ဆီဆိုင်ဒေသခံများ နေရပ်ပြန်နေရန်စစ်ကောင်စီကပြန်ခေါ်ပေမယ့် အများစုကပြန်မနေရဲသေး
ခမ်းသားငေါဝ်း မေ ၂ ၊ ၂၀၂၄ တိုက်ပွဲ ငြိမ်နေပြီဖြစ်သည့် ဆီဆိုင်မြို့တွင် ဒေသခံများအား စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူးမှတဆင့်နေရပ်ပြန်ရန်ခေါ်နေပြီး ပြည်သူအများစုက မပြန်ရဲသေးကြောင့် ဆီဆိုင်မြို့ခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်မှ ပြန်လည်ထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သောကြောင့် ပြည်သူများမြို့ထဲပြန်လာနေရန် စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူးမှတဆင့် ပြန်ခေါ်နေကြောင်း သိရသည်။ “သူတို့ကတော့ ပြန်လာနေဖို့ခေါ်တာကြာပါပြီ ကျွန်မအနေနဲ့တော့…