ခမ်းသားငေါဝ်း စက်တင်ဘာ ၂၊ ၂၀၂၄ လားရှိုးမြို့ရပ်ကွက်(၃)ခုရှိအမှန်တစ်ကယ်အကူအညီလိုအပ်နေသည့်မိသားစု(၁၄၂)စုအားဆန်နှင့်ဆီများသွားရောက်လှူဒါန်းပေးခဲ့ကြောင်းစက်တင်ဘာလ(၁)ရက်နေ့တွင်MNDAAထုတ်ပြန်ချက်အရသိသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ခံများ၏အသက်မွေးဝမ်းကြောင်းပြန်လည်ထူထောင်ရေးနှင့် ရပ်ကွက်အသီးသီးရှိနေထိုင်သူများ၏အခြေခံဘဝအာမခံချက်ရရှိစေရန်အတွက် အမှန်တစ်ကယ်အကူအညီလိုအပ်နေသည့်မိသားစု(၁၄၂)စုအားဆန်နှင့်ဆီများသွားရောက်လှူဒါန်းပေးခဲ့သည်၊၊ ပြီးခဲ့သည့်ရက်ပိုင်းတွင် လားရှိုးမြို့ရှိသက်ဆိုင်ရာရပ်ကွက်တာဝန်ခံအသီးသီးမှ ရပ်ကွက်များတွင် တစ်အိမ်တက်တစ်အိမ်ဆင်းသွားရောက်ကြည့်ရှုသည့်လုပ်ငန်းစဥ်အတွင်း မိသားစုအချိူ့ထံ၌အရေးပေါ်အကူအညီများလိုအပ်နေသည်ကိုတွေ့ရှိရကြောင်းသိရသည်။ ထို့ကြောင့်သြဂုတ်လ(၃၁)ရက်နေ့တွင် MNDAA အဖွဲ့က လားရှိုးမြို့၏ရပ်ကွက်၄၊၅၊၆ရှိအလွန်ဒုက္ခရောက်နေသည့် မိသားစု(၁၄၂)စုထံသို့အစားအသောက်နှင့်အခြားကယ်ဆယ်ရေးပစ္စည်းများကို ပထမဆုံးအကြိမ်…