လွိုင်လင်မြို့တွင် စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်လာပြီး ပေါ်တာဖမ်းမည်ကိုဒေသခံစိုးရိမ်
ခမ်းသားငေါဝ်း မတ် ၄၊၂၀၂၄ လွိုင်လင်မြို့အတွင်းမှာ စစ်ကောင်စီနှင့်လက်အောက်ခံပျူစောထီးများစစ်ဆေးမှုတင်းကြပ်လာပြီးလုံခြုံရေးနှင့် ပေါ်တာဖမ်းမည်ကိုစိတ်ပူနေရကြောင်းဒေသခံတစ်ဦးကပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့အတွင်းတွင် စစ်ကောင်စီလက်အောက်ခံများက အရပ်ဝတ်ဖြင့် သွားလာသူကို စစ်ဆေးနေသလို ညဘက်တွင်လည်း မြို့တွင်းမှာ လှုပ်ရှားသွားလာခြင်းရှိနေကြောင်းဆိုသည်။ “ပျူစောထီးအဖွဲ့တွေရောက်နေတယ် လွိုင်လင်ရေကန်နားအရပ်ဝတ်နဲ့ စစ်ဆေးတာရှိတယ် စစ်ကောင်စီတပ်သားလည်းရှိတော့ ညဖက်တွေမှာပေါတာဆွဲဖမ်းတာမျိုးစိုးရိမ်ရတာပေါ့”ဟုအမည်မဖော်လိုသောသတင်းရင်းမြှစ်က…