Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

ကရင်နီပြည်တွင် တိုက်ပွဲ​ဖြစ်ပွားသည့်တစ်လ​အတွင်း အမျိုးသမီးနှင့်ကလေးငယ်အပါအဝင် ၁၅ ဦးသေဆုံး

ခမ်းသားငေါဝ်း မေ ၈၊၂၀၂၄ ကရင်နီ(ကယား)ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားသည့် ဧပြီလတစ်လအတွင်း အမျိုးသမီးနှင့်ကလေးင၊ယ်အပါ အဝင် ၁၅ ဦးသေဆုံးခဲ့ရကြောင်း KNDF ဗဟို ၏ ထုတ်ပြန်ချက်အရသိသည်။ သေဆုံးရသည့် အရပ်သားပြည်သူတို့သည် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်ကလေးငယ် ၅ ဦး ၊ လူကြီး ၅ ဦးနှင့် ဖမ်းဆီးသတ်ဖြတ်ခံရသူ အမျိုးသား ၃ ဦး ၊ အမျိုးသမီး…

ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာဒေသခံ ၉ ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီ ဖမ်းဆီးထားဟုဆို

ခမ်းသားငေါဝ်း မေ ၇၊ ၂၀၂၄ ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာ ဒေသခံ ၉ ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီကဖမ်းဆီးထားကြောင့် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ထီဗွာရွာတွင်မေလ ၆ ရက်နေ့ကဒေသခံ ၉ ဦးကို စစ်ကောင်စီက လူသားဒိုင်းကာ အဖြစ် ဖမ်းသွားခဲ့ကြောင်း PNLA ကထုတ်ပြန်ထား သည်။ “သူတို့က…

ရှမ်းတောင်တိုက်ပွဲ ၃ လ‌ ကျော် အတွင်း အဆောက် အဦး ခြောက်ရာကျော်ပျက်စီး

ခမ်းသားငေါဝ်း မေ ၇ ၊ ၂၀၂၄ ရှမ်းပြည်တောင်ပိုင်း တိုက်ပွဲသုံးလကျော်အတွင်းတွင် အဆောက်အအုံ ထိခိုက်ပျက်စီးမှုခြောက်ရာကျော်အထိရှိလာသည်ဟုပအိုဝ်းလူငယ်အစည်း အရုံး(PYO)က မေလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ရှမ်းပြည်တောင်ပိုင်းဆီဆိုင်၊ ညောင်ရွှေ ၊ဟိုပုံး၊ ပင်လောင်းရှိတိုက်ပွဲရက်ပေါင်း(၁၀၅)ရက်တာ ကာလအတွင်း အဆောက်အအုံ ၆၁၇ ခုပျက်စီးခဲ့သည်၊၊ “အိမ်ပျက်စီးသွားတဲ့သူတွေက…

စစ်ကောင်စီလေယာဥ်နှင့် ဗုံးကြဲသဖြင့် လူနေအိမ်နှင့်ဘုန်းကြီးကျောင်းပျက်စီးပြီး ဘုန်းကြီ ၁ ပါးထိခိုက်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း မေ ၇ ၊ ၂၀၂၄ စစ်ကောင်စီက လေယာဥ်နှင့်ဗုံးကြဲသောကြောင့် လူနေအိမ် ၁၅ လုံးနှင့် ဘုန်းကြီးကျောင်း ၁ လုံးပျက်စီးသွားပြီး ဘုန်းကြီး ၁ ပါးထိခိုက်ဒါဏ်ရာရရှိသွားကြောင်း ကေအဲန်ယူ ဗဟိုက မေလ ၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ စစ်ကောင်စီက ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်ထွီခရိုင်( ညောင်လေးပင်ခရိုင်)၊ မူး(မုန်း) မြို့နယ် ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများကို…

အောင်ပန်းမြို့တွင် အမျိုးသားတစ်ဦးကျောက်တောင်ပေါ်မှ မတော်တဆပြုတ်ကျ သေဆုံး

ခမ်းသားငေါဝ်း မေ ၇၊ ၂၀၂၄ အောင်ပန်းမြို့အနီး၊ ကျောက်ဆင့်ကျေးရွာ၌ အသက် ၇၆ နှစ်အရွယ်အမျိုးသားတစ်ဦး နွားစာရှာရာမှ ကျောက်တောင်ပေါ်က မတော်တဆ ပြုတ်ကျပြီးသေဆုံးသွားကြောင်းအောင်ပန်းနာရေးကူညီမှုအသင်းထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်မှီကျေးရွာအုပ်စု ကျောက်ဆင့်ရွာနေအသက် ၇၆ နှစ်အရွယ် ဦးသန်းသည် မေလ ၅ ရက်ကရွာမြောက်ဖက်အနီး ၁၈ ပေခန့်အမြင့်ရှိသော ကျောက်တောင်ပေါ် သို့တက်၍ နွားစားရှာရင်း ဒန့်တကူး ပန်းခူးခဲ့ရာ သစ်ကိုင်းကြိုးကျသွားပြီး…

ဇလဲ ကျေးရွာအုပ်စုအတွင်း PNO ပြည်သူ့စစ်အမိန့်ဖြင့် စစ်ကောင်စီထဲ စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူမှုပြုလုပ်နေ

ခမ်းသားငေါဝ်း မေလ ၇၊ ၂၀၂၄ PNO ပြည်သူ့စစ် (ခမ်းဗွေ) ဖြားဆရာခေါင် အမိန့်ဖြင့် စစ်ကောင်စီခေါ်သည့် စစ်မှုထမ်းရန် တောင်ကြီးမြောက်ဘက် ဇလဲကျေးရွာအုပ်စုအတွင်း တစ်ရွာ သုံးဦးအတင်းခေါ်ယူနေကြောင်း ဒေသခံများထံ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ဇလဲကျေးရွာအုပ်စုအတွင်း မေလ ၆ ရက်နေ့က အစည်းဝေး ခေါ်ယူ ကာ စစ်မှုထမ်းရန် တစ်ရွာလျှင် ၃ ဦး…

ရိက္ခာနှင့်မျိုးစေ့ပြန်ယူသည့် စစ်ဘေးရှောင်လင်မယား မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိ

ခမ်းသားငေါဝ်း မေ ၊ ၇၊ ၂၀၂၄ လုံးပျဉ်ရွာကဒေသခံ စစ်ဘေးရှောင်ရာမှ ရွာပြန်လာသည့် လင်မယား ၂ ဦး ရွာမရောက်ခင် ဝါးရုံတောတွင်ဆိုင်ကယ် မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံကဆိုသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ၊နန်းထာရွာသို့စစ်ဘေးရှောင်နေသည့် လုံးပျဉ်ရွာနေ ဦးခွန်ဘုန်းနှင့် နန်းခင်ထွေးတို့သည် မေလ ၅ ရက်နေ့ကအိမ်ပြန်လာစဉ် လမ်းပေါ်တွင် မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်၊၊ “သူတို့က ရိက္ခာတစ်ချို့နဲ့…

ဆီဆိုင်မြို့တွင် စစ်ကျန် လက်ပစ်ဗုံးထိမိ၍ပေါက်ကွဲပြီး သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း မေလ ၆၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ မြကန်သာရပ်ကွက်နေ နန်းရွဲနှင့် ၎င်း၏သားသည် မေလ ၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကျန် လက်ပစ်ဗုံးထိမိ၍ပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရပါသည်။ ဖြစ်စဥ်မှာ နန်းရွဲသည် လက်ဖက်ရည်ဆိုင်ဖွင့်ရန် သန့်ရှင်းရေးလုပ်နေစဥ် ဆိုင်ရှေ့ မြောင်းထဲရှိ စစ်ကျန် လက်ပစ်ဗုံးကို တုတ်နှင့်ကော်ထုတ်လိုက်မိသည့်အတွက် ပေါက်ကွဲမှုဖြစ်ပွားပြီး…

အကျဥ်းထောင်တွင် လိင်စိတ်ခံယူမှုကွဲပြားသူများ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုရှိနေဟုဆို

ခမ်းသားငေါဝ်း မေ ၄၊ ၂၀၂၄ မြန်မာနိုင်ငံရှိအကျဥ်းထောင်များထဲ၌ မတရားဖမ်းဆီးခံရသည့် လိင်စိတ်ခံယူမှုကွဲပြားသူ LGBTIQ များအား နှစ်ကြီးအကျဥ်းသားများ၏ လိင်ပိုင်းဆိုင်ရာစော်ကားခြင်း၊ အမြတ်ထုတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း အန္တရာယ်များနှင့်ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများကွန်ယှက် PPNM ထုတ်ပြန်ချက်တွင်ဆိုထားသည်။ လိင်စိတ်ခံယူမှုကွဲပြားသူများထဲတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅၀(ဈ)၊ပုဒ်မ ၅၁(ဂ)၊ပုဒ်မ၅၄၊ပုဒ်မ၁၇(၁)အပြင် အခြားလက်နက်ပုဒ်မများဖြင့် ထောင်ဒဏ်(၉၆)နှစ် အမိန့်ချမှတ်ခြင်းခံထားရသည့်…

စစ်ကောင်စီ လက်နက်ကြီးကျရောက်ထိမှန်သဖြင့် နောင်ဝိုးရွာ ဘုန်ကြီးကျောင်းပျက်စီး

ခမ်းသားငေါဝ်း မေ ၂ ၊ ၂၀၂၄ စစ်ကောင်စီလက်နက်ကြီးထိမှန်သဖြင့် နောင်ဝိုးရွာ ဘုန်းကြီးကျောင်း ပျက်စီးခဲ့ရကြောင်း ဒေသခံတစ်ဦးထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်ဝိုးရွာ ဘုန်းကြီးကျောင်းအား ဧပြီလအတွင်းတွင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ထိမှန်သဖြင့် ပျက်စီးခဲ့ရသည်။ “ပထမ တစ်ခေါက်က ထိပြီး နည်းနည်းဘဲပျက်စီးတယ်။ခုတစ်ခေါက်တော့ အများကြီးပျက်စီးသွားတယ်။ ဒီမနက်မှ ဖေ့ဘုတ်ပေါ် တွေ့တာ။ ပြတင်း ပေါက်မှန်တွေ၊ အမိုးတွေ…