Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

ဘုရားဆင်းတုတော်အပြင် ငွေသိန်း ၃၄၀ နှင့် ပြည်သူပိုင်ပစ္စည်းများကို PNO ပြည်သူ့စစ်ယူဆောင်သွား

ခမ်းသားငေါဝ်း ဇူလိုင် ၉၊ ၂၀၂၄ နားခိုက်ရွာတွင် ရွာသားအိမ်ရှိ ဘုရားဆင်းတုတော် အပြင် ငွေကျပ်သိန်းပေါင်း ၃၄၀ ကျော်နှင့် ပြည်သူပိုင် ပစ္စည်းများကို PNO ပြည်သူ့စစ်က အတင်းအဓမ္မယူဆောင်သွားကြောင်း ဒေသခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာတွင်…

လွယ်မောတောင်ဒေသတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်အတွက် ဆန်နှင့်ငွေကြေးအပြင် နေစဉ် ထမင်း၊ ဟင်းထုပ်ပေးနေရ

ခမ်းသားငေါဝ်း ဇူလိုင် ၉ ၏ ၂၀၂၄ လွယ်မောတောင်ဒေသတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်အတွက် ဆန်နှင့်ငွေကြေးပေးနေရသလို နေ့စဉ် ထမင်း၊ ဟင်းထုပ်လည်းပေးနေရကြောင်း ဇူလိူင်လ ၉ ရက်နေ့တွင်ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသ ထမ်းယမ်၊ ထီတမ်ရွာနှင့်…

ခမ်းသားငေါဝ်းသတင်း Share သူတစ်ဦး၏ မိသားစုကို PNO ပြည်သူ့စစ်က ခေါ်ယူခြိမ်းခြောက်

ခမ်းသားငေါဝ်း ဇူလိုင် ၈၊ ၂၀၂၄ The People ‘s Voice ခမ်းသားငေါဝ်းသတင်း Share သူတစ်ဦး၏မိသားစုကို PNO ပြည်သူ့စစ်က ယနေ့မနက်တွင် ခေါ်ယူစစ်ဆေးပြီး ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်း သတင်း Share သူကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊…

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ ရက်တိုက်ပွဲအတွင်းအရပ်သား ၅၀ နီးပါးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၈ ၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲ ၁၃ ရက်အတွင်း အရပ်သား ၄၉ ဦးသေဆုံးခဲ့ပြီး ၆၇ ဦီးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ဇူလိုင် ၇ ရက်ညနေပိုင်းတွင်…

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ပြီးပေါက်ကွဲခြင်းကြောင့် ခြောင်ခါးရွာနေအိမ်တစ်လုံးမီးလောင်ပျက်စီး

ခမ်းသားငေါဝ်း ဇူလိုင် ၇၊ ၂၀၂၄ စစ်ကောင်စီလက်နက် ကြီးပစ်ခတ်ပြီးပေါက်ကွဲခြင်း ကြောင့် ခြောင်ခါးရွာ နေအိမ်တစ်လုံးမီးလောင်ပျက်စီးသွား ကြောင်းသိရသည် ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ခြောင်ခါးရွာတွင် ဇူလိုင်လ ၆ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီလက်နက် ကြီးပစ်ခတ်လာပြီးပေါက်ကွဲရာမှနေအိမ်တစ်လုံးမီးလောင်ပျက်စီးသွား ကြောင်းသိရသည်။ “စစ်ကောင်စီက နောက်ဝိုးဈေးသွားလမ်းရဲ့…

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှု (၄၄) ဉီးအထိရှိလာ

ခမ်းသားငေါဝ်း ဇူလိုင် ၇၊ ၂၀၂၄ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရှမ်းမြောက်တိုက်ပွဲ ၁၂ ရက်အတွင်း အရပ်သားသေဆုံးမှု (၄၄) ဉီးအထိရှိလာကြောင်း TNLA ထုတ်ပြန်ချက် အရသိရသည်။ ကျောက်မဲ၊နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့နှင့် လားရှိုးမြို့နယ်တို့တွင်…

နားခိုက်ရွာသားနှစ်ဦးကို တော်လှန်ရေးသမားအားပေးသူဟု PNO ပြည်သူ့စစ်က စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်

ခမ်းသားငေါဝ်း ဇူလိုင် ၇၊ ၂၀၂၄ နားခိုက်ရွာသားနှစ်ဦးကို တော်လှန်ရေးသမားအားပေးသူဟု PNO ပြည်သူ့စစ်က စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ ကြောင်းဒေသခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နားခိုက်ကျေရွာ ပြည်သူနှစ်ဦးကို ဇူလိုင် ၆ ရက်နေ့က PNO ပြည်သူ့စစ်…

နမ့်နိန်းရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက နောက်ထပ်တစ်ကြိမ်ဗုံးကြဲတိုက်ခိုက်၍ ပျက်စီး

ခမ်းသားငေါဝ်း ဇူလိုင်လ ၇၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နမ့်နိန်းရွာဘုန်းကြီး ကျောင်းကို စစ်ကောင်စီကတိုက်လေယာဉ်ဖြင့် နောက်ထပ်တစ်ကြိမ်ဗုံးကြဲတိုက်ခိုက်၍ ပျက်စီးသွားကြောင်း မြေပြင်သတင်းရင်းမြစ်ထံသိရသည်။ ရှမ်း​ပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နမ့်နိန်းရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဇူလိုင် ၅ ရက်နေ့တွင်…

ဒရုန်းဗုံးထိထားသည့်ဆောင်းပြောင်း ရွာအမျိုးသား တစ်ဦးသေဆုံးသွား

ခမ်းသားငေါဝ်း ဇူလိုင် ၇၊၂၀၂၄ ဒရုန်းဗုံးထိထားသည့်ဆောင်းပြောင်း ရွာနေ ဦးကျော်လွန်းသည် ဆေးကုသရင်းသေဆုံးသွားခဲ့ကြောင်း ဇူလိူင်လ ၇ ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် ၊ဆောင်းပြောင်းရွာနေ ခွန်ကျော်လွန်းသည်ဇွန်လ ၃၀ ရက်နေ့တွင် ဒရုန်းဗုံးထိဒဏ်ရာရရှိပြီးနောက် ဇူလိူင်လ ၁ ရက်နေ့တွင်…

နားခိုက်ကျေးရွာကို စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က မီးရှို့ဖျက်ဆီး

ခမ်းသားငေါဝ်း ဇူလိုင် ၆၊ ၂၀၂၄ နားခိုက်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က မီးရှို့ဖျက်ဆီးသွားကြောင်း PNLA ထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ယနေ့မနက် ၉ နာရီခန့်အချိန်ကမီးရှို့ဖျက်ဆီးခဲ့သည်။…