Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

စစ်ကောင်စီက လက်နက်ကြီးနှင့်ရမ်းသမ်းပစ်ခတ်ခြင်းကြောင့်နန်းတုတ်ကျေးရွာတွင် နေအိမ်ထိခိုက်မှုရှိနေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လာခြင်းကြောင့် နန်းတုတ်ကျေးရွာတွင် လူနေအိမ်ထိခိုက်မှုရှိနေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအတွင်းသို့ ဖေဖော်ဝါရီ ၂၃ ရက် ည ၈ နာရီကျော်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်လာခဲ့ခြင်းကြောင့် ဒေသခံများကြောက်လန့်နေ​ကြသည်။ “၆ ကြိမ်ပစ်လာတယ် တစ်ကြိမ်ပေါက်ကွဲစတော့ ရွာသား နေအိမ်ကိုထိပြီး…

စစ်ကောင်စီတပ်က ကျေးရွာတွင်းတပ်စွဲထားပြီး စစ်ရှောင်သည့်ရွာသားများ နေအိမ်ဖောက်ထွင်းခံရမည်ကိုစိုးရိမ်နေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ ဟိုပုံမြို့နယ် အရှေ့ဘက်ခြမ်း မိုင်းပွန်အနီးကျေးရွာများတွင် ကျေးရွာတွင်းစစ်ကောင်စီ တပ်စွဲနေရာယူထားပြီး စစ်ရှောင်နေသည့် ရွာသားများ နေအိမ်ဖောက်ထွင်းခံရမည်ကိုစိုးရိမ်နေရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အရှေ့ဘက်ခြမ်း မိုင်းပွန်အနီးတွင် PNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက် ကြီး နှင့်လေယာဥ်ဗုံးကြဲပစ်ခတ်ခြင်းကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသူရှိသလို စစ်ကောင်စီ တပ်လာစွဲ၍ထွက်ပြေးတိမ်းရှောင်ရသူလည်းရှိသည်။ “မနေ့ နေ့လယ်ကသူတို့(စစ်ကောင်စီ)ရွာထဲ ရုတ်တ…

ရှမ်းတောင် တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၃၃ ဦးထိရှိလာ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၃၃ ဦးရှိပြီး၊ နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၉ သောင်းကျော်ထိ ရှိလာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်ဒေသတွင် သေဆုံးသူ ၃၃ ဦးထဲက အမျိုးသား၂၈ ဦး၊အမျိုးသမီး ၄ ဦးနှင့် ကျားမ အတည်မပြုနိုင်သေးသူ ၁…

ဆီဆိုင်တွင် ဦးခေါင်းဒဏ်ရာရ ကလေးအပါအဝင် ၂ ဦးပိတ်မိနေဆဲ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၂၊၂၀၂၄ ဦးခေါင်းဒဏ်ရာရထားသည့်ကလေးအပါဝင် အရပ် သား၂ ဦးနှင့် ပြည်သူအချို့ ဆီဆိုင်မြို့သီရိရပ်ကွက် တွင် ပိတ်မိနေသေးကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ ထိုဒဏ်ရာရထားသူသည်စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲမှု နှင့် ကြုံပြီး ဒဏ်ရာရကြသူဖြစ်ကြောင်း ယနေ့အထိသွားကယ်ထုတ်ရန် အခက်ခဲရှိနေသေး ကြောင်းသိရသည်။ “ကလေးက ခေါင်းထိထားတယ်။ နောက်အမျိုးသားတစ်ဦးပေါင်ထိဒဏ်ရာနဲ့၊ နောက်တစ်ယောက်လေဖြတ်ထားတဲ့လူနာရယ်ပါ။ အခြားလူ ၂၀ လောက်ပေါ့ သီရိရပ်ကွက်က။ အခုလောလော ဆယ်က ခေါ်ထုတ်မရသေးဘူး။…

နမ့်ဘော်ခမ်းရွာထဲ စစ်ကောင်စီလက်နက်ကြီးကျသဖြင့်အရပ်သား နေအိမ်သုံးလုံးပျက်စီး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄ လွိုင်လင်မြို့နယ်၊နားယမ်အုပ်စု နမ့်ဘော်ခမ်းရွာတွင်စစ်ကောင်စီလက်နက်ကြီးရမ်းသမ်းပစ်ခတ်လာပြီး ရွာထဲ ကျသဖြင့် အရပ်သားနေအိမ်သုံးလုံး ပျက်စီးခဲ့ရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံး-မိုင်းပွန် လမ်းပေါ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးအဖွဲ့ချုပ်PNLAတို့ တိုက်ပွဲ ပွားပြီးနောက် တိုက်ပွဲမဖြစ်ပွားသည့်ကျေးရွာတွင် စစ်ကောင်စီက လက်နက်ကြီးအကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်လာခဲ့ပါသည်။ “အခုထိတော့ အိမ် ၃ လုံး ထိတယ်။ ဒီမနက် လက်နက် ကြီး ပစ်ခတ်မှုကတော့…

လွိုင်ကော်မြို့ပေါ်ရပ်ကွက်ကို စစ်ကောင်စီကမီးလောင်ဗုံးကြဲပြီး နေအိမ်များမီးလောင်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၂၊၂၀၂၄ လွိုင်ကော်မြို့ပေါ် ရှိ ရပ်ကွက်အတွင်းကို စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် ကြဲချတိုက်ခိုက်ရာ ရပ်ကွက်အတွင်း လူနေအိမ်မီးလောင်ပျက်စီးခဲ့ရကြောင်းKNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ကရင်နီပြည် လွိုင်ကော်မြို့ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်၌တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က ဒရုန်းဖြင့် မီးလောင်ဗုံးများ၊ အဝေးပစ် မီးလောင်ဗုံးများ လိုက်လံကြဲချခဲ့ပြီး ရွှေတောင်၊ မင်္ဂလာ၊ ပိုးဇာခြံ စသည့်ရပ်ကွက် ၅…

ဆီဆိုင်- လွိုင်ကော်လမ်းမကြီးအရှေ့ဘက်ဒေသခံများထံPNLA ဆက်ကြေးကောက်သည်ဆိုသည့်သတင်းမဟုတ်မှန်ကြောင်းPNLA ငြင်းဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄ ဆီဆိုင်-လွိုင်ကော်လမ်းမကြီးအရှေ့ဘက်ကျေးရွာကို PNLA က ပိုက်ဆံကောက်နေသည် ဟူသောသတင်းသည် မဟုတ်မမှန်ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တာဝန်ရှိသူတစ်ဦးက ​ငြင်းဆိုပြောကြားလိုက် သည်။ အွန်လိုင်းပေါ်၌ ပျံ့နှံ့နေသောသတင်းသည် PNOအကောင့်တုသမားများနှင့် ပြည်သူကိုသတင်းအမှားပေးနေသည့် လော်ဘီသတင်းများသာဖြစ်ကြောင်းပြောဆိုသည်။ “ပြည်သူလူထုကို ၇ သိန်း၊ ၅ သိန်း၊ တစ်အိမ်ဘယ်လောက် သေနတ်ဖိုးတစ်အိမ်ဘယ်နှစ်သိန်းကောက်တယ်တွေက ကျွန်တော်တို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ PNLAက လုံးဝမလုပ်ဘူး။…

ဟိုပုံးမှ​ပြန်လာသည့်ပုံးအယ်ရွာသားနှစ်ဦး စစ်ကောင်စီ ပစ်ခတ်၍ ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄ ဟိုပုံးမှပြန်လာသည့်ပုံးအယ်ရွာသားနှစ်ဦး ထမ်းဆန်းဂူအနီးတွင် စစ်ကောင်စီပစ်ခတ်၍ ဒဏ်ရာရရှိ ခဲ့ကြောင်း ဖေဖော်ဝါရီလ(၂၁)ရက်နေ့က ဒေသခံတစ်ဦးပြောဆိုချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ ပုံးအယ်ရွာသားနှစ်ယောက်သည် ယနေ့မွန်းလွဲပိုင်းအချိန် ဟိုပုံးအပြန်လမ်း ထမ်းဆန်းဂူအနီးတွင် ကားရပ်ခိုင်းသည်ကိုကြောက်ပြီး မရပ်ဘဲ ဆက်မောင်း၍ စစ်ကောင်စီတပ်ကပစ်ခတ်ခဲ့ကြောင်းသိရသည်။ “နေ့လယ်(၁၂)နာရီကျော်(၁)နာရီဝန်းကျင်လောက်ဖြစ်မယ် သူတို့နှစ်ယောက်၊ ဟိုပုံးကအပြန် ထမ်းဆန်းဂူနားရောက်တော့ ကားရပ်ခိုင်းတာကိုမရပ်လို့ စစ်ကောင်စီက သေနတ်နဲ့ပစ်လိုက်တာ၊ တစ်ယောက်ကလက်မောင်းထိတယ် တစ်ယောက်ကခေါင်းထိလို့…

ညောင်ရွှေမြို့တွင်ပြည်သူ့စစ်မှုထမ်းရန် လူစာရင်းစတင်ကောက်ခံ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄ ညောင်ရွှေမြို့တွင် ပြည်သူ့စစ်မှုထမ်းရန်အတွက် လူစာရင်း စတင်ကောက်ခံလျက်ရှိကြောင်း မြို့ခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ ပေါ်တွင်ပြည်သူ့ စစ်မှုထမ်းရန်အတွက် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး လူစာရင်းများ ကောက်ခံနေကြောင်းသိရသည်။ “အိမ်ထောင်စုဇယား အရင်လာကောက်တယ်။ ခုတစ်ခေါက် ပြန်လာကောက်ပြီး ဘယ်သူဝင်ရမယ် ဘယ်သူမဝင်ရဆိုတာ ကောက်တယ်။ တစ်အိမ်တစ်ယောက်ကောက်တယ် အသက် ၁၈ ကနေ ၄၅…

ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့တိုက်ပွဲ တစ်လအတွင်း အရပ်သား ၂၆ ဦးသေဆုံး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄ ပအိုဝ်းဒေသဆီဆိုင်မြို့နယ်နှင့်ဟိုပုံးမြို့နယ် တိုက်ပွဲတစ်လအတွင်းတွင် အရပ်သား ၂၆ ဦးသေဆုံးပြီး လေကြောင်း တိုက်ခိုက်မှု၂၇၁ ကြိမ်ရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းရုံး PYOထုတ်ပြန်ချက်အရသိရသည်။ ယင်းသေဆုံးမှုများသည် တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇန်နဝါရီ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၇ ရက်အတွင်းသာဖြစ်ပြီး လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု၊ဒရုန်းဖြင့်ဗုံးကြဲခံရမှု၊ သေနတ်နဲ့ပစ်သတ်ခံရမှု စသည်တို့ကြောင့် သေဆုံးခဲ့ရသည်ဟု PYOထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အခုက…

You missed