Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

စစ်ကောင်စီကလေယာဥ်ဖြင့်မီးလောင်ဗုံးကြဲချ၍ ပင်လျမ်းဘုန်းတော်ကြီးကျောင်းမီးလောင်ပျက်စီး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီလ ၂၈၊ ၂၀၂၄ တိုက်ပွဲ မဖြစ်ပွားဘဲ အကြောင်းမဲ့ စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်၍ ပင်လျမ်းဘုန်းကြီးကျောင်းမီးလောင်ပျက်စီးသွားကြောင်းသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ပင်လျမ်းဘုန်းကြီးကျောင်းကို စစ်ကောင်စီက ယနေ့နေ့လည် ၁၂း၀၀ နာရီခန့်တွင် မီးလောင်ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့်မီးလောင်ပျက်စီး သွားကြောင်းသိရသည်။ ယနေ့မနက်ပိုင်းကလည်း စစ်ကောင်စီလေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှ ပြည်သူတစ်ဦးသေဆုံးပြီး နေအိမ်…

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်​ဖြင့်ဗုံးကြဲမှုကြောင့် နားခုဲင်းရွာ အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ် ၄ လုံးပျက်စီး

ခမ်သားငေါဝ်း ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ်​ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နားခုဲင်းရွာ အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ် ၄ လုံးပျက်စီးသွားကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နားခုဲင်းကျေးရွာတွင် ယနေ့မနက်ပိုင်း ၉ နာရီခွဲ အချိန်က စစ်ကောင်စီ လေယာဉ်ဖြင့် ၈ ကြိမ်ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း သိရသည်။ “ပေါင် ၅၀၀ ဗုံးနဲ့ လာချတာ…

မှော်ဘီအဝိုင်းပတ်တောင်ဘက် စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသူမှတ်ပုံတင်ထားခဲ့ရခြင်းကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄ မှော်ဘီအဝိုင်းပတ်တောင်ဘက် စစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်ထားခဲ့ပြီးမှ ဖြတ်သန်းသွားလာနေရသောကြောင့် ဒေသခံများ အခက်အခဲဖြစ်နေကြောင်း ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှော်ဘီအဝိုင်းပတ်တောင်ဘက် စစ်ဆေးရေးဂိတ်တွင် ယခုရက်ပိုင်းအတွင်း ဖြတ်သွားလာပါက မှတ်ပုံတင်ထားခဲ့ပြီးမှသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း သိရသည်။ “အဲ့ဂိတ်ဟိုရက်တုန်းကလုံးလုံးပိတ်ထားတယ် မနေ့ကမှပြန်ဖွင့်ပေးတာ မနေ့ကကျွန်တော်မှော်ဘီသွားတော့ မှတ်ပုံတင်ပေးခဲ့ရမယ်တဲ့ ပြန်လာတဲ့ချိန်ကျမှလာယူအဲ့လိုပေါ့ ဘယ်လိုပြောပြောမရဘူး သူတို့ကိုမနိုင်တော့ပေးရတာပေါ့” ဟုမှတ်ပုံတင်ပေးခဲ့ရသည့် ဒေသခံတစ်ဦးက…

စစ်ကောင်စီအကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့ပျက်စီး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄ အင်းလေးဒေသတွင် စစ်ကောင်စီကအကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းတစ်ခုနှင့် အရပ်သားနေအိမ်နှစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း အင်လေးဒေသ ဟိုပန်ကျေးရွာနှင့် တောင်ပို့ကွဲကျေးရွာတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “တိုက်ပွဲဖြစ်တာလည်း မရှိဘူး အကြောင်းမဲ့သက်သက်ရွာထဲပစ်ထည့်တာ ထီရီးဂိတ်မှာ လက်နက်ကြီး…

ပြည်သူ့စစ်ကားဝယ်ရန် PNO က ဆက်ကြေးကောက်ခံသလို ​ပြည်သူ့စစ်မှုမထမ်းပါက ကျပ်သိန်း ၅၀ ပေးဆောင်ရ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၆၊၂၀၂၄ ဆတ်သေ၊မြေမဲရွာဘက်တွင် PNO ပြည်သူ့စစ်များအတွက် ကားဝယ်ရန်ဟုဆိုပြီး ဆက်ကြေးကောက်သလို ​ပြည်သူ့စစ်ထဲမဝင်လျှင်တစ်ဦးကို ငွေကျပ်သိန်း ၅၀ ဒေသခံများထံ PNOပြည်သူ့စစ်ကကောက်ခံနေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းရပ်စောက်မြို့နယ် ဆတ်သေ မြေမဲကျေးရွာနှင့် တောင်ကြီးမြို့မြောက်ဘက် ဇလဲကျေးရွာဘက်တွင် ပြည်သူ့စစ်များအတွက် ကားဝယ်ပေးရန်ဆိုပြီး တစ်အိမ် ၂ သောင်းကျပ်ကောက်ခံနေပြီး စစ်မှုမထမ်းပါကသိန်း ၅၀ ပေးဆောင်ရကြောင်း သိရသည်။ “အရင်ကသေနတ်ဖိုးကောက်တယ် အခုလည်းစစ်သားအတွက်ကားဝယ်ပေးဖို့တဲ့ PNO…

ဟိုပုံး မိုင်းပွန်လမ်းကို စစ်ကောင်စီက ဆက်လက်ပိတ်ထားသည့်အတွက် သွားလာ၍မရသေးဟုဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး မိုင်းပွန်လမ်းကို စစ်ကောင်စီက ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး သွားလာ၍မရနိုင်သေးကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရပါသည်။ မိုင်းပွန်နှင့် ဟိုပုံးမြို့နယ်ကြားရှိတိုက်ပွဲများကြောင့် စစ်ကောင်စီက လမ်းများပိတ်ထား‌နေ ပြီးခရီးသွားလာသည့်ပြည်သူများကို သေနတ်ဖြင့်ပစ်ခတ်မှုများပြုလုပ်နေကြောင်းလည်းသိရှိရပါသည်။ “ဟိုပုံး မိုင်းပွန်လမ်းကို ပိတ်ထားတာ ၅ ရက် ၆ရက်ရှိပြီ ခရီးသွားတဲ့ကားတွေကို စစ်တပ်က ပစ်ခတ်တာမျိုးရှိတော့ ခရီးသွားပြည်သူတွေအနေနဲ့ လမ်းခရီးကိုသေချာစုံစမ်းပြီးမှသွားဖို့လိုတယ်”ဟု အမည်မဖော်လိုသူတစ်ဦးက…

ပအိုဝ်းတိုင်းရင်းသားအပါ အရပ်သား၄၅ဦးကို SSPP/SSAကဖမ်းဆီးထားပြီးတပ်သားသစ်နှင့်လာလဲခိုင်းနေဟုဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၅၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပအိုဝ်းရွာနှင့် တအာင်းရွာ. အရပ်သား ၄၅ ဦးကို SSPP/SSA တပ်က ဖမ်းဆီးထားပြီး တပ်သားသစ်နှင့် လာရောက်လဲစေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တပ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးနှင့် ရပ်ရွာတာဝန်ရှိသောဥက္ကဋ္ဌများအပါ အရပ်သား ၄၅ဦးကို အစည်းအဝေးခဏလုပ်မည်ဆိုပြီး ခေါ်ယူထိန်းချုပ်ထားခဲ့ကြောင်းသိရသည်။ “သန်းခေါင်စာရင်းအရ တပ်သားသစ်မပေးနိုင်တော့…

ဓာတ်ဆီဝယ်ယူသယ်လာသည့် ပြည်သူ ၄ ဦးကို PNO ပြည်သူ့စစ်က ရိုက်နှက်စစ်ဆေးပြီး တောထဲရှိ ကြယ်တွင်း(ဆုံ)ထဲတွန်းချ အလောင်းဖျောက်ရန်ကြံစည်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄ တောင်ကြီးမြို့ မှ ဖယ်ခုံသို့ ဓာတ်ဆီဝယ်ပြန်သည့် ပြည်သူ ၄ ဦးကို PNO ပြည်သူ့စစ်ကဖမ်းဆီး ရိုက်နှက်စစ်ဆေးပြီးနောက် ကျောက်တလုံးမြို့ အမိုက်ကြွင်းအနီးတောထဲသို့ခေါ်သွားခဲ့ပြီး ကြယ်တွင်း (ပအိုဝ်းအခေါ် ဆုံ )Sink hole ထဲတွန်းချလိုက်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် တောင်ကြီးမှအပြန် ဆိုက်ခေါင်အနောက်တောင်ဘက် နမ်းစဲစ် ရွာအနီးတွင်…

စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် လွယ်ဝိုးတုတ်ကျေးရွာ နေအိမ် ၈ လုံး မီးလောင်ပြာကျ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၄ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် လွယ်ဝိုးတုတ်ကျေးရွာတွင် ပြည်သူနေအိမ် ၈ လုံး မီးလောင်ပြာကျခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်နေ့၌ လေယာဥ် ဖြင့် ၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်၍ နေအိမ်မီးလောင်ပျက်စီးခဲ့သည်။ လွယ်ဝိုးတုတ်ကျေးရွာနှင့် ၁…

စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးလာကြဲမှုကြောင့် လွယ်ဝိုးတုတ်ရွာ နေအိမ်နှစ်လုံးမီးလောင်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ စစ်ကောင်စီကလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် လွယ်ဝိုးတုတ်ကျေးရွာတွင် အရပ်သားပြည်သူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာကို ဖေဖော်ဝါရီ ၂၄ ရက်က စစ်ကောင်စီတပ် လေယာဉ်ဖြင့်လာရောက်ဗုံးကြဲမှုပြုလုပ်ခဲ့ကြောင်းသိရသည်။ “အဲဖက်မှာ PNLAတပ်လည်းမရှိဘူး တပ်စွဲထားတာလည်းမရှိဘူး မနေ့တိုက်ပွဲဖြစ်တဲ့နေရာ သူတို့စခန်းသိမ်းတဲ့နေရာကလည်း လွယ်ဝိုးတုတ်ရွာနဲ့တစ်မိုင်ဝေးတယ်ပေါ့နော် လွယ်ဝိုးတုတ်ကဘာမှ မဆိုင်ဘူး စစ်ကောင်စီက တမင်သက်သက်ဖျက်လိုဖျက်ဆီးလုပ်နေတာ”ဟု PNLA ဖက်ပြောရေးဆိုခွင့်ရှိသူ…