုက်မှုကြောင်ကုန်ဈေးနှုန်းမြှင့်တက်လာမည်ကို ပြည်သူများစိုးရိမ်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၃၊ ၂၀၂၄ ရှမ်းတောင်မှရှမ်းမြောက်သို့ သွားသည့်လမ်း ရပ်စောက်ဗထူးဂိတ်ကို စစ်ကောင်စီမှ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း နိုဝင်ဘာ(၁၃)ရက်တွင် ကုန်ကားမောင်းသူထံက သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းမှ မြောက်ပိုင်းသို့ ဖြတ်သန်းသွားလာသည့် ရပ်စောက် ဗထူးဂိတ်ကို နိုင်ဝင်ဘာ(၁၂)ရက် မနက်ပိုင်းကစပြီး ရှမ်းမြောက်မှ ရှမ်းတောင်သို့လာသည့် ကားသာ ဖြတ်သန်းခွင့်ရပြီး ရှမ်းမြောက်သို့ အသွားကားကို ဖြတ်သန်းခွင့် ပိတ်လိုက်ကြောင်း ထိုအတွက်…

မူဆယ် ဆင်ဖြူဂိတ် အဝင်အထွက်ကို တရုတ်က ပိတ်ပင်လိုပြီဖြစ်သဖြင့် ကုန်သည်များ အခက်ကြုံနေရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၁၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် တရုတ်မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကို တရုတ်မှ ယနေ့ နိုဝင်ဘာ (၁၁)ရက် နံနက်ပိုင်းတွင် စတင်ပိတ်လိုက်သဖြင့် ကုန်သည်များအခက်ကြုံနေရကြောင်း ဒေသခံထံကသိရသည်။ ယခုပိတ်လိုက်သော ဆင်ဖြူဂိတ်သည် ယခင်က နားလည်မှုဖြင့် ခရီးသည်တင်ကား၊ ဆိုင်ကယ်၊ သုံးဘီးနှင့် တွန်းလှည်းတို့ဖြင့် တရုတ်မြန်မာ ကုန်များ တင်သွင်း၊တင်ပို့နေခဲ့ရာမှ ယနေ့တွင် ဘာပစ္စည်းမျှ တင်ပို့၊…

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ယခင်တခေါက်လို မိုးကြီးရေလျှံမှုဖြစ်လာနိုင်ကြောင်း စုစုစံ၏ မိုးလေဝသ ခန့်မှန်းချက် ထုတ်​​ပြန်လာ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၄၊ ၂၀၂၄ အင်းလေးကန် အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် နောက်ထပ် တစ်ကြိမ်မိုးကြီးရေလျှံမှုဖြစ်လာနိုင်ကြောင်း စုစုစံ၏ မိုးလေဝသ ခန့်မှန်းချက် ထုတ်​​ပြန်လာသည်။ ရှမ်းတောင်ရှိ ဒေသခံများက မိုးကြီးရေလျှံမှု ဘေး ထပ်မံကြုံတွေ့လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။ စုစုစံ၏ မိုးလေဝသ ခန့်မှန်းချက် ထုတ်​​ပြန်လာသည်မှာ လာမည့် နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်…

တောင်ကျရေကြောင့်မိုင်းဆတ်-ဆိုက်ခေါင်တံတားပျက်စီးပြီး ယာယီ​ဆောက်လုပ်သည့် တံတားကို ဖြတ်သန်းခွင့်ပြု

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၁၊ ၂၀၂၄ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်း တောင်ကျချောင်းရေကြောင့် ကျိုးကျပျက်စီးခဲ့ရသည့် ဆိုက်‌ခေါင်အစားထိုး ဆိုက်ခေါင်-မိုင်းဆတ်သွား ယာယီ တံတားငယ်ကို အောက်တိုဘာ (၃၀) ရက်မှစတင်၍ ဖြတ်သန်းခွင့်ပေးကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁၀)ရက်နေ့က တောင်ကျ ချောင်းရေကြောင့် ရေလယ်တိုင်မှ ကျိုးကျပျက်စီးခဲ့သော ထိုတံတားသည် ယခုချိန်တွင် ယာယီအစားထိုး တံတားငယ် တည်ဆောက်ပြီးစီးကာ ဖြတ်သန်းသွားလာ၍…

တောင်ကြီးမြို့တွင် ညပိုင်း ဆိုင်ကယ်များအား အစစ်အဆေးကြမ်းနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၃၊ ၂၀၂၄ တောင်ကြီးမြို့၌ ညပိုင်းအချိန်တွင် ဆိုင်ကယ်များအား အစစ်အဆေးကြမ်းနေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ဝါးပြားလမ်းဆုံ၊ မြို့မစျေးအနီး ဒလကုန်း နှင့် နီလာရိုးမ နားတို့ ၌ အောက်တိုဘာလ ၁၁ ရက်နေ့မှစပြီး ညပိုင်းအချိန်တွင် ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးမှုများ ရှိနေသည်။ ” ဟို ၁၁ ရက် ည…

ရွာငံတွင် စစ်ဆေးရေးတင်းကြပ်မှုကြောင့် ခရီးသွားဧည်သည်လာရောက်လည်ပတ်သူနည်းပါး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ ရွာငံမြို့နယ်ရှိဂိတ်များတွင် အစစ်ဆေး တင်းကြပ်မှုကြောင့် သီတင်းကျွတ်အချိန်ကာလတွင် ခရီးသွားဧည်သည်များ လာရောက်လည်ပတ်သူ နည််းပါးကြောင်းဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်းပိုင်း ၊ ရွာငံမြို့ရှိ ရွာငံ-အောင်ပန်းလမ်း ကျုံးဂိတ် ၊ ရွာငံမြို့အဝင်ဂိတ်နှင့် မန္တလေးသွားလမ်း ပေါ်များတွင် အစစ်ဆေး တင်းကြပ်သဖြင့် သီတင်းကျွတ် အချိန် ကာလတွင် ခရီးသွားဧည်သည်များ လာရောက်လည်ပတ်သူ နည််းပါးကြောင်း သိရသည်။…

မိုးကြီးမှုကြောင့် လွိုင်လင်မြို့ကားလမ်းမပေါ်ရေလွမ်းပြီး မီးသတ်ကားဖြင့်စုပ်ထုတ်နေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊ ၂၀၂၄ မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် လွိုင်လင်မြို့ ကားလမ်းပေါ် ရေလွမ်းပြီး သွားလာမှုခက်ခဲကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်းလွိုင်လင်မြို့တွင် အောက် တိုဘာလ ၁၁ ရက်နေ့က မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် ကားလမ်းပေါ် ရေလွမ်းပြီး မီးသတ်ကားဖြင့် စုပ်ထုတ်နေရကြောင်းသိရသည်။ “မိုးရွာထားတော့ ရေတွေက စပြီးတက်လာတာလေ အခုကျနော်တို့ ဆိုင်ကယ်တွေ ကားငယ်တွေအနေနဲ့ဆို သွားလို့တော့အဆင်မပြေဘူး ရေက တော်တော်လေးတက်တော့လေ…

သစ်တောပြုန်းတီးမှုလျော့ကျစေရန်နှင့် သဘာဝအလှအတွက်မျိုးပြုန်းနေသည့် ချယ်ရီအားပြန်လည်စိုက်ပျိုး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊ ၂၀၂၄ ရွေ့ပြောင်းတောင်ယာလုပ်လာခြင်း များလာသည်နှင့်အမျှ သစ်တောပြုန်းတီးမှုများပြားလာပြီး သဘာဝအလှအတွက်နှစ်စဥ်မျိုးသုဥ်းနေရသည့် ချယ်ရီပင်များအား တောင်ကြီးနှင့် ရှမ်းတောင်ရှိကျေးရွာများတွင် ပြန်လည်စိုက်ပျိုးနေကြောင်း အောက်တိုဘာလ(၁၀)ရက်နေ့တွင် ချယ်ရီပင်များပျိုးထောင်နေ့သည့် လူငယ်ထံမှသိရသည်။ ရှမ်းပြည်နယ်၏သင်္ကေတတစ်ခုဖြစ်သည့် ချယ်ရီပင်များသည် ရွေ့ပြောင်းတောင်ယာလုပ်လာခြင်းကြောင့် သစ်တောများပြုန်းတီးမှုနှင့်အတူ မျိုးသုဥ်းနေရပြီး သစ်တောပြုန်းတီးမှုလျော့ကျစေရန်နှင့် သဘာဝအလှအတွက်ဖြစ်သည့်ချယ်ရီပင်အားပြန်လည်ထိန်းသိန်း စိုက်ပျိုးနေကြောင်း သိရသည်။ “ချယ်ရီဆိုတာက ကျွန်တော်တို့တောင်ပေါ်ဒေသရဲ့ ပြယုဒ်တစ်ခုလည်းဖြစ်တယ်၊ အခုကျွန်တော်က ပျိုးပင်တွေ(၆)ထောင်လောက်ပျိုးထားတယ်ဗျ၊ အခုတော့ရွာတွေဘက်မှာ…

တောင်ကြီးမြို့တွင် အမှိုက်သိမ်းခ ၅၀၀ ကျပ် ကောက်ခံနေသဖြင့် စည်းကမ်းမဲ့ အမှိုက်ပစ်သူများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၄၊ ၂၀၂၄ ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရှိ အမှိုက်ကန်များတွင် အမှိုက်သိမ်းခ ၅၀၀ ကျပ် ကောက်ခံနေသဖြင့် စည်းကမ်းမဲ့ အမှိုက်ပစ်သူ များကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းနေကြောင်း သိရသည်။ တောင်ကြီးမြို့ ၊ ထွန်းဆေးရုံလမ်းကြား၊ အနောက်မြို့ပတ်လမ်း ၁၆ ထပ်တိုက် အနီး၊ မြို့မစျေး အနီး၊ ကုန်သည်လမ်းပေါ် ၊ အမှိုက်ကန် ရှိသည့်…