Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

အေးယာယာ ထုံးဖို စစ်ဆေးဂိတ်တွင် ခရီးသည်ယာဥ်များ တားဆီးစစ်ဆေးပြီး ငွေတောင်းခံမှု ရှိနေ

ခမ်းသားငေါဝ်း၊ ဧပြီလ ၃၊ ၂၀၂၃ တောင်ကြီးမြို့အတက်လမ်း အေးသာယာထုံးဖိုရှိ စစ်ကောင်စီစစ်ဆေးဂိတ်တွင် လမ်းဖြတ်သွားသော ခရီးသည်ယာဥ်များကို တားဆီးစစ်ဆေးပြီး ငွေတောင်းခံနေကြောင်း ခရီးသည်ယာဥ်မောင်းသူ ထံမှ သိရသည်။ တောင်ကြီးအတက် အေးသာယာထုံးဖိုဂိတ်တွင် ဖြတ်သန်းသွားလာသည့် ခရီးသည်ယာဥ်က ငွေမပေးဆောင်ပါက တောင်ကြီးမြို့သို့ ပေးမဖြတ်ပေးကြောင်း ခရီးသည်ယာဥ်မောင်းတစ်ဦးပြောပြချက်အရသိရသည်။ “အစ်ကိုတို့က ခရီးသည်ယာဥ် နေ့တိုင်းပေးဆွဲတယ် နေ့တိုင်းပေးရတယ် အတက်လမ်းက ပေးရတယ် တစ်ခါကို ငါးထောင်…

စစ်ရှောင်စခန်းမှာပဲ အနာဂတ်အတွက် ဆက်လက်ရှင်သန်‌နေရဦးမယ့် သမီးငယ်

——————— ခမ်းသားငေါဝ်း၊ မတ် ၃၀၊ ၂၀၂၃ ကရင်နီပြည်နယ်အတွင်းက စစ်ပွဲတွေနဲ့ ရှမ်း-ကယားနယ်စပ်က တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းမှာ စစ်ရှောင်ဦးရေ ထောင်နဲ့ချီပြီး ယနေ့အထိရှိနေပါတယ်။ စစ်ရှောင်အချို့နေရပ်ပြန်သွားတာရှိပေမယ့် ကလေးမိခင်တွေကတော့ လုံခြုံရေးအတွက်စိုးရိမ်နေရလို့ မပြန်နိုင်ကြသေးပါဘူး။ သူမနမည်က မဦးမျာပါ၊ ဆီဆိုင်မြို့က ပဲပုပ်ဘုရားစစ်ရှောင်စခန်းကို ၂၀၂၁ခုနှစ် နှစ်ကုန်လောက်မှာ ကရင်နီ (ကယား)ပြည်နယ်ကနေ ဆီဆိုင်မြို့ကိုစစ်ရှောင်လာရင်း တောထဲက တစ်နေရာမှာ ကလေးမွေးရင်းရောက်ရှိ…

တောင်ကြီးအတက်လမ်း စစ်ဆေးဂိတ်တွင် ယဥ်မောင်းများကို တားဆီးစစ်ဆေးပြီး ငွေတောင်းခံမှု ရှိနေ

ခမ်းသားငေါဝ်း မတ်လ ၂၃ ၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အတက်လမ်းတွင်ရှိသော စစ်ကောင်စီစစ်ဆေးဂိတ်တွင် လမ်းဖြတ်သွားသောဆိုင်ကယ်နှင့်ယဥ်မောင်းများကို တားဆီးစစ်ဆေးပြီး ငွေတောင်းနေသည်မှာ နှစ်လ နီးပါးရှိနေပြီဖြစ်ကြောင်းမတ်လ ၂၃ ရက်နေ့တွင် သိရှိရပါသည်။ တားဆီးစစ်ဆေးရာတွင် ကိုဗစ်လက်မှတ် ၊နိုင်ငံသားစီစစ်ရေးကပ် (မှတ်ပုံတင်)၊ မောင်းလိုင်စင်၊ ဆိုင်ကယ်လိုင်စင်များကို စစ်မေးပြီး ဆိုင်ကယ်ဦးထုတ် ၊နောက်ကြည့်မှန် ၊ဆိုင်ကယ်နံပါတ်ပြား များကိုလည်း စစ်မေးကြောင်း ဖြတ်သွားသူများ ပြောပြချက်အရ သိရသည်။…

ဗန်းမောက်ရွာသို့ စစ်ဘေးရှောင်နေရသည့်ပြည်သူများ အလှူရှင်မရှိသဖြင့် အခက်အခဲများကြုံတွေ့

ခမ်းသားငေါဝ်း၊ မတ်လ ၂၁ ၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက်ရှိဗန်းမောက်ရွာသို့ စစ်ဘေးထွက်ပြေးတိမ်းရှောင်လာရသည့် ပြည်သူဦးရေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး လက်ရှိအချိန်ထိအလှူရှင်များမရှိသည့်အတွက် အခက်အခဲများစွာရှိနေကြောင်းသိရသည်။ ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တပ်ဖွဲ့နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများ နေ့စဉ် တိုက်ပွဲပြန်းထန်စွာ ဖြစ်ပွားနေသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများစွာရှိ နေကြောင်းသိရသည်။ “ပင်လောင်းမြို့အနီးတစ်ဝိုက်က မများပေမယ့် ကျွန်တော်တို့ရွာရောက်လာသည်စစ်ရှောင်တွေအတော်ခက်ခဲနေတယ် အလှူရှင်တွေမရှိသေးဘူး ခုချိန်ထိ ကျွန်တော်မှာရှိတဲ့ဆန်တွေနဲ့မလောက်မငှနည်းနည်းစီတော့ဝေပေးလိုက်ပါတယ် ခုလည်းထပ်ရောက်လာတာရှိနေတယ်”ဟုဗန်းမောက်ဒေသခံတစ်ဦးကပြောသည်။…

ပင်လောင်းတွင် စစ်ဘေးရှောင်လာသူ ၆၀၀၀ ကျော်ထိရှိပြီး စားနပ်ရိက္ခာနှင့် အဝတ်အထည်များအရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း မတ် ၉ ၊ ၂၀၂၃ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းတွင် စစ်ဘေးရှောင်လာသူ ၆၀၀၀ ကျော်ထိရှိလာပြီး အရေးပေါ်စားနပ်ရိက္ခာနှင့် အဝတ်အထည်၊ စောင်နှင့် သောက်သုံးရေအရေးပေါ်လိုအပ်နေလျှက်ရှိကြောင်း မတ်လ ၈ ရက်နေ့တွင်သိရသည်။ လူဦးရေ ၆၀၀၀ ကျော်သည် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနှင့် စာသင်ကျောင်းများတွင်ရှိသည့် စာရင်းသာဖြစ်ပြီး နီးစပ်ရာဆွေမျိုးနေအိမ်များတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များမပါဝင်သေးကြောင်း တစ်ရက်ပြီးတစ်ရက်စစ်ဘေးရှောင်လာသူများ တိုးလာလျှက်ရှိကြောင်း စစ်ဘေးရှောင်ကူညီသူများထံက…