Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကောင်စီတပ်ကျူးလွန်မှုကြောင့် မတ်လအတွင်း အမျိုးသမီးသေဆုံးမှု ၆၁ ဦးထိရှိ

ခမ်းသားငေါဝ်း မတ် ၂၈၊ ၂၀၂၄ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကောင်စီတပ်ကျူးလွန်မှု ကြောင့် မတ်လအတွင်း မြန်နိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီး ၆၁ ဦးသေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မတ်လ၂၇ ရက်တွင်ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ တစ်နိုင်ငံလုံးရှိသေဆုံးရသည့် အမျိုးသမီးအရေအတွက်ဖြစ်ပြီး အသက် ၁၈ နှစ်အောက်သေဆုံးသူ(၁၆)ဦးနှင့်…

ပစ္စည်းပြန်ယူသည့် ဒေသခံနှစ်ဦးထံ PNO ပြည်သူ့စစ် က လေးလုံးထိုးကား၊ ဖုန်းနှင့် ငွေ ၄ သိန်း သိမ်းယူသွား

ခမ်းသားငေါဝ်း မတ် ၂၆၊ ၂၀၂၄ ဆီဆိုင်မြို့ထဲသို့ ပစ္စည်းပြန်ယူသည့် ဒေသခံများထံ PNO ပြည်သူ့စစ်က လေလုံးထိုးကားတစ်စီး၊ဖုန်းနှင့် ပိုက်ဆံ ၄ သိန်းကို သိမ်းယူသွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် မတ်လ ၂၃ ရက်နေ့က ပစ္စည်းပြန်ယူသည့် ဒေသခံများသည် ပစ္စည်းယူပြီး ပြန်ထွက်ချိန် ဆိုက်ခေါက်ကျေးရွာ အနောက်တောင်ဖက်၌ PNO ပြည်သူ့စစ်က စစ်ဆေးမှု ပြုလုပ်ပြီး…

နမ့်ဟူး ကျေးရွာမှ စစ်ဘေးရှောင်များ စားဝတ်နေရေး အရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း မတ် ၂၃၊ ၂၀၂၄ ဟိုပုံးမြို့နယ် ၊နမ့်ဟူးကျေးရွာမှ စစ်ဘေးရှောင်များစားဝတ်နေရေး အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ်၊ နမ့်ဟူးကျေးရွာမှ စစ်ဘေးရှောင်များ စားဝတ်နေရေးအတွက် ဆန်၊ဆီ၊ဆား များအဓိကလိုအပ်နေပြီး အဝတ်အထည် ၊ အခင်းနှင့်စောင်များလည်း လိုအပ်သည်။ ” အမျိုးတွေ၊ အသိမိတ်တွေဆီမှာ ကိုယ်စီ စစ်ဘေးရှောင်နေကြရတော့ အလှူရှင်တွေက လက်လှမ်းမီဖို့ခက်တဲ့အတွက်ကြောင့် စားဝတ်နေရေးအခက်အခဲ ဖြစ်နေတယ်” ဟုစစ်ဘေးရှောင်တစ်ဦးက…

ပင်လောင်း၊ နောင်တရားဖက် စစ်ဘေးရှောင်များထံ PNO ပြည်သူ့စစ် က ငွေကောက်ခံနေဟုဆို

ခမ်းသားငေါဝ်း မတ် ၂၃၊ ၂၀၂၄ ပင်လောင်း၊ နောင်တရားမြို့ပေါ်နှင့် ကျေးရွာဖက် စစ်ဘေးရှောင်စခန်းများတွင် PNO ပြည်သူ့စစ်က စစ်ရှောင်များထံ ငွေကောက်ခံသဖြင့် စစ်ရှောင်များအခက်ခဲ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ စစ်ရှောင်စခန်းများတွင် မတ်လ ၂၂ ရက်နေ့က စစ်ရှောင်အိမ်ထောင်စုတစ်စုကို PNO ပြည်သူ့စစ်က ငွေတစ်သိန်းကောက်ခံနေသည်၊၊ “စစ်ရှောင်ပါတယ်ဆိုမ ငွေကလာကောက်တယ်။အိမ်ထောင်စု တစ်စုကို တစ်သိန်းတဲ့…

နန်းတုတ်ရွာကိုစစ်ကောင်စီက ဗုံးလာကြဲသဖြင့် နေအိမ် ၅ လုံးနှင့် ဆေးပေးခန်းတစ်ခု ပျက်စီး

ခမ်းသားငေါဝ်း မတ် ၂၃၊ ၂၀၂၄ နန်းတုတ်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခြင်းကြောင့် ကျေးရွာရှိ နေအိမ် ၅ လုံးနှင့် ဆေးပေးခန်းတစ်ခု ပျက်စီးခဲ့ကြောင်း ရွာခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် ၊နန်းတုတ်ရွာကို မတ်လ ၂၂ ရက်နေ့ ညသန်းခေါင်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးလာကြဲချခဲ့သည်။ “လူအိပ်ချိန်ညသန်းခေါင်မှာ လေယာဥ်နဲ့ဗုံးကြဲ တိုက်ခိုက်တယ်…

ပင်လောင်းတောင်ဘက် တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း မတ် ၂၂၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် မတ်လ ၂၁ ရက်တွင် ကလေးငယ်တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်း၊ နမ့်ဖာမူကျေးရွာတို့တွင် မတ်လ ၁၀ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ ယနေ့အထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။ “ဒဏ်ရာရတဲ့ကလေးက နမ်းဖာမူဖက်ပါ။လက်နက်ကြီးထိတာပါ ။…

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လအိကျေးရွာ ဆေးရုံကို စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ပြည်သူ ၂ ဦး သေဆုံး

ခမ်းသားငေါဝ်း မတ် ၂၂၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့နယ် လအိကျေးရွာဆေးရုံကိုစစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်၊ လအိကျေးရွာဆေးရုံကို စစ်ကောင်စီက မတ်လ ၂၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ (၂) ဦးသေဆုံးခဲ့ပြီး၊ (၃) ဦးထိခိုက်ဒါဏ်ရာရသွားသည်၊၊ ” ကျန်းမာရေးကိစ္စတွေဆိုလည်း ဒီဆေးရုံပဲအားထားကြရတာ၊ ဒါမျိုးတော့မလုပ်သင့်ပါဘူး”…

ရှမ်းတောင်တွင် နှစ်လနီးပါးအတွင်း စစ်ကောင်စီလေကြောင်းဖြင့် လေးရာကျော် လက်နက်ကြီးဖြင့် နှစ်ထောင်ကျော်တိုက်ခိုက်

ခမ်းသားငေါဝ်း မတ် ၂၁၊ ၂၀၂၄ ရှမ်းတောင်တိုက်ပွဲ ဖြစ်ပွားသည့် ၅၆ ရက်အတွင်း စစ်ကောင်စီဘက် လေကြောင်းဖြင့် ၄၂၅ ကြိမ်တိုက်ခိုက်ပြီး လက်နက်ကြီးဖြင့် ကြိမ်၂၁၂၀ ကြိမ်တိုက်ခိုက်လာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်ရှိ စစ်ကောင်စီသည် တိုက်ပွဲ ဖြစ်ပွားသည့် နေရာနှင့် တိုက်ပွဲ မဖြစ်ပွားသည့်နေရာပါ လေယာဥ်နှင့်ဗုံးကြဲခြင်း…

စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း သတ်ဖြတ်ခံရသူဦးရေ လေးထောင်ခုနှစ်ရာကျော် အထိရှိလာ

ခမ်းသားငေါဝ်း မတ် ၂၁၊ ၂၀၂၄ စစ်ကောင်စီအာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်းနွေဦးတော်လှန်ရေးကာလတွင် ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် အရပ်သားပြည်သူသတ်ဖြတ်ခံရသူ ၄၇၅၂ ဦး ရှိလာကြောင်း နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPထုတ်ပြန်ချက်အရ သိရသည်။ ထိုအပြင် အတည်ပြုရန်လိုအပ်သည့် နာမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ လှုဦးရေ ၁၅၀၀ ဝန်းကျင်ကိုလည်း သီးခြားစာရင်းပြုစုထားတာရှိသေးကြောင်း ထုတ်ပြန်ချက်တွင်တွင် ပြောသည်။ အာဏာသိမ်းဖြစ်စဉ်နှင့်ဆက်စပ်ပြီး မတရားဖမ်းဆီးခံရသူ ၂၆၂၅၆ ဦးရှိပြီး…

ဆိုက်ခေါင်တွင် ကမ္ပဏီကားမောင်းသူကို လုံခြုံရေးစောင့် စစ်ကောင်စီနှင့်ပြည်သူ့စစ်ကပစ်သတ်ခဲ့

ခမ်းသားငေါဝ်း မတ် ၂၁၊ ၂၀၂၄ ဆိုက်ခေါင်တွင် ကမ္ပဏီကားမောင်းသူ ဒေသခံအမျိုးသားတစ်ဦးကို လုံခြုံရေးစောင့် စစ်ကောင်စီနှင့်ပြည်သူ့စစ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာတွင် မတ်လ ၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် နေအိမ်သို့ပြန်လာသူ အောင်သုခရပ်ကွက်နေ ကုမ္ပဏီကားမောင်းသူ ကိုညွန့်နိုင် ပစ်သတ်ခံရကြောင်း သိရသည်။ ” အဲ့နေ့က (ကိုညွ့န့်နိုင်) အလုပ်နားပြီး…