မြင်ကွင်းမရှင်းဘူးဟုဆိုပြီး ဒေသခံနေအိမ်များကို စစ်ကောင်စီမီးရှို့ဖျက်စီး
ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၄၊ ၂၀၂၅ လွိုင်ကော်မြို့နယ်ရှိ အောင်သပြေကုန်းကျေးရွာသည် ကျေးရွာတွင်းမြင်ကွင်းမရှင်းဘူးဟုဆိုကာ စစ်ကောင်စီတပ်က ဒေသခံနေအိမ်များကို မီးရှို့ဖျက်စီးခဲ့ကြောင်း ဇန်နဝါရီလ(၂၄)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ အောင်သပြေကုန်းရွာထဲတွင် စစ်ကောင်စီတပ်က စခန်းချနေထိုင်လျက်ရှိပြီး ၎င်းတို့မြင်ကွင်းအတွက်မရှင်းမလင်းဖြစ်သည့်နေအိမ်များကို မီးရှို့ဖျက်စီးနေကြောင်း…