Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

ဗန်းမောက်ရွာစစ်ရှောင်စခန်းတွင် စစ်ရှောင်တိုးလာသဖြင့် နေရာအခက်အခဲရှိပြီး ဆန်ပြုတ်သောက်နေရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၉၊၂၀၂၄ ပင်လောင်းမြို့နယ် ဗန်းမောက် ကျေးရွာ စစ်ရှောင်စခန်းတွင် စစ်ရှောင်ဦး‌ရေပိုမိုများပြားလာသဖြင့် နေရာများအခက်အခဲရှိသလို အချို့မှာ ဆန်ပြုတ်သောက် နေရသည်ဟု စစ်ရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဗန်းမောက်ရွာ စစ်ရှောင်စခန်းတွင် ယနေ့အထိ စစ်ရှောင်များ နေ့စဉ်ရောက်လာလျက်ရှိပြီး လှုဦးရေး ၂ ထောင် ကျော်အထိရှိနေကာ စားနပ်ရိက္ခာများ ၊နေရာထိုင်ခင်းများနှင့် ဆေးဝါးများ လုံလောက်မှုမရှိဘဲ အရေးပေါ် လိုအပ်‌နေကြောင်း…

ဒေါတခြောကျေးရွာသို့ ထပ်မံရောက်လာသည့် စစ်ရှောင်မိသားစုများအား PNLOမှ ဆန် ဆီ ဆား များကူညီထောက်ပံ့

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၇၊၂၀၂၄ ကရင်နီ နယ်စပ်ရှိ ဒေါတခြောကျေးရွာသို့ ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ထပ်မံရောက်ရှိလာသည့် ကရင်နီပြည်မှ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စစ်ဘေးရှောင်များအတွက် ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO မှ သွားရောက်ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။ ထပ်မံရောက်လာသည့် စစ်ဘေးရှောင်အိမ်ထောင်စု ၈ စု လူဦးရေ ၄ဝ ဝန်းကျင်ကို ဆန် ဆီ ဆားနှင့်…

ဆီဆိုင် စစ်ရှောင်များအတွက် အလှူရှင်မရှိသဖြင့်စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၆၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်များအတွက် အလှူရှင်များမရှိသဖြင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။ စစ်ရှောင်များသည် ဆီဆိုင်မြို့ရှိစစ်ရှောင်စခန်းများနှင့်ဆွေမျိုးအိမ်များသို့ လာရောက်ခိုလှုံနေကြပြီး အလှူရှင်မရှိသည့်အတွက် စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်ခဲကြုံ‌တွေ့နေရကြောင်း ယနေ့တွင် ပြောဆိုသည်။ “အဓိက သူတို့အလုပ်အကိုင်မရှိတော့ ဝင်ငွေကမရှိဘူး။အရင်လက ပြောင်းချိုးတာနဲ့ငရုတ်သီးခူးတဲ့အချိန်ခနဘဲ အလုပ်ရှိတယ်။ စစ်ရှောင်အရမ်းများတော့ အလှည့်ကျနဲ့သွားရသေးတယ်။အဲလိုအခြေအနေကြောင့် အလှူရှင်တွေ အပေါ်ဘဲအဓိကမှီခိုနေရတယ်”ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။…

ပင်လောင်းတွင် အသစ်ရောက်လာသည့် ဖယ်ခုံစစ် ရှောင်များအတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာလိုအပ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၃၊၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်ဘက်တွင် ရောက်ရှိလာသည့် ဖယ်ခုံစစ် ရှောင်များအတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စစ်ရှောင်များသည် ယခုလဇန်နဝါရီ ၈၊ ၉၊၁၀ ရက်အတွင်းရောက်လာကြပြီး နေထိုင်ဖို့အတွက် မိုးကား၊စောင်၊အနွေးထည်နှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။ “သူတို့ ဖြစ်သလို နေနေရတယ်။အပင်အောက် နေရတာ။ အမိုး၊အကာမရှိတဲ့…

မှော်ဘီတံတားဂိတ်တွင် ဖြတ်သန်းသွာလာသူများကို ငွေတောင်း၊စစ်ဆေးနေ၍ ဒေသခံများအခက်ခဲဖြစ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၁၊၂၀၂၄ မှော်ဘီတံတားဂိတ် ဖြတ်သန်းသွားလာသည့် ဒေသခံများကို ငွေတောင်းငွေညစ်ခြင်း နှင့် တင်းကြပ်စစ်ဆးနေသဖြင့် ဒေသခံနှင့်ခရီးသွား ပြည်သူများ အခက်ခဲဖြစ်ရကြောင်း ခရီးသွားတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် မှော်ဘီတံတားပေါ်ရှိဂိတ်တွင် ဖြတ်သန်းသွားလာသည့် ဒေသခံများကို ငွေတောင်းငွေညစ်မှုမကြာခနရှိနေပြီး တင်းကြပ်စွာစစ်ဆးသဖြင့် ဒေသခံနှင့်ခရီးသွား ပြည်သူများ အခက်ခဲကြုံတွေ့ နေရကြောင်း ‌ခရီးသွားတစ်ဦးက ယနေ့တွင် ပြောဆိုသည်။ ဂိတ်စောင့် စစ်သားများသည်…

တီကျစ်ဒေသရောက် ကရင်နီပြည်စစ်ရှောင်များအတွက် PNFC မှတဆင့် ကိုရီးယားရောက် ဂီတအဖွဲ့ကကူညီထောက်ပံ့

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၀၊ ၂၀၂၄ လိုအပ်ချက်များစွာရှိနေသည့် တီကျစ်ဒေသရောက် ကရင်နီပြည်နယ်မှ စစ်ရှောင်များကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC မှတဆင့်ချိတ်ဆက်ပြီး ကိုးရီးယားရောက် နွေဦးဂီတအဖွဲ့က ကူညီပေးခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တီကျစ်ဒေသရောက် စစ်ရှောင်များအတွက် ဆန်၊ဆီ၊ဆား အမျိုးသမီးအသုံး အဆောင်များကို ကိုးရီးယားနိုင်ငံရောက် နွေဦးဂီတအဖွဲ့က ဂီတရန်ပုံငွေရှာပြီး ဇန်နဝါရီ ၉ ရက်နေ့က ထောက်ပံလှူဒါန်းပေးခဲ့ကြောင်းသိရသည်။ ‘’ ကျွန်တော်တို့တွေဟာ တော်လှန်ရေးတစ်ခုထဲပဲ…

စစ်ကောင်စီကြောင့်သေဆုံးရသည့် အမျိုးသမီး ၃၃ ဦးအနက် ရှမ်းပြည်နယ်မှ ၄ ဦးပါဝင်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၄၊၂၀၂၄ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့်တိုက်ခိုက်ခြင်းကြောင်း ဒီဇင်ဘာ တစ်လအတွင်း နိုင်ငံတဝန်း အမျိုးသမီးသေဆုံးမှု ၃၀ ကျော်ရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကြောင်း ၂၀၂၃ ဒီဇင်ဘာလ တစ်လအတွင်းတွင် နိုင်ငံတဝန်းအမျိုးသမီး ၃၃ ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါသည်။ စစ်ကောင်စီကြောင့် သေဆုံးရသည့်…

ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်များအတွက် စားနပ်ရိက္ခာ နှင့် အသုံးအဆောင်များ အရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၊၂၀၂၄ ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ စောင်၊ အနွေးထည်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်တစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်ဖက်ခြမ်းရှိ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ စောင်၊ အနွေးထည်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်တစ်ဦးက ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောဆိုသည်။ အဆိုပါစစ်ရှောင်များသည် ၎င်းတို့မှ ပါ‌‌လာသော ဆန်များမှာ…

ဒီမောဆို အနောက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် ဆန်ပြတ်လပ်နေပြီး စစ်ရှောင်များ အခက်အခဲ ကြုံတွေ့နေရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၆၊၂၀၂၃ ကယား(ကရင်နီ)ပြည် ဒီမောဆို အနောက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် ဆန်နှင့် စားနပ်ရိက္ခာများပြတ်လပ်နေပြီး ဒေသခံနှင့် စစ်ရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စစ်ရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။ စစ်ကောင်စီက အဆိုပါဒေသသို့ စားနပ်ရိက္ခာများ သယ်ယူရေး လမ်းကြောင်းများကို ပိတ်ဆို့ထားသလို အခြား‌တောလမ်းတွင်လည်း တိုက်ပွဲပြင်းထန်နေပြီး နယ်မြေကူးသန်းသွားလာရန်အခက်အခဲများရှိနေသောကြောင့် ဒေသခံနှင့်စစ်ရှောင်များအတွက် အခက်အခဲ ပိုမိုဖြစ်ရကြောင်း ဆိုသည်။ “သူတို့က တောင်ယာစပါး…

အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအပေါ် ကူညီကာကွယ်ပေးပါရန် India For Myanmarက မဏိပူရဝန်ကြီးချုပ်ထံ တောင်းဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၂၊၂၀၂၃ ဆီးခံရမှုကို လွတ်ပေးပါရန်နှင့် မဏိပူရပြည်နယ်အတွင်းခိုလှုံသူများကို ကူညီကာကွယ်ပေးရန် India For Myanmarက ယနေ့ဒီဇင်ဘာလ(၂၂)ရက်နေ့တွင် တောင်းဆိုထားပါသည်။ အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအပေါ် ဆိုးဝါးစွာသံသယဝင်နေမှုများကို လျှော့ချပြီး ဖမ်းဆီးခံရမှုကို အမြန်ဆုံးလွတ်ပေးပါရန်နှင့် မဏိပူရပြည်နယ်အတွင်းခိုလှုံသူများကို စနစ်တကျစာရင်းပြုစုကာ ကူညီကာကွယ်ပေးပါရန် India For Myanmarက မဏိပူရဝန်ကြီးချုပ် H.E.N Biren Singhထံသို့ တောင်းဆိုထားပါသည်။ လက်ရှိမြန်မာနိုင်ငံသည်…

You missed