Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

စစ်ကောင်စီတပ်သားတစ်ဦးက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးအား သေနတ်ပစ်ဖောက်ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ရန်ကြံစည်

ခမ်းသားငေါဝ်း ဧပြီ ၁၉၊ ၂၀၂၄ ဆီဆိုင်မြို့ ခြေမြန်တပ်ရင်း ခမရ ၄၂၃ တပ်မှ တပ်သားညီညီနိုင်သည် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးအား သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ရန် ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူအမျိုးသမီးထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တောထဲတစ်နေရာတွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးအား ဧပြီလ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်သားတစ်ဦးက အဓမ္မပြုကျင့်ရန် ပြုလုပ်ခဲ့ပြီး ထိုအမျိုးသမီးက ထွက်ပြေးလွှတ်မြှောက်ခဲ့သည်။…

ရှမ်းတောင်တိုက်ပွဲဖြစ်ပွားသည့် ၈၄ ရက်အတွင်း အရပ်သားသေဆုံးသူ ၆၁ ဦးအထိရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၁၈ ၊ ၂၀၂၄ ရှမ်းတောင်တွင်တိုက်ပွဲဖြစ်ပွားပြီး ၈၄ ရက်အတွင်းအရပ်သား ၆၁ ဦးသေဆုံးခဲ့ရပြီး ၇၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး၏ ဧပြီ ၁၅ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ညောင်ရွှေမြို့နယ်တို့တွင် လက်နက်ကြီးထိမှန်ခြင်းကြောင့် ၁၈ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆ ဦး၊ အဖမ်းခံရပြီး သေဆုံးသူ…

ပင်လောင်းတောင်ဘက် PNO ပြည်သူ့စစ်က ဆက်ကြေးကောက်ရာ မပေးဆောင်နိုင်သူအချို့ခြိမ်းခြောက်ခံနေ

ခမ်းသားငေါဝ်း ဧပြီ ၁၈ ၊ ၂၀၂၄ ပင်လောင်းတောင်ဖက်ရှိကျေးရွာအချို့တွင် PNOပြည်သူ့စစ်ကဆက်ကြေးကောက်နေပြီး မပေးဆောင်နိုင်သူအချို့ခြိမ်းခြောက်ခံနေရကြောင်း ဒေသခံထံက သိရသည်။ ဆက်ကြေးကောက်ရာတွင် PNO ပြည်သူ့စစ်က ရွာသူကြီးမှတစ်ဆင့်ကောက်ခိုင်းကာ မပေးလျှင် အထက်လူကြီးတိုင်ပြီး လာရောက်ဖြေရှင်းခိုင်းမည်ဟုဆိုကာ ဆက်ကြေးအတွက်သတ်မှတ်ထားသည့်နှုန်းအတိုင်း မပေးမနေရဟုခြိမ်းခြောက်မှုရှိနေသည်။ “သူတို့ကောက်ရင်ကောက်တဲ့အတိုင်း တစ်သိန်းဆိုရင်လည်း တစ်သိန်း အဲလိုပေါ့ မပေးမနေရပေးရမယ်တဲ့ ကျွန်မတို့ဆိုမရှိဘူးလေ အရမ်းအခက်အခဲဖြစ်တယ် ကုန်စျေးနှုန်းတွေက စျေးကြီးရတဲ့ကြား အမျိုးမျိုးပဲ မပေးရင်…

ဧပြီလပထမပတ် ဆယ်ရက်အတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး (၁၂) ဦးသေဆုံး

ခမ်းသားငေါဝ်း ဧပြီ ၁၂၊ ၂၀၂၄ ​ဧပြီလပထမပတ် ဆယ်ရက်အတွင်း နိုင်ငံတစ်ဝန်း၌ စစ်ကောင်စီကြောင့် အမျိုးသမီးနှင့်ကလေးအပါအဝင်သေဆုံးသူ ၁၂ ဦးထိရှိကြောင်း AAPP ထုတ်ပြန်ချက်အရသိရသည်၊၊ ဧပြီ ၁ ရက်နေ့မှ ဧပြီ ၁၁ ရက်နေ့ထိအမျိုးသမီး (၁၂)သေဆုံးပြီး၊ (၁၈) နှစ်အောက်မိန်းကလေး (၂) ဦးပါဝင်ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောင့်ရေးအသင်း AAPP က ဧပြီလ ၁၁ ရက်နေ့တွင်…

စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်လာခြင်းကြောင့် ပင်စုံရွာ နေအိမ် ၁ လုံးမီးလောင်ပြာကျ

ခမ်းသားငေါဝ်း ဧပြီ ၁၂၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလက်နက် ကြီးပစ်ခတ်လာခြင်းကြောင့် ပင်စုံရွာ နေအိမ်တစ်လုံးမီးလောင်ပြာကျသွားခဲ့ရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ နန်းတုတ်ကျေးရွာအုပ်စု၊ပင်စုံရွာတွင် မတ်လ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လာခြင်းကြောင့် နေအိမ်ပျက်စီးခြင်း၊ နေအိမ်မီးလောင်ခြင်းများ ဖြစ်ပွားခဲ့ရသည်၊၊ “ဧပြီ ၁၀ ရက်က ရွာအရှေ့ဘက်ကို တစ်ရက်တည်း ၁၁ လုံးကျတယ်။ မနေ့ကလည်းတစ်နေကုန် ပစ်တယ်။ အိမ်တစ်ချို့လည်း…

ပင်လောင်းမြို့ပင်စုံရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပင်စုံရွာထဲသို့ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်လာခြင်းကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးသွားခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်းရွာခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊နန်တုတ်ကျေးရွာအုပ်စု ပင်စုံရွာတွင်ဧပြီလ ၁၀ ရက်နေ့ကစစ်ကောင်စီလက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်လာခြင်းကြောင့် ကလေးငယ်တစ်ဦး ထိမှန်သေဆုံးခဲ့ရသည်။ “အပြစ်မရှိတဲ့ငါတို့ရွာလေးပျက်တော့မှာလား ။ကလေးတစ်ယောက်လည်း သေရတယ်။ဘာမှမသိတဲ့အရွယ်လေးကိုကွာ စိတ်နာတယ်ကွာ လက်နက် ကြီးထိလို့ဆုံးရှာပြီ။”ဟု ရွာခံတစ်ဦးကပြောသည်။ ထိခိုက်သေဆုံးရသည့် ကလေးသည်…

ပစ္စည်းပြန်ယူသည့် စစ်ရှောင်လင်မယား PNO ပြည်သူ့ စစ် စစ်ကြောင်းနှင့်တိုး၍ မယားဖြစ်သူပစ်သတ်ခံရ

ခမ်းသားငေါဝ်း ဧပြီ ၁၁၊၂၀၂၄ နောင်သိမ်ရွာမှ စစ်ဘေးရှောင် လင်မယားနှစ်ဦး ရွာတွင်းပစ္စည်းပြန်ယူစဥ် စစ်ကောင်စီလက်အောက်ခံ PNO စစ်ကြောင်းနှင့်တိုး၍ မယားဖြစ်သူ ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နမ်းတဘက်ချောင်းအုပ်စု နောင်သိမ်ရွာတွင် ဧပြီလ ၁၀ ရက်နေ့ နံနက် ၆ နာရီအချိန်က စစ်ရှောင်လင်မယားက ပစ္စည်းပြန်ယူစဥ် PNO စစ်ကြောင်းနှင့်တိုး၍ မယားဖြစ်သူ အသက် ၃၇…

မိုင်းနင်းမိသည့် လွယ်ဝိုးတုတ်ရွာ အမျိုးသမီးတစ်ဦး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရ

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ မိုင်းနင်းမိခဲ့သည့် လွယ်ဝိုးတုတ်ရွာ အမျိုးသမီးတစ်ဦး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ရွာတွင် မတ်လ၂၉ ရက်နေ့က အမျိုးသမီးတစ်ဦး ခြံသွားစဉ်မိုင်းနင်းမိပြီးလျက်ရှိ စဝ်းစံထွန်းဆေးရုံသို့ ဆေးကုသနေလျှက်ရှိကြောင်း သိရသည်။ “သူတို့က အခက်ခဲရှိတော့ အလှူရှင်ကိုဘဲ မှီခိုပြီး ဆေးကုသနေရတယ်။ ခြံသွားလမ်းမှာ နင်းမိတာပါ “ဟု ရွာခံတစ်ဦးကပြောသည်။…

ဖယ်ခုံမြို့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ပြည်သူများပြန်လည်နေထိုင်ခြင်းမရှိသေး

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ ဖယ်ခုံမြို့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ပြည်သူများပြန်လည်နေထိုင်​ခြင်း မရှိသေးကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်မှ ဒရုန်းဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေသောကြောင့် ပြည်သူများပြန်လည်နေထိုင်ခွင့်မရှိသေးဘဲ မြို့ပျက်သဖွယ် ဖြစ်နေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးကဆိုသည်၊၊ ” အခုရက်ရက်ပိုင်းတော့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားတာတွေတော့မရှိဘူး၊ စစ်ကောင်စီဘက်ကလည်း တပ်ထဲကနေ အပြင်ထွက်တာ စစ်ကြောင်းထိုးတာ မရှိသေးဘူး၊ ဖယ်ခုံမြို့ကတော့…

ရှမ်းတောင်တိုက်ပွဲ (၇၇) ရက်အတွင်း အရပ်သား သေဆုံးသူ ၅၈ ဦးအထိရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၉ ၊ ၂၀၂၄ ရှမ်းတောင်တွင် တိုက်ပွဲဖြစ်ပွားသည့် (၇၇)ရက်အတွင်းအရပ်သားသေဆုံးသူ ၅၈ ဦးရှိပြီဖြစ် ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က ဧပြီလ ၈ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ယင်းသေဆုံးမှုတွင်အမျိုးသမီး ၃ ဦး ကလေး ၆ ဦး အမျိုးသား ၄၃ ဦး ကျားမအတည်မပြုနိုင်သူ ၆ ဦးပါဝင်ပြီး သေဆုံးမှုများသည်…