Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

လက်နက်ကိုင်ပဋိပက္ခများကြောင့် အင်းလေးဒေသပြည်သူများ စိုးရိမ်မှု ပိုမိုမြင့်တက်လာ

ခမ်းသားငေါဝ်း စက်တင်ဘာ ၄၊ ၂၀၂၄ အင်းလေးတောင်ဘက်ခြမ်းတွင် လက်နက်ကိုင် ပဋိပက္ခကြောင့် ဒေသခံများကို ညအချိန်မတော် ဖမ်းဆီးခြင်း၊ စစ်မှုထမ်းဆောင်သည့်ကိစ္စနှင့်ပက်သက်ပြီး စိုးရိမ်မှုမြင့်တက်နေကြောင်းဩဂုတ်လ ၄ ရက်နေ့ ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့ နယ်တွင်…

PNO ပြည်သူ့စစ်က လွယ်လုံရွာရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီး

ခမ်းသားငေါဝ်း စက်တင်ဘာ ၃၊ ၂၀၂၄ PNOပြည်သူ့စစ်က လွယ်လုံရွာ လူနေအိမ်များကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်းစက်တင်ဘာ ၃ ရက်နေ့တွင် ရွာသားများထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ လွယ်လုံရွာသားများကို PDF လက်ခံထားသည် PNO ပြည်သူ့စစ်ကစွပ်စွဲပြီး…

စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး (၁)ဦးသေဆုံး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၃၊ ၂၀၂၄ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး(၁)ဦး သေဆုံးပြီး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ စစ်ကောင်စီတပ် ခလရ(၂၃)တပ်မှ စက်တင်ဘာလ ၁…

အမှန်တစ်ကယ်အကူအညီလိုအပ်နေသည့်မိသားစု(၁၄၂)စုအား MNDAA မှစားနပ်ရိက္ခာလှူဒါန်း

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၊ ၂၀၂၄ လားရှိုးမြို့ရပ်ကွက်(၃)ခုရှိအမှန်တစ်ကယ်အကူအညီလိုအပ်နေသည့်မိသားစု(၁၄၂)စုအားဆန်နှင့်ဆီများသွားရောက်လှူဒါန်းပေးခဲ့ကြောင်းစက်တင်ဘာလ(၁)ရက်နေ့တွင်MNDAAထုတ်ပြန်ချက်အရသိသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ခံများ၏အသက်မွေးဝမ်းကြောင်းပြန်လည်ထူထောင်ရေးနှင့် ရပ်ကွက်အသီးသီးရှိနေထိုင်သူများ၏အခြေခံဘဝအာမခံချက်ရရှိစေရန်အတွက် အမှန်တစ်ကယ်အကူအညီလိုအပ်နေသည့်မိသားစု(၁၄၂)စုအားဆန်နှင့်ဆီများသွားရောက်လှူဒါန်းပေးခဲ့သည်၊၊ ပြီးခဲ့သည့်ရက်ပိုင်းတွင် လားရှိုးမြို့ရှိသက်ဆိုင်ရာရပ်ကွက်တာဝန်ခံအသီးသီးမှ ရပ်ကွက်များတွင် တစ်အိမ်တက်တစ်အိမ်ဆင်းသွားရောက်ကြည့်ရှုသည့်လုပ်ငန်းစဥ်အတွင်း မိသားစုအချိူ့ထံ၌အရေးပေါ်အကူအညီများလိုအပ်နေသည်ကိုတွေ့ရှိရကြောင်းသိရသည်။ ထို့ကြောင့်သြဂုတ်လ(၃၁)ရက်နေ့တွင် MNDAA အဖွဲ့က လားရှိုးမြို့၏ရပ်ကွက်၄၊၅၊၆ရှိအလွန်ဒုက္ခရောက်နေသည့် မိသားစု(၁၄၂)စုထံသို့အစားအသောက်နှင့်အခြားကယ်ဆယ်ရေးပစ္စည်းများကို ပထမဆုံးအကြိမ်…

ဆီဆိုင်မြို့နယ် နောင်မွန်အဝင်တွင် ပြည်သူ့စစ်ဂိတ်ဖွင့်ပြီး ဂိတ်ကြေးကောက်ခြင်းကြောင့်ဒေသခံအခက်ခဲဖြစ်နေ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊ ၂၀၂၄ ဆီဆိုင်မြို့နယ် နောင်မွန် အဝင်တွင် နောင်မွန်ပြည်သူ့စစ်ကဂိတ်ဖွင့်ပြီးဖြတ်သန်း သွားလာသမျှကားများအား ငွေကောက်ခံနေကြောင်း ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင် ဟိုပုံးလမ်းမနောင်မွန်အ ဝင်ဟိုတိ(ဟိုတွူး)တွင် PNO ပြည်သူ့စစ်မဟုတ်သည့် နောင်မွန်ပြည်သူ့စစ်က ဒေသခံများထံ လာသမျှကားများအား…

တောင်ကြီးမြို့နယ်နောင်ကားမှ ညောင်ရွှေမြို့နယ်သို့သွားသည့်လမ်းတွင် PNO စခန်းလာချပြီး ရွာသားများကထမင်းပို့ပေးနေရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊ ၂၀၂၄ တောင်ကြီးမြို့နယ် နောင်ကားမှ ညောင်ရွှေမြို့နယ်သို့ သွားသည့်လမ်းတွင် PNO ပြည်သူ့စစ်မှစခန်းလာချထားပြီး အနီးအနားရှိရွာများက ထမင်းပို့ပေးနေရကြောင်း စက်တင်ဘာ ၁ ရက်နေ့တွင် ဒေသခံပြောကြားချက်အရသိရသည်။ တောင်ကြီးမြို့နယ် နောင်ကားမှ ညောင်ရွှေမြို့နယ်သို့သွားသည့်လမ်းတွင် PNO…

ဖမ်းဆီးခံရသည့် လွယ်လုံရွာသားတစ်ဦး PNO ပြည်သူ့စစ်နှိပ်စက်မှုဒဏ်ဖြင့် သေဆုံးသွား

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊ ၂၀၂၄ ဖမ်းဆီးခံရသည့် လွယ်လုံရွာသားအသက် ၆၂ နှစ်အရွယ် ဦးမောင်ဆောင်ကို PNO ပြည်သူ့စစ်နှိပ်စက်မှုဒဏ်ဖြင့်သေဆုံးသွား ခဲ့ကြောင်း သိရသည််။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ ၊လွယ်လုံကျေးရွာ ဇူလိူင်လ ၂၁ ရက်နေ့တွင်…

စစ်မှုထမ်းလူငှားရန်အတွက် ငွေကြေးအတင်းကောက်ခံမှုကြောင့်လွယ်မောကျေးရွာအုပ်စုက ပြည်သူများအခက်ခဲကြုံတွေ့

ခမ်းသားငေါဝ်း သြဂုတ် ၃၁၊ ၂၀၂၄ လွယ်မောကျေးရွာအုပ်စုအတွင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းလူငှားရန်အတွက် တစ်အိမ် ငါးသောင်းကျပ်အတင်းကောက်ခံမှုကြောင့် ဒေသခံများအခက်ခဲကြုံတွေ့နေရကြောင်း ဒေသခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် လွယ်မောကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအတွက် သူ၏ဆွေမျိုးကိုချန်ထားပြီး ပြည်သူများကို အတင်းအဓမ္မငွေ ကောက်ခံနေကြောင်းသိရသည်။…

Dawei Watch သတင်းဌာနမှ သတင်းသမား ၂ ဦးကို စစ်ကောင်စီက မတရားထောင်ဒဏ် တသက်တစ်ကျွန်းနှင့် အနှစ် ၂၀ ချ

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊ ၂၀၂၄ Dawei Watch သတင်းဌာနမှ သတင်းသမား (၂)ဦးကို စစ်ကောင်စီက ထောင်ဒဏ် တသက်တစ်ကျွန်းနှင့် ထောင်ဒဏ် အနှစ်(၂၀) ချမှတ်လိုက်ကြောင်း အဆိုပါသတင်းဌာနမှ ဩဂုတ်လ (၂၇)ရက်တွင် ထုတ်ပြန်ထားသည်။ တနင်္သာရီတိုင်း…

မိုးဗြဲရေကာတာ ထပ်မံဖောက်ချခြင်းကြောင့် လယ်များပျက်စီးပြီး၊ စစ်ဘေးရှောင်များ ရေလွတ်ရာတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၈၊ ၂၀၂၄ စစ်ကောင်စီတပ်က မိုးဗြဲရေကာတာကိုဒုတိယအကြိမ် ထပ်မံဖောက်ချခြင်းကြောင့် လယ်များပျက်စီးပြီး စစ်ဘေးရှောင်များ ရေလွှတ်ရာနေရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သြဂုတ်လ(၂၈)ရက်တွင်ဒေသခံထံမှ သိရသည်။ ရှမ်း–ကယားနယ်စပ် မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်က မိုးဗြဲရေကာတာကို ထပ်မံဖွင့်ချသည့်အတွက်လယ်ဧက ထောင်နှင့်ချီရေနစ်မြှပ်ပျက်စီးခဲ့သည့်အပြင် ဘီလူးချောင်းဘေးရှိ စစ်ရှောင်များရေလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။…