နောင်တဗင်ရွာတွင် PNO ပြည်သူ့စစ်က စစ်မှုထမ်းရန် မဲစနစ်ဖြင့်လုပ်သော်လည်း အများစုက ပေါက်မဲသာဖြစ်နေဟုဆို
ခမ်းသားငေါဝ်း ဧပြီ ၂၅၊၂၀၂၄ ဆီဆိုင်မြို့နယ် နောင်တဗင်ကျေးရွာတွင် စစ်မှုထမ်းဆင့်ခေါ်ရန် PNOပြည်သူ့စစ်က မဲနှိုက်စနစ်ပြုလုပ်သော်လည်းအများစုက ပေါက်မဲသာဖြစ်နေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်တဗင်ကျေးရွာတွင် ဧပြီလ ၂၄ ရက်နေ့၌ PNOပြည် သူ့စစ်အဖွဲ့မှလာရောက်ပြီး စစ်မှုထမ်းရန် မဲစနစ်ဖြင့် ၁၇၀ မဲပြုလုပ်ရာ သုံးပုံတွင် နှစ်ပုံကျော်က ပေါက်မဲများဖြစ်နေကြောင်းဆိုသည်။ “မဲ ၁၇၀ ကို အကုန်ပေါက်အောင်လုပ်တာဗျ အများစုပေါက်တယ်…