Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

ဆီဆိုင်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က စစ်အသုံးစရိတ်အတွက် ငွေငါးသိန်းကောက်ခံဟုဆို

ခမ်းသားငေါဝ်း ဇွန် ၂၀၊ ၂၀၂၄ ဆီဆိုင်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က စစ်အသုံးစရိတ်အတွက် ငွေငါးသိန်းအတင်းအဓ္ဓမကောက်ခံခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ဆီဆိုင်ကြီး(ဝါးတော)ကျေးရွာတွင် စစ်ရှောင်ရာမှပြန်လာသည့် ပြည်သူများထံ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်မှ တစ်အိမ် ၅ သိန်းကျပ် စစ်စရိတ်ဆက်ကြေးကောက်ခဲ့ကြောင်းဆိုထားသည်။ “ဒါကတော့တော်တော်အောက်တန်းကျတဲ့လုပ်ရပ်ဖြစ်တယ်။ စစ်အာဏာရှင်ပြုတ်ကျမှ ဒီဒုက္ခကနေ လွှတ်မြှောက်မှာဖြစ်တယ်”ဟု ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော်PNLAမှ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကပြောသည်။…

စစ်ကောင်စီဒရုန်းနှင့်လာပစ်ခတ်ခြင်းကြောင့် လွယ်ကျိုင်းဘုန်းကြီးကျောင်းရှိ သံဃာတော်တစ်ပါးပျံလွန်တော်မူပြီး ပြည်သူ(၅)ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဇွန် ၂၀၊ ၂၀၂၄ စစ်ကောင်စီက ဇွန်လ ၁၉ ရက်နေ့ ၃ နာရီအချိန်တွင် ဒရုန်းနှင့်လာပစ်ခတ်ခြင်းကြောင့် လွယ်ကျိုင်းဘုန်းကြီးကျောင်းရှိ သံဃာတော်တစ်ပါးပျံလွန်တော်မူပြီး ပြည်သူ(၅)ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စုရှိ လွယ်ကျိုင်းရွာတွင် စစ်ကောင်စီက လွယ်ကျိုင်းဘုန်းကြီးကျောင်းတွင် ဒရုန်းလာပစ်ခတ်ခြင်းကြောင့် ဦးဇင်းအရှင်နေမိန္တ(လောဝ်ခမ်း) အသက် ၃၉ နှစ်ပျံလွန်တော်မူပြီး ပြည်သူ(၅)ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်၊၊ ”ဦးဇင်းရဲ့အလောင်းကို အရှေ့ဘက်ကမ်းလွယ်ပေါရွာမှာ…

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်သဖြင့် မူလတန်းကျောင်းသားနှစ်ဦးနှင့် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန် ၂၀၊ ၂၀၂၄ စစ်ကောင်စီ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် မိုးဦးရွာ မူလတန်းကျောင်းသားများဖြစ်သည့် မအေးနှင့် မောင်ဖိုးသောကြာတို့ ထိခိုက်ဒဏ်ရာရရှိသည့်အပြင် နမ်းဖာမူရွာနေ ဦးဒေါင့်လည်း ထိမှန်ဒဏ်ရာရရှိကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်နောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဖက် နမ်းဖာမူ၊ မိုးဦးရွာဘက်တစ်ကြောတွင်ဇွန်လ ၁၉ ရက်နေ့အချိန် စစ်ကောင်စီကရည်ရွယ်ချက်ရှိရှိ ကျေးရွာထဲ လက်နက်ကြီးပစ်ခတ်လာခြင်းကြောင့် ဒေသခံနှင့် ကျောင်းသားများထိခိုက်ဒဏ်ရာရရှိခဲ့သည်၊၊ “မိုးဦးကညနေ ၃ နာရီဝန်းကျင်မှာ…

စစ်ကောင်စီလက်နက်ကြီးကျပြီး ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန် ၁၉၊ ၂၀၂၄ စစ်ကောင်စီလက်နက်ကြီးကျပြီး ဆောင်လန်စစ်ရှောင်စခန်းရှိ ကလေးငယ်နှစ်ဦးနှင့် ဗန်းမောက်ရွာခံအမျိုးသမီးတစ်ဦး စုစုပေါင်းသုံးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ဗန်းမောက်ရွာနှင့် ဆောင်လန်ရွာတို့တွင် ယနေ့မနက်ပိုင်တွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်လာခြင်းကြောင့် စစ်ရှောင်ကလေးငယ်နှစ်ဦးနှင့် ရွာခံအပါအဝင်သုံးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “စစ်ရှောင်ကလေးငယ်တစ်ဦးက ပါးထိတယ်။ဒဏ်ရာကအရမ်းပြင်းနေတော့ သူအသက်ရှုကြပ်နေတယ်။ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်။နောက်ဗန်းမောက်ရွာခံတစ်ဦးကျ ခြေထောက်က လက်နက်ကြီးအစထုတ်မရဘူး…

တီကျစ်ဒေသ ဘုရားဖြူအုပ်စုတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့အပြိုင် ပြည်သူ့စစ်တပ်သားကောက်ယူ မှုပြုလုပ်နေ

ခမ်းသားငေါဝ်း ဇွန်လ ၁၈၊ ၂၀၂၃ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ဘုရားဖြူအုပ်စုတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့အပြိုင် ပြည်သူ့စစ်ကောက်ယူမှုကြောင့် ဒေသခံများအခက်ခဲဖြစ်နေရကြောင်း ဒေသခံထံတွင်သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ဒေသ ဘုရားဖြူအုပ်စုရှိ ကျေးရွာများတွင် စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က ပြည်သူများကိုအစည်းအဝေး ပြုလုပ်ပြီး တပ်သားအပြိုင် ကောက်ယူခဲ့ကြသည်။ ‘’ဗမာစစ်တပ်ဘက်လည်း သွားရမယ်။ ပြည်သူ့စစ်ဘက်ကလည်း သွာရမယ်ဆိုတော့…

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲပြင်းနေထန်ပြီး ဒေသခံများစွာပိတ်မိနေ

ခမ်းသားငေါဝ်း ဇွန် ၁၈၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း ဒေသခံများစွာပိတ်မိ နေကြောင်းဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နမ်းဖာမူ၊ နောင်ဝိုး ၊ဗန်းမောက် ၊ ကုန်းပေါ၊ လဲလောင်းရွာ အနီးတစ်ဝိုက်တွင် ယနေ့ မနက်ပိုင်းက စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးအင်အားစုတပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။ “မနေ့ကလက်နက်ကြီးဘဲပစ်တာ ဒီနေကျတစ်နေကုန် တိုက်နေကြတယ်။ မထွက်နိုင်တဲ့လူလည်းအများကြီးရှိတယ်။…

ညိုးမှီးဂိတ်တွင် ယာဥ်လိုင်စင်အကြောင်းပြပြီး VPNစစ်ဆေးမှုပြုလုပ်ကာ ငွေညစ်တောင်းယူနေ

ခမ်းသားငေါဝ်း ဇွန် ၁၈၊ ၂၀၂၄ တောင်ကြီးမြို့တောင်ဘက်ရှိ ညိုးမှီးဂိတ်တွင် ယာဥ်လိုင်စင်၊ ယာဥ်မောင်းလိုင်စင်အကြောင်းပြပြီး VPNစစ်ဆေးမှုပြုလုပ်ကာ ငွေညစ်တောင်းယူမှုရှိနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူတစ်ဦးပြောဆိုချက်အရ ဇွန်လ(၁၈)ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တောင်ဘက်ရှိ ညိုးမှီးလမ်းဆုံဂိတ်တွင် စစ်ကောင်စီတပ်က ခရီးသွားပြည်သူထံ ယာဥ်လိုင်စင်၊ ယာဥ်မောင်းလိုင်စင်အကြောင်းပြပြီး ဖုန်းထဲ၌ VPN စစ်ဆေးမှုပြုလုပ်ပြီးနောက် ဖုန်းထဲတွင် VPN တွေ့သဖြင့် ငွေတစ်သိန်း ခြောက်သောင်း ဒဏ်ငွေပေးဆောင်ခဲ့ရသည်။ “ကျွန်တော်တို့အဲ့ဂိတ်နားရောက်တော့…

ဟင်းသီးဟင်းရွက်ရှာစဥ် မြေမြုပ်မိုင်းနင်းမိ၍ အမျိုးသမီး ၁ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန် ၁၈၊ ၂၀၂၄ မန်တုံမြို့နယ်၊ မန်တောက်ကျေးရွာတွင် ဇွန်လ ၁၇ ရက်နေ့၌ အမျိုးသမီး ၁ ဦး ဟင်းသီးဟင်းရွက်ရှာစဥ်မြေမြုပ်မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း TNLA ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် မန်တောက်ကျေးရွာရှိ အသက် ၃၄ နှစ်အရွယ် ယာအီဆေးဆိုသူသည် စစ်ကောင်စီတပ်စခန်းဟောင်းဖြစ်သည့် (၁၃၀) တပ်စခန်းနေရာအနီးတွင် ဟင်းသီးဟင်းရွက်ရှာနေစဥ် မြေမြုပ်နိုင်းနင်းမိ၍ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်းသိရသည်။…

ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့ ဒေသခံကားများကို ချောဆွဲမှုရှိနေ

ခမ်းသားငေါဝ်း ဇွန် ၁၇၊ ၂၀၂၄ ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က ဒေသခံကားများကို ချောဆွဲပြီး တိုက်ပွဲဖြစ်ပွားနေသည့် ဒေသနှင့် ရှမ်း-ကယား နယ်စပ်တို့တွင် ခေါ်သွားကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် ဒေသခံများ စစ်ရှောင်ရာကနေမှပြန်လာပြီးနောက်စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဒေသခံများကားကို ချောဆွဲပြီး တိုက်ပွဲဖြစ်နေသည့် ရှမ်းကယားနယ်စပ်ဒေသသို့ ပို့ဆောင်ရန် ခေါ်ဆောင်သွားခြင်းများရှိနေကြောင်း သိရသည်။…

နီပွန်ဖောင်ဒေးရှင်းမှတဆင့် စစ်ဘေးရှောင်အတွက် လှူဒါန်းသည့်ဆန်များ ဆီဆိုင်စစ်ဘေးရှောင်များ မရရှိ

ခမ်းသားငေါဝ်း ဇွန်လ ၁၆၊ ၂၀၂၄ ဆီဆိုင်မြို့တိုက်ပွဲကြောင့် အနယ်နယ်အရပ်ရပ်သို့ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှု ဖြင့် နီပွန်ဖောင်ဒေးရှင်းက ထောက်ပံ့ကူညီခဲ့သော်လည်း ဆီဆိုင်မြို့ဒေသခံ အများစု မရရှိခဲ့ကြောင်း ဒေသခံများ ထံသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် ဖြားခွန်ဥက္ကာ ဦးဆောင်ပြီး နီပွန်ဖောင်ဒေးရှင်းမှ ဆန်အိတ်(၃၃၀၀) ကို ရှမ်းတောင်ရှိစစ်ဘေးရှောင်ပြည်သူများ လှူဒါန်းခဲ့ကြောင်း သတင်းများထွက်ရှိသော်လည်း မြေပြင်စစ်ရှောင်များထံ ရောက်ရှိခြင်းမရှိကြောင်းသိရသည်။…