Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

ညောင်ရွှေမြို့တွင်ပြည်သူ့စစ်မှုထမ်းရန် လူစာရင်းစတင်ကောက်ခံ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄ ညောင်ရွှေမြို့တွင် ပြည်သူ့စစ်မှုထမ်းရန်အတွက် လူစာရင်း စတင်ကောက်ခံလျက်ရှိကြောင်း မြို့ခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ ပေါ်တွင်ပြည်သူ့ စစ်မှုထမ်းရန်အတွက် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး လူစာရင်းများ ကောက်ခံနေကြောင်းသိရသည်။ “အိမ်ထောင်စုဇယား အရင်လာကောက်တယ်။ ခုတစ်ခေါက် ပြန်လာကောက်ပြီး ဘယ်သူဝင်ရမယ် ဘယ်သူမဝင်ရဆိုတာ ကောက်တယ်။ တစ်အိမ်တစ်ယောက်ကောက်တယ် အသက် ၁၈ ကနေ ၄၅…

ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့တိုက်ပွဲ တစ်လအတွင်း အရပ်သား ၂၆ ဦးသေဆုံး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄ ပအိုဝ်းဒေသဆီဆိုင်မြို့နယ်နှင့်ဟိုပုံးမြို့နယ် တိုက်ပွဲတစ်လအတွင်းတွင် အရပ်သား ၂၆ ဦးသေဆုံးပြီး လေကြောင်း တိုက်ခိုက်မှု၂၇၁ ကြိမ်ရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းရုံး PYOထုတ်ပြန်ချက်အရသိရသည်။ ယင်းသေဆုံးမှုများသည် တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇန်နဝါရီ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၇ ရက်အတွင်းသာဖြစ်ပြီး လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု၊ဒရုန်းဖြင့်ဗုံးကြဲခံရမှု၊ သေနတ်နဲ့ပစ်သတ်ခံရမှု စသည်တို့ကြောင့် သေဆုံးခဲ့ရသည်ဟု PYOထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အခုက…

စစ်ကောင်စီက အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်၍ ဒေသခံ ထိတ်လန့်ထွက်ပြေး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီလ ၂၀၊ ၂၀၂၄ ပုံးအယ်ကျေးရွာတွင် စစ်ကောင်စီတပ်စွဲထားပြီး အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် အနီးပတ်ဝန်းကျင်ရွာဒေသခံများထိတ်လန့်ပြီး တိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးပြောပြချက်အရသိရသည်။ ဟိုပုံးမြို့နယ် တောင်ကြီး-မိုင်းပွန်သွားလမ်းဘေးရှိ ပုံးအယ်ကျေးရွာတွင် စစ်ကောင်စီတပ်စွဲထားပြီးဖေ ဖော်ဝါရီလ(၂၀)ရက်နေ့ညနေပိုင်းက အကြောင်းမဲ့ ပွန်ချောင်းဘက်သို့လက်နက်ကြီးများ ပစ်ခတ်နေခြင်းကြောင့်တိုက်ပွဲဖြစ်လာမည်ကိုဒေသခံက စိုးရိမ်နေကြ သည်။ “စဖြစ်တာက(၄)နာရီဝန်းကျင်‌လောက်ထင်တယ်၊ ရုတ်တရက်ရွာပေါ်မှာ လေယာဥ်တွေအများကြီးလာဝဲတော့ လန့်သွားတယ်၊ ဒီညအိမ်မှာမအိပ်ရဲဘူး ရွာထဲကျမှာစိုးလို့ ခြံထဲကတဲမှာပဲသွားအိပ်ကြတယ်” ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ ပုံအယ်ကျေးရွာရှိရွာသားများသည်လည်းထွက်ပြေး…

ဆီဆိုင်မြို့နယ် ဒဏ်ရာရရှိသည့် စစ်ရှောင်များတောထဲ ပိတ်မိမှုရှိနေ

.ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၀၊၂၀၂၄ ဆီဆိုင်မြို့ အနောက်ဘက်ခြမ်းတောထဲရှိ ထီပရားတကြောတွင် ပိတ်မိနေသူစစ်ဘေးရှောင် မိသားစု ၁၀ ဦးထဲက ၅ ဦးဒါက်ရာရရှိပြီး ၂ ဦးသည်ဒါဏ်ရာပြင်းထန်စွာရရှိထားကြောင်း သိရသည်။ ပိတ်မိသူသည် ဘာကြောင့် ဒါဏ်ရာရသည်ကိုခမ်းသားငေါဝ်းအနေဖြင့် အတည်မပြုနိုင်သေးပါ။ “ဆီဆိုင်မြို့ အနောက်ဘက် တောထဲမှာပိတ်မိတာပါ ဒဏ်ရာလည်းရထားတယ်ဆိုလို့ ပိတ်မိတာအ ကြောင်းကြားလာတာနဲ့ ကျွန်တော်တို့က ကူညီပေးတဲ့သူတွေနဲ့ချိတ်ပေးထားပါတယ် အခုလောလောဆယ်တော့ တိတိကျကျမသိရသေးဘူး။”ဟု ၎င်းကပြောသည်။…

ရှမ်းပြည်တွင်နေထိုင်သည့် တိုင်းရင်းသားအားလုံး စစ်မှုထမ်းရန်တာဝန်ရှိဟု RCSS ကဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီလ ၂၀၊ ၂၀၂၄ ရှမ်းပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားအားလုံး စစ်မှုထမ်းရန်အတွက် တာဝန်ရှိကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှု၂ ဗိုလ်မှုး စိုင်းခမ်းစံက ပြောဆိုလိုက်သည်။ စစ်ရေးပဋိပက္ခ ကာလတွင် ရှမ်းပြည်အတွင်းနေထိုင်ပြီး မည်သည့်တိုင်းရင်းသား လူမျိုးမဆို အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ ကျား၊ မ အားလုံး ရှမ်းပြည်အမျိုးသားရေး တာဝန်…

ညောင်ရွှေမှဝယ်ယူသယ်လာသည့် ဓာတ်ဆီ ဒီဇယ် ၉ ပေပါကို မှော်ဘီတံတားစစ်ဆေးရေးဂိတ်တွင်အသိမ်းခံရ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီလ ၁၉၊ ၂၀၂၄ ညောင်ရွှေမြို့မှ ဝယ်ယူသယ်လာသည့် ဓာတ်ဆီ၊ဒီဇယ် ၉ ပေပါကို မှော်ဘီဂိတ်၌ စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့ စစ်အဖွဲ့တို့က ဖမ်းဆီးသိမ်းယူသွားကြောင်းသိရသည်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဖယ်ခုံမြို့နေ ဒေါ်တင်စိန်သည် ညောင်ရွှေမြို့ ပန်းကန်ရွာက ဦးသန်းဦးဆိုင်မှ ဆီဝယ်လာပြီး သယ်လာစဥ် မှော်ဘီဂိတ်အရောက်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့တို့က သယ်ခွင့်မပေးပဲ…

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့်ဆီဆိုင်မြို့သို့ပစ္စည်းပြန်ယူသည့် အရပ်သား (၈ )ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၉၊၂၀၂၄ စစ်ကောင်စီက အဆက်မပြတ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ဆီဆိုင်မြို့သို့ပစ္စည်းပြန်ယူသည့် အရပ်သား ၈ ဦးထက် မနည်းထိခိုက်ဒဏ်ရာရခဲ့ကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန်၌ မြောက်ဘက်မှ ဆီဆိုင်ဘက်သို့စစ်ကောင်စီက လက်နက်ကြီးဖြင့်အဆက်မပြတ် ပစ်ခတ်ပြီး ဝါးတောရွာအရပ်သားတို့ကိုထိမှန်ခဲ့သလို ဆီဆိုင်မြို့ ဘုရားဖြူရပ်ကွက် ၃ အတွင်းမှာလည်း လူနေအိမ်ထိမှန်မီးလောင်နေခဲ့ကြောင်းဆိုသည်။ “လက်နက်ကြီးထိတာ…

ပင်လောင်းမြို့ရှိစစ်ဆေးရေးဂိတ်တွင် ကရင်နီဒေသခံများ ရပ်ကွက်ထောက်ခံစာပါမှ ဂိတ်ပေးဖြတ်သည်ဟုဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ရှိစစ်ဆေးရေးဂိတ်များတွင် ကရင်နီပြည်နယ်က ဒေသခံများကို ရပ်ကွက်ထောက်ခံစာပါမှသာ ဂိတ်ကိုပေးဖြတ်ကြောင်း ကိုယ်တိုင်ကြုံတွေ့သူအမျိုးသမီးတစ်ဦးထံမှသိရသည်။ ပင်လောင်းမြို့မှ တောင်ကြီးသို့သွားရာလမ်းပေါ်ရှိ ပင်လောင်းဂိတ်၊ တီကျစ် နဂါးဘီလပ်မြေရှေ့ရှိဂိတ်နှင့် အောင်ပန်းဂိတ်တို့တွင် ယခင်ထက်ပိုမိုတင်း‌ကြပ်စွာ စစ်ဆေးနေပြီး ကရင်နီပြည်နယ်က ခရီးသွားပြည်သူများကမိမိတို့နေထိုင်သည့်ရပ်ကွက် မိမိတို့တည်းခိုသည့်နေရာမှ အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှသာလျှင် ဂိတ်ကိုဖြတ်နိုင်ကြောင်းသိရှိရပါသည်။ “ကရင်နီပြည်ကလူတွေဆိုရင် ဘယ်မှ​ပဲ နေနေ ရပ်ကွက်ထောက်ခံစာတွေလိုတယ် ထောက်ခံစာပါတာတောင် မှတ်ပုံတင်ကြည့်ပြီးရစ်တယ်…

အာဏာရှင်စနစ် တော်လှန်ရင်းကျဆုံးခဲ့သည့် ရဲဘော်မန်းကီး ၂ နှစ်ပြည့် လွမ်းဆွတ်သတိရခြင်းအထိမ်းအမှတ်ပြုလုပ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း တော်လှန်ရေး တပ်ဖွဲ့ SSRY Eagle Force က ရဲဘော်မန်းကီး ကျဆုံးခြင်း ၂ နှစ်ပြည့်လွမ်းဆွတ်အောက်မေ့သတိရခြင်း အထိမ်းအမှတ် ကိုလွတ်မြောက်နယ်မြေတစ်နေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။ ရဲဘော်မန်းကီး အတွက် ဘုန်းကြီးကျောင်းသို့ဆွမ်းပို့ပေးခြင်းနှင့်အလေးပြုခြင်းအခမ်းအနားပြုလုပ်ခဲ့ ကြောင်းသိရသည်။ “ရဲဘော်မန်းကီး တာဝန်ကျေပါတယ် ကျွန်တော် တို့ SSRY Eagle…

ပေါမူဒေသတွင် PNO ပြည်သူ့စစ်လုံခြုံရေးကင်းလှည့်စရိတ်ဟုဆိုပြီး ငွေကြေးကောက်ခံမှုပြုလုပ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ ပေါမူကျေးရွာအုပ်စုအတွင်း PNO ပြည်သူ့စစ်လုံခြုံရေးကင်းလှည့်စရိတ်ဟုဆိုပြီး ငွေကြေးကောက်ခံမှုပြုလုပ်နေကြောင်း ဒေသခံ များထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် မြှောက်ဖက် ပေါမူကျေးရွာတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့က သားသတ်ခုံ၊ စားသောက်ဆိုင်နှင့်ကုန်ဆုံဆိုင်ဖွင့်ထားသူများ လုပ်ငန်းရှင်များထံ ငွေကြေးတောင်းခံ နေကြောင်းသိရသည်။ “သူတို့ကစာနဲ့လာပေးတယ်။ အစည်းအဝေးလုပ်မယ်ပေါ့ ။သူတို့ဒီရပ်ရွာကိုကာကွယ်ဖို့စရိတ်ဆိုပြီး ပြောလာတယ်။အစည်းဝေးမှာတော့ ဆိုင်အငယ်ဆို တစ်သိန်း တောင်းတယ်။ ဆိုင်အကြီးက၂…

You missed